ဇာတ်ကား ရိုက်ကူးမှုတွေ
သိပ်မလုပ်ဖြစ်တော့တဲ့ ရာဇာနေဝင်းက ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်
ရိုက်ကူးတဲ့ “ပူးတွဲချန်ပီယံ” ဇာတ်ကား မှာလူမင်းနဲ့ အတူ သရုပ်ဆောင်နေပါတယ်။
ဇာတ်ကား ရိုက်ကူးမှုနဲ့ ပတ်သက် ပြီး ရာဇာနေဝင်းက “ဦးညီ ကလည်း ခေါ်တာနဲ့
ဇာတ်ကားက ရိုက်ဖြစ်သွားတာပါ။ ဒီကားမှာက လူပျိုကြီး တစ်ယောက်က ကောင်မလေး
တစ်ယောက်ကို လိုက်ရင်း အဲဒီကောင်မလေးက ယောက်ျား ယူသွားတဲ့ ပုံစံ
မျိုးပေါ့။ ဇာတ်ကား ရိုက်တိုင်းက အမှတ်တရ ရှိတာပါပဲ။ ကျွန်တော့်
ဇာတ်ကားတွေကို မျှော်လင့်နေကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။
တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေပါတယ်” လို့ပြောပြ ပါတယ်။
အနုပညာ အလုပ်တွေကို ဆက်တိုက်လုပ် သွားမယ် ဆိုတဲ့ ရာဇာနေဝင်းက ဒီဇာတ်ကား
ရိုက်ကူးမှု ပြီးတာနဲ့ သီချင်းခွေ Live Show ရိုက်ကူးမယ်လို့ ပြောပြပါတယ်။
“သီချင်းတွေ အကုန်လုံး ပြီးနေပြီ ။ Live Show က ကိုယ်တိုင် ဒါရိုက်တာ
လုပ်ပြီး ရိုက်မယ်။ သီချင်းတွေ အကုန်ဆိုပြီးပြီ။ ဟာမိုနီပဲ ကျန် တော့တယ်။
သီချင်း ဆိုရတာလည်း အရင်ထဲက ဝါသနာပါတယ်။ နောက် အဆို သင်တန်းတွေလည်း
ကြားထဲမှာ တစ်နှစ် ခွဲ နှစ်နှစ်လောက် တက်ထားတယ်။ တတ်နိုင်သမျှ အကောင်းဆုံး
ဖြစ်အောင် လုပ်ထားပါတယ်။ သီချင်းက အတွဲ အနေနဲ့ ဟေမာနေဝင်း၊ အိပ်မက်ဆုံရာ က
သူဇာလင်း တို့ပါတယ်။ သီချင်းက အားလုံးပေါင်း ၁၂ပုဒ် ပါမယ်” လို့
ပြောပြခဲ့ပါတယ်။
မေမွန်မောင်
By Popular Myanmar
မေမွန်မောင်
By Popular Myanmar