အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

25 July, 2014

ဗီယက်နမ် မင်းကုသနဲ့ ပပဝတီ

                                       ဓာတ်ပုံ- မန်နေဂျာ အွန်လိုင်း
အွန်လိုင်းမှာ လူကြည့်များတဲ့  ဗီယက်နမ်နိုင်ငံက မင်္ဂလာပွဲ တခုပါ။ ထူးခြားတာက သတို့သားက ကိုရုပ်ဆိုးဖြစ်နေပြီး သတို့သမီး က ချောမောလှပတဲ့ မိန်းကလေး ဖြစ်နေတာပါဘဲ။ ပြောရရင် ဗီယက်နမ်က မင်းကုသနဲ့ ပပဝတီ ဇာတ်လမ်း။ 
ဒီလို ချောမောလှပတဲ့ မိန်းကလေးက ရုပ်ဆိုးနေတဲ့သတို့သားကို ချစ်ခြင်းနဲ့ အတူ နားလည်မှု၊ မြတ်နိုးမှု၊ တန်ဘိုးထားမှု စတဲ့ ကိစ္စတွေနဲ့ ဘ၀လက်တွဲဖော်အဖြစ် ရုပ်ဆိုးနေတဲ့ ချစ်သူကို လက်ထပ်လိုက်ခြင်းပါဘဲ။ 
အချစ်မှာ မျက်စေ့မရှိလို့ မြန်မာစကားပုံရှိတဲ့ အတိုင်း တချို့က သတို့သမီးချောချောလေးကို မျက်စေ့မရှိလို့
ဒီလို ကိုရုပ်ဆိုးကို လက်ထပ်တယ်လို့ မြင်ကောင်းမြင်နိုင်ပါလိမ့်မယ်။ တကယ်တော့ မဟုတ်ပါဘူးတဲ့။ 

သူ့အနေနဲ့ သူ့ချစ်သူကို တသက်တာ လက်တွဲဖော်အဖြစ် ရင်ထဲက နှစ်နှစ်ကာကာရှိလို့သာ ဖြစ်ပြီး ရုပ်ဆိုး တာက သူ တို့ ဘ၀ လက်တွဲဖော်ဖြစ်ရေး လက်ထပ်ပေါင်းသင်းတာကို မပျက်စီးသွားစေဘူးလို့ ဆိုထားပါ တယ်။ 

တချို့ကလည်း အလှတရားဆိုတာ အရေးပြား တထောက်စာပဲ ရှိတာလို့ဆိုတော့ သတို့သားရဲ့ နှလုံးသား အလှ တရား ကို သတို့သမီးက လက်ခံအသိအမှတ်ပြုတာပဲ ဖြစ်ပါလိမ့်မယ်လို့ ဆိုကြတယ်။  

ထုံးစံအတိုင်း လူတချို့က သူ့ကို ငွေကြောင့်လား၊ အချစ်ကြောင့်လားလို့ မေးခွန်းတွေလည်း ထုတ်ကြပါ တယ်တဲ့။ 

ဒါကလည်း ကိုရုပ်ဆိုးက ငွေကြေးကလည်း ချမ်းသာသူဖြစ်နေလို့ အခုလို ချောမောလှပတဲ့ ဒုတိယနှစ် တက္ကသိုလ်ကျောင်းသူ သတို့သမီးကို မေးခွန်းထုတ်ကြတာလည်း ဖြစ်ပါလိမ့်မယ်။ 

 ဗီယက်နမ်သတို့သမီး ငုယင် သူဟျန်ဟာ အရင်ကတည်းက ငွေရောအချစ်ရော ပြည့်စုံတဲ့သူနဲ့ လက်ထပ် မှာဖြစ်တယ်လို့ ဆုံးဖြတ်ထားခဲ့တဲ့အကြောင်း ပြောထားတာကို မန်နေဂျာ အွန်လိုင်းသတင်းတပုဒ်မှာ တွေ့ ရပါ တယ်။ 

တဖက်က သတို့သမီးဟာ ကျောင်းလည်း မပြီးသေးပါဘူး။ ဒီကိစ္စကြောင့် ကံမကောင်းရင် ဗီယက်နမ်မှာ အဖမ်းတောင် ခံရနိုင်တဲ့ကိစ္စပါ။ 

ကာယကံရှင် သတို့သမီးကတော့ သူ့အတွက် အချစ်နဲ့ ငွေ ၂ ခုလုံးနဲ့ ပြည့်စုံတဲ့အတွက် လက်ထပ်ခဲ့ တာဖြစ်ပြီး ဒါဟာ ဖြစ်ခဲ ရခဲတဲ့ အခွင့်အရေးတခုလို့ပြောထားပါတယ်တဲ့။ 

သတို့သား ကိုရုပ်ဆိုးအဖြစ်ကလည်း တကယ်တော့ သနားစရာပါဘဲ။ 

သူကမွေးရာပါ ရုပ်ဆိုးတာတော့ မဟုတ်ပါဘူး။ ငယ်စဉ်က ဒုတိယ ကမ္ဘာစစ်ကျန် ဗုံးအဟောင်းတခု ပေါက် ကွဲစဉ် ခပ်ဝေးဝေးမှာ ရှိနေတာကြောင့် ကံကောင်း ထောက်မစွာ အသက် မသေပဲ မျက်နှာနဲ့ ကိုယ်ခန္ဓာမှာ အရေပြားတွေ ပျက်ဆီးသွားခဲ့တာလို့ ဆိုပါတယ်။ 

သူတို့ ၂ ဦးက တော့ တဦးကို တဦး အရမ်းချစ်ကြတယ်လို့ သတင်းတွေမှာ ရေးကြပါတယ်။ 

ဧရာဝတီ ပရိသတ်လည်း အခု ပို့စ်နဲ့ ဆက်နွယ်ပြီး အိမ်ထောင်တခု တည်ဆောက်တယ်ဆိုတာ ငွေ သို့မဟုတ် အချစ် တွေ ဘယ်လောက် ပတ်သက်နေ လဲ ဆိုတဲ့ ကိုယ်ပိုင် အမြင်တွေကို ဆွေးနွေးကြည့်နိုင် ပါလိမ့်မယ်။









အိမ့်သံစဉ် ~

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...