အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

19 March, 2014

သရက်ချောင်းမြို့နယ်တွင် ထူးခြားဖြစ်စဉ် မြွေ နှင့် နာနတ်ပင်


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ပေါ်ရှိ သရက်ချောင်းကျောင်းကြီး၊ ဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံ အောက်ထပ် တွင်ရှိသော ဘုရားအနီးတွင် စပါးအုံမြွေကြီးတစ်ကောင် တွေ့ရပြီး ယင်း ကျောင်းဝင်းအတွင်း တစ်ခြားထူးဆန်းမှုတစ်ခုမှာ နာနတ်ပင်တစ်ပင်သည် နာနတ်ဖူး (၅၅)ဖူးခန့် ထွက်ရှိကာ ၄င်း ကျောင်းဝင်းအတွင်းရှိ ခြံထဲတွင် ပေါက်ရောက်နေကြောင်းကို လည်းတွေ့ ရှိရပါသည်။
ဖြစ်စဉ်မှာ ၄င်း စပါးအုံမြွေကြီးသည် တပေါင်းလပြည့်နေ့မတိုင်ခင် တစ်နေ့တွင် ကျောင်းဝင်း အနီးလမ်းပေါ်၌ သွားလာ လှုပ်ရှားနေသည် ကို တွေ့ရသဖြင့် ဘေးကင်းသည့်နေရာသို့ သွားရောက်ရန် မောင်းထုတ် ခဲ့ကြပြီး ချုံဘုတ် တစ်ခုထဲသို့ ၀င်သွားကာ ပျောက်ကွယ် သွားပြီးနောက် နောက်တစ်နေ့ တပေါင်းလပြည်နေ့ နံနက် (၄း၃၀) နာရီ အချိန်ခန့်တွင် ကျောင်းတော် အတွင်းရှိ ဓမ္မာရုံ၌ သံဃာတော်များ မေတ္တာပို့ အမျှဝေနေကြပြီး ဘုရားဝတ်ပြု နေစဉ်တွင် ၄င်း မြွေသည် သံဃာတော် များအကြား လာရောက်ရစ်ပတ် နေပြီးနောက် ဘုရားကိုယ်ပေါ်သို့ တက်သွားပြီး ဘုရားကိုယ်ပေါ်တွင် ဆက်လက်ရစ်ပတ်ကြောင်း သိရှိရပါသည်။
၎င်း တပေါင်းလပြည့်နေ့ မတိုင်ခင်ရက်များ အတွင်းမှာ မကြုံစဖူး ပေါက်ရောက်နေသည့် နာနတ်ပင် တစ်ပင်သည် နာနတ်ဖုးအသေး (၅၅)ဖူးခန့် ထွက်ရှိနေကြောင်း ကျောင်းထိုင်ဆရာတော် ကမြွတ်ကြား ခဲ့ပါသည်။ လာရောက်ကြည့်ရှု သူများကလည်း ၄င်းဖြစ်စဉ်မှာ ထူးခြားမှု တစ်ခုဖြစ်ကြောင်း မှတ်ချက်ပေး ကြပါသည်။
ထို တပေါင်းလပြည့်နေ့တွင် တပ်မတော် တပ်ရင်းတစ်ခု၏ အလှူပြု လုပ်သည့် နေ့လည်းဖြစ်ကြောင်း သိရှိရပါ သည်။ ယခုအချိန်တွင် ယင်းဘုန်းတော်ကြီးကျောင်းသို့ ၄င်းဖြစ်စဉ်အား လာရောက်ကြည့်ရှု သူများပြား နေကြောင်း သတင်းရရှိပါသည်။
MOI Webportal
 Digital Life Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...