အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

05 May, 2014

တံတားကြီးအား မြင်နေပါလျက် တံတားတက်လမ်း ရှာမရ


ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိဧရာဝတီမြစ်ကူးန၀ဒေးတံတားကြီးမှာဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ သာမက ဧရာဝတီမြစ် အနောက်ခြမ်း ဒေသများအတွက်ထက်၊အောက် ကုန်စည်စီးဆင်းမှုနှင့် မိသားစု အလည်အပတ် ဘုရားစုံဖူးခရီးစဉ်များအား အချိန်တို အတွင်း အဆင်ပြေပြေ သွားလာနိုင်သောဒေသကြီးတစ်ခုလုံးအတွကအရေးပါလှသည့်တံတားတစ်စင်းဖြစ်သည်။ရန်ကုန်ဘက်မှ
 ပြည်မြို့သို့ လာရောက်ကြသော ယာဉ်ငယ်များ သည် န၀ဒေးတံတားအောက်မှ ဖြတ်ကာပြည်မြို့ တွင်းသို့ ဝင်ရောက်ကြသည်။

မြို့တွင်းမှ ဘုရားစုံဖူးအလည်အပတ်ခရီးစဉ်ပြီးဆုံး၍ န၀ဒေး တံတားကြီး ကို ဖြတ်ကာ ငပလီကမ်းခြေ၊ ဇလွန်ပြည် တော်ပြန်ဘုရား စသည်တို့နှင့် အနောက်ခြမ်းရှိဘုရားပုထိုးများ ဖူးရန်အတွက်ကား န၀ဒေးတတံ မလွဲမသွေဖြတ် သန်းရသည်။သို့သော်လည်း တံတားကြီးကိုမြင်နေရပါလျက် တံတားလမ်းညွှန်ဆိုင်းဘုတ်များမှာ မြို့အဝင် လမ်းခွဲတွင်လည်းကောင်း၊ မြို့တွင်းအထွက် လမ်းများတွင် လည်းကောင်း ချိတ်ဆွဲ စိုက်ထူထားခြင်း မရှိသည့် အတွက် တံတားပေါ်သို့ တက်ရောက်ရန် လမ်းစရှာမရဖြစ်ကာ “ဟိုမေးဒီစမ်း” နှင့်ခရီးသွားလာသူများ စိတ် အနှောင့်အယှက်ဖြစ်ကာ အချိန်ကုန်လူပန်းဖြစ်ကြရသည်။

သို့ပါ၍ ရန်ကုန်ဘက်မှ လာသောခရီးသွား ယာဉ်ငယ် များ မြင်သာစေရေး အတွက် ပြည်မြို့အဝင် မိချောင်းရဲရွာ နဝေဒးတံတားတက်ရန် လမ်းထိပ်နှင့် လည်းကောင်း၊ပြည်မြို့တွင်းမှ န၀ဒေးတံတားသို့ တက်ရာလမ်းကြောင်း တိုင်းတွင် တံတားလမ်းညွှန်ဆိုင်းဘုတ်များအား ယာဉ်မောင်း သူများမြင်သာအောင် ချိတ်ဆွဲစိုက်ထူပေးပါမှ တံတားကြီး အား မြင်နေရပါ လျက် တံတားတက်လမ်းရှာမရဖြစ်နေ သောယာဉ်မောင်းသူများဒုက္ခ၊ ခရီးကြန့်ကြာမှု ကိစ္စများ ကင်းဝေးသွားမည်ဖြစ်ပေသည်။

အောင်(ဓာတုဗေဒ)
MOI Webportal Myanmar

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...