အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

03 January, 2014

အကယ်ဒမီဆုရှင် ပြေတီဦးနဲ့ဖွေးဖွေး တို့ရဲ့အလှူ



၂၀၁၂ ခုနှစ်အတွက် `လက်ပံ´ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ရရှိခဲ့တဲ့ ပြေတီဦး နဲ့ ဖွေးဖွေး တို့က
အကယ်ဒမီအလှူအဖြစ် ဇန်န၀ါရီ ၂ ရက်နေ့၊ နေ့လယ် ၂ နာရီက Park Royal ဟိုတယ်မှပြုလုပ်ခဲ့ပါတယ်။ အလှူအဖြစ် ရုပ်ရှင်သက်ကြီးရန်ပုံငွေအတွက်
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ၊ နာရေးကူညီမှုအသင်း (ရန်ကုန်)၊ ဆည်းဆာရိပ် ဂီလာနဘိုးဘွားရိပ်သာ၊ သုခရိပ်မြုံ၊ အမျိုးသမီးအတတ်သင်ကျောင်း ၊ ၀ိဿခါသီလရှင်
အမျိုးသမီးစာသင်ကျောင်း ၊ မေရီချက်မင်းကလေးများစာသင်ကျောင်း၊ ထိန်လင်း အခမဲ့ဆေးခန်း၊ လက်ပံ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရာတွင် ပါဝင်ခဲ့ကြတဲ့
စက်မှုလုပ်သားများအဖွဲ့ ၊ ပြေတီဦးဖောင်ဒေးရှင်း၊ ပုဂ္ဂလိက စာနယ်ဇင်းများနာမကျန်း ရန်ပုံငွေအဖွဲ့ စုစုပေါင်း ၁၁ ဖွဲ့ကို ငွေကျပ် (၁၀) သိန်းစီ အသီးသီးလှူဒါန်းခဲ့ပါတယ်။

မေမွန်မောင်
ဓာတ်ပုံ - အိသွဲ့(တန့်ယန်း)

 https://www.facebook.com/photo.php?fbid=520559181375251&set=pcb



အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...