အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

07 August, 2014

ဧရာဝတီမြစ်ရေကြီးမှုကြောင့် ကျွန်စွန်းဆိပ်တွင်နေထိုင်သော ပျံကျလုပ်သားတို့ ရေပေါ်အိမ်းများဖြင့် အခက်အခဲတွေ့

မန္တလေးမြို့ ကျွဲစွန်းဆိပ်သည် (၂၂) လမ်းထိပ်တွင်တည်ရှိသောဧရာဝတီမြစ် ဆိပ်ကမ်းတစ်ခုဖြစ်ပြီး ရိုးရာ ကူးတို့လုပ်ငန်း၊ ဝါးထင်းလုပ်ငန်းတို့ဖြင့် စည်ကားသော ဆိပ်ကမ်းတစ်ခု ပင်ဖြစ်သည်။ ယင်းဆိပ်တွင် ဝါးဖောင်များ အဓိကဆိုက်ကပ်ပြီး နယ်စုံမှပျံကျလုပ်သားများစွာ နေထိုင်ကြသည်။

ဆိပ်ကမ်းလုပ်သားများသည် အိမ်ငှားရမ်းခ ဈေးနှုန်းကြီးမြင့်သည့် အတွက် ဆိပ်ကမ်းအနီး
တာပေါင်ဘေးတွင် ယာယီတဲများဖြင့် မိသားစုများဖြစ်သလို နေထိုင်လုပ်ကိုင်ကြရသည်။ နွေရာသီအတွက် ယာယီတဲများမှာ ပြဿနာမရှိသော်လည်း ဧရာဝတီမြစ်ရေတိုးသည့် ယခုကဲ့သို့ကာလတွင် ပျံကျလုပ်သားများ အတွက် အခက်အခဲတွေ့သောကာလပင်ဖြစ်သည်။ အများစုမှာရေပေါ်တဲအိမ်များကို ဝါးဖောင်ခံကာ ပြုလုပ်ပြီး ရေပေါ်တွင်နေထိုင်ကြသည်။ ဝါးဖောင်အိမ်ပြုလုပ်မှုတွင် ဝါးဖိုးဈေးနှုန်းကြီးမြင့်သည့်အတွက် လူတိုင်းရေပေါ် အိမ်မဆောက်နိုင်ကြပေ။ အချို့သော ရေပေါ်အိမ်ဆောက် နေထိုင်သူများသည် ဝါးခိုစေရန် ငါးဈေးတန်းမှ ဖော့ပုံးအစုတ်များကို လိုက်ကောက်ကာ ပီနံအိတ်အတွင်း ထည့်၍ အောက်ခံပြုလုပ်ကာ ဖော့ခံဖောင်ဖြင့် ရေပေါ်အိမ်တည်ဆောက်နေထိုင် လုပ်ကိုင်လျက်ရှိကြသည်။

ရေပေါ်အိမ်တစ်လုံး တည်ဆောက်ရန် အနည်းဆုံး ငွေတစ်သိန်းကျော် ကုန်ကျကြောင်းသိရသည်။ ရေပေါ် အိမ်စရိတ် မတတ်နိုင်သူတို့မှာ နီးစပ်ရာကမ်းတွင် မိုးကာများမိုးကာဖြစ်သလို နေထိုင်ကြရသည်။
ယခုအခါ ရေပေါ်အိမ်အများစုသည် ရေတိုးလာသဖြင့် ကမ်းနားအထိရောက်ကာ ပြွတ်သိပ်ကျပ်လျက်ရှိသည်။ မန္တလေးမြို့ ကျွဲစွန်းဆိပ်ကမ်းရှိ ပျံကျလုပ်သားများမှာ ဖြစ်သလိုနေထိုင်စားသောက်လုပ်ကိုင်ကာဧရာဝတီမြစ်ရေ တိုးမှုကြောင့်အခက်အခဲဖြစ်လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...