အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

22 September, 2013

ဟင်္သာတတွင် ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်မှုကြောင့် ဒုက္ခသည် အရေအတွက် တိုးလာ

ဟင်္သာတမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်မှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း ထပ်တိုးကာ ခိုလှုံသူဦးရေ ၉၆၀ ခန့် ထိရှိလာကြောင်း စက်တင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းအချိန် ရရှိသော သတင်းအရ သိရသည်။

"မနေ့က ရေလဲ ဘ.က ကျောင်းကို ရေဘေးကယ်ဆယ်ရေး စခန်းအဖြစ် ထပ်ပြီးတိုးထားရတယ်။ လူဦးရေက တဖြည်ဖြည်း တိုးနေတုန်းပဲ" ဟု စစ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ဖြေကြားသည်။

စစ်ကုန်းကျေးရွာ အုပ်စုရှိ ရေလယ်သောင်၊ ကမ်းသာယာ၊ အောင်ချမ်းသာ၊ ရေပိုစု၊ စစ်ကုန်းလေး၊

ငါးဆယ်ကျွန်းနှင့် ရေလဲကျေးရွာတို့မှ ရေဘေးကြုံတွေ့ နေရသူများအား ကံကြီးဒါယကာ ဘုန်းကြီးကျောင်း၊ မဟာဘုံတန်ဆောင်း၊ ရေလယ်သောင် ဘုန်းကြီးကျောင်း၊ ငါးဆယ်ကျွန်း အ.မ.က နှင့် ရေလဲ ဘ.က ကျောင်းတို့တွင် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားရှိကာ အိမ်ထောင်စု ၁၆၃ စုမှ လူဦးရေ ၅၈၄ ဦး ခိုလှုံနေကြောင်း သိရသည်။

တောင်လုံးစု ကျေးရွာအုပ်စုရှိ အောက်ရွာလေး ကျေးရွာနှင့် ဖောင်ချောင်းကျေးရွာတို့မှ ရေဘေးကြုံတွေ့ နေရသူများအား ၀ိဇ္ဇာလင်္ကာရကျောင်းနှင့် ဓမ္မ၀ါဒီ တန်ဆောင်းတို့တွင် ရေဘေးကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားရှိကာ အိမ်ထောင်စု ၈၈ စုမှ လူဦးရေ ၃၇၁ ဦးခိုလှုံနေကြောင်း သိရသည်။

ဧရာဝတီမြစ် ရေကြီးမှုကြောင့် ဟင်္သာတ မြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားမှု ခုနစ်ခုထိ ရှိနေပြီဖြစ်သည်။

ဧရာဝတီ မြစ်ရေသည် စက်တင်ဘာ ၁၆ ရက်က ဟင်္သာတမြို့၏ စိုးရိမ်ရေမှတ် ၄၄ ပေသို့ ရောက်ရှိလာခဲ့ပြီး ၂၀ ရက်တွင် ၄၆ ဒသမ ၄ ပေအထိ မြင့်တက်ခဲ့ကာ ၂၁ ရက် မွန်းလွဲ ၁၂ နာရီ အချိန်မှစကာ ရေကျလာပြီ ဖြစ်သော်လည်း စိုးရိမ်ရေမှတ် အထက်တွင် ရှိနေသေးကြောင်း ဆည်မြောင်းဌာနသို့ မွန်းလွဲပိုင်းအချိန် မေးမြန်းချက်အရ သိရသည်။

Eleven Media Group

ဟင်္သာတ မြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...