အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

26 September, 2013

သီတင်းကျွတ်မှာ သီချင်းခွေ ထွက်တော့မယ့် နေတိုး

ငယ်ငယ် ကတည်းက ကြိုက်ခဲ့တဲ့၊ ရိုက်ချင်ခဲ့တဲ့ ဇာတ်လမ်း ပုံစံမျိုး လို့ ပြောပြတဲ့ နေတိုးက "အနူးပစ်" ရုပ်ရှင်ဇာတ် ကားနဲ့ ပတ်သက်ပြီး ပရိသတ်တွေ လူတန်းစား မျိုးစုံကို ကိုယ်စား ပြုချင်တယ် လို့ ပြောပြပါတယ်။

သရုပ်ဆောင် အပြင် သီချင်း တွေပါ ဆိုလေ့ရှိတဲ့ နေတိုးက သီချင်းခွေ ကို သီတင်းကျွတ်ပြီး တာနဲ့ ထွက်ဖို့ အတွက် စီစဉ်နေ တယ် လို့လည်း သိရပါ တယ်။

သီချင်းခွေ အတွက် နေတိုးက "သီချင်းခွေက သီချင်းတွေ အကုန်လုံး အသံ သွင်း ပြီးသွားပြီ။ Mixing လုပ်နေတာ။ အတွဲက နှစ်ပုဒ်နဲ့ ကျွန်တော် ငါးပုဒ်ပေါ့။ သီချင်းတွေ အကုန်လုံးက ကျွန်တော် ဆိုဖူးတဲ့ သီချင်းတွေ ထည့်ထားတာ။ ဇာတ်ဝင်တေး တွေရောပေါ့။ သီချင်းခွေ Title ပါ။ သီတင်းကျွတ် ပြီးတာ နဲ့ ထွက်မှာပါ။ ဒီအခွေလေးက ပရိသတ်ကို အမှတ် တရ အနေ နဲ့ စုစည်းပေးတဲ့ သဘောပါ။ ပရိသတ်လည်း သဘော ကျမယ်၊ ကျေနပ်မယ် ထင်ပါတယ်။ ဒီ အခွေ ဖြစ်လာ ရတာကလည်း ပရိသတ်ရဲ့ တောင်းဆို မှုကြောင့် ဖြစ်လာတာ။ ကျွန်တော့် သဘော ဆန္ဒ အရဆို အခွေ ထုတ်ဖို့ အစီအစဉ် မရှိပါဘူး" လို့ ပြောပြ ပါတယ်။

မေမွန်မောင်

Popular Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...