အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

28 July, 2014

နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆုအတွက် လျှောက်လွှာများစတင်ခေါ်ယူ

ရန်ကုန်- နိုင်ငံတော်သမ္မတ၏ ပ ညာတော်သင်ဆုအတွက်ပထမ ဆုံးအကြိမ်အဖြစ်လျှောက်လွှာ များကို ဇူလိုင်လ ၂၈ရက်ထုတ်နိုင် ငံပိုင်သတင်းစာများမှတစ်ဆင့် စ တင်ခေါ်ယူနေသည်။
သမ္မတ၏ ပညာတော်သင် ဆုကို ဘွဲ့လွန်တန်းနှင့် ဘွဲ့ကြို တန်းနှစ်မျိုးသတ်မှတ်ပြီးစတင် ခေါ်ယူခြင်းဖြစ်သည်။
ပညာသင်ဆုပေးရခြင်းမှာ နိုင်ငံတော်ဖွံ့ဖြိုးရေး၊ တည် ဆောက်ရေးလုပ်ငန်းများတွင် ပူး ပေါင်းပါဝင်နိုင်သည့် နိုင်ငံတကာ အဆင့်မီပညာတတ်လူငယ်များ မွေးထုတ်ပေးရန် ထူးချွန်သောမြန်
မာလူငယ်များအတွက် ရေရှည်အ ကျိုးရှိမည့်လက်တွေ့ကျသော ပ ညာရေးအခွင့်အလမ်းရရှိရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တွင် လိုအပ်သောပညာရပ်များကို  နိုင်ငံတကာတက္ကသိုလ်များတွင် သင်ကြားခွင့်ရရှိစေရန်ရည်ရွယ် သည်ဟုဖော်ပြထားသည်။
သမ္မတ၏ ပညာတော်သင် ဆု ဘွဲ့လွန်သင်တန်းတွင် မဟာ တန်းနှင့် ပါရဂူတန်းနှစ်မျိုးရှိပြီး မ ဟာတန်းတက်ရောက်မည့်သူများ  လျှောက်ထားရာတွင်တက္ကသိုလ် မှ ဂုဏ်ထူးတန်း၊ မဟာအရည်အ ချင်းစစ်သင်တန်း၊ ဘွဲ့လွန်ဒီပလို မာတန်းအောင်မြင်ပြီး မဟာတန်း တက်ရောက်ရန်အတွက်အဆင့်မီ သူဖြစ်ရမည်။ ပါရဂူတန်းအတွက် မဟာတန်းအောင်မြင်ပြီးသူ(သို့) မဟာတန်းသုတေသနဘွဲ့ရရှိပြီး သူဖြစ်ရမည်ဟုသတ်မှတ်ထား သည်။
ဘွဲ့ကြိုတန်းလျှောက်ထား မည့်သူများအနေဖြင့် တက္ကသိုလ် ၀င်စာမေးပွဲတွင် ရမှတ် ငါးရာနှင့် အထက်ရှိသူများ၊ GCE-ALevel အောင်မြင်ပြီးသူများ၊ နိုင်ငံတကာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတစ်ခု ခုအောင်မြင်ပြီးသူများလျှောက် ထားနိုင်မည်ဖြစ်သည်ဟု သတ် မှတ်ထားသည်။
ပညာတော်သင်စေလွှတ်ခံရ ပြီး နိုင်ငံခြားမှ ဘွဲ့ရရှိပြီး ပြန်လာ သောအခါနိုင်ငံတော်မှ ပေးအပ် သောအလုပ်ကို ပညာသင်ကာလ ၏ နှစ်ဆတိုင်အောင်တာဝန်ထမ်း ဆောင်ရမည်ဟု စာချုပ်ချုပ်ဆိုရ မည်ဖြစ်ပြီး ယင်းသို့မထမ်းဆောင် နိုင်ပါက ကုန်ကျခဲ့သောပညာ တော်သင်စရိတ်၏ သုံးဆကိုပေး လျော်ရမည်ဖြစ်သည်။
လျှောက်ထားသူများသည် အိမ်ထောင်မရှိသူ လူပျို၊ အပျိုဖြစ် ရမည်ဖြစ်ပြီး ၀န်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြု ချက်ပါရှိရမည်ဟုသတ်မှတ်ထား သည်။
‘‘ဒီလို ပညာတော်သင်အစီ အစဉ်တွေကကောင်းပါတယ်။ ဒါ ပေမဲ့ ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ ပညာရေးအတွက် လက်ရှိအနေ အထားက မလုံလောက်သေးပါ ဘူး။ ဒါတွေကိုလည်း ဖြည့်ဆည်း ပေးဖို့လိုအပ်ပါသေးတယ်’’ဟု ပ ညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNRE) အဖွဲ့ဝင် ဦးဇော်မျိုးလှိုင်ကပြော သည်။
ယင်းသို့ ပညာတော်သင်စေ လွှတ်ရာတွင် ယခင်ကရှိသောမူဝါ ဒများကိုပြောင်းလဲပြီးဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ယခင်ကမူဝါ ဒများတွင်ကန့်သတ်မှုများနေပြီး ၀န်ထမ်းများလျှောက်ထားမည်ဆို ပါက အကြောင်းအမျိုးမျိုးကြောင့် သင်ကြားခွင့်မရအောင် ကန့်သတ် မှုများရှိနေခဲ့သည်ဟု NNREအဖွဲ့ ၀င်တစ်ဦးဖြစ်သူ ဒေါက်တာအာ ကာမိုးသူကဆိုသည်။
‘‘နောက်ပြီး ပညာသင်စေ လွှတ်မယ့်နိုင်ငံက ဘယ်လိုနိုင်ငံ ဆိုတာလိုသေးတယ်။ ၂၀၀၇  လောက်က ရုရှားကို ဆရာတွေ ပ ညာတော်သင်လွှတ်တာရှိတယ်။ ဒီနိုင်ငံပြန်ရောက်တော့ သူသင်လာတဲ့ ပညာတွေကိုအသုံးချလို့ မရဘူး။ အဲဒီအချက်တွေကိုလည်း ထည့်ပြီးစဉ်းစားစေချင်တယ်’’ဟု ဦးဇော်မျိုးလှိုင်ကသုံးသပ်သည်။
လက်ရှိတွင် သမ္မတပညာ တော်သင်လျှောက်ထားရာတွင် သြဂုတ်လ ၃၁ရက်နောက်ဆုံးထားရမည်ဖြစ်ပြီး မည်သည့်နိုင်ငံ သို့စေလွှတ်မည်၊ ဦးရေမည်မျှစေ လွှတ်မည်ဟူသောအချက်ကိုမူ ထည့်သွင်းကြေညာခြင်းမရှိသေး ချေ။ နိုင်ငံတော်မှာ ထူးချွန် ကျောင်းသားများကို ပညာတော် သင်စေလွှတ်ရာတွင် မည်သည့် နိုင်ငံကိုစေလွှတ်မည်နည်း၊ ၎င်း တို့ ပြန်လည်ရောက်ရှိလာပါက မည်သည့်နေရာများတွင်အသုံးချ ၍ ရနိုင်မည်နည်းစသည့်အချက် များကို စနစ်တကျစီစဉ်ပြီးဆောင် ရွက်သင့်သည်ဟု ဦးဇော်မျိုးလှိုင် ကပြောသည်။

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...