အဆောက်အဦး ပုံစံ တွေက တစ်မျိုးဆန်းသစ်နေလို့ ဆန်းဆန်းပြားပြားဟော်တယ်
များလို့ အမည်တပ်လိုက်ပါတယ်...
ရေပေါ် ဟော်တယ် ( Floating Hotel )

ရေပေါ်မှာ ပေါလောပေါ်နေတဲ့ ဒီဇိုင်းပုံစံနှင့်တည်ဆောက်ထားတာကတော့
ဆွီဒင်နိုင်ငံမှာပါ။ ဖောင်ပုံစံမျိုးတည်ဆောက်ထားပြီး လိုတဲ့နေရာကို ရွေ့နိုင်ပါတယ်။
ညပိုင်းအိပ်ရင်တော့ တစ်မျိုးဇိမ်ကြမှာပါ။ညင်သာတဲ့ တေးသွားသံစဉ်လေးနဲ့
အနားယူဖို့ ဖန်တီးပေးထားပါတယ်။
သဲဟော်တယ် ( Sand Hotel )

သဲတရှရှ နဲ့တည်းရမယ့် သဲဟော်တယ်ကတော့ ဗြိတိန်နိုင်ငံ မှာတည်ရှိတာပါ။
Weymouthကမ်းခြေမှာ အနားယူနိုင်ပါတယ်။
Jungle Hotel

Maxico တောထဲက ပုံစံဆန်းတဲ့ဟော်တယ်ပါ။ အဆောက်အဦးများကို
V ပုံစံနှင့် တည်ဆောက်ထားပါတယ်။ရှုခင်းကလည်းလှတယ်နော်...
ရေခဲဟော်တယ် ( Ice Hotel )

အေးအေးချမ်းချမ်းနဲ့တည်းချင်သူတွေအတွက် ပါ။ ရေခဲဟော်တယ်ဆိုမှတော့
မအေးချမ်းမှာ မပူရတော့ဘူးပေါ့။ ကနေဒါ မှာ တည်ရှိတာပါ။
Capsule Hotel

ဂျပန်မှာ တည်ရှိတဲ့ အာကာသယာဉ်အခန်းပုံစံ ဟော်တယ်ပါ။
ငွေကုန်ခံပြီး ကျဉ်းကျဉ်းကျပ်ကျပ် တည်းချင်ရင် သွားသင့်ပါတယ်။
Survival Pod Hotel

နောက်ထပ် ရေပေါ်မှာ ပေါ်လော ပေါ်နေတဲ့ ဟော်တယ်ပါ။
ရေကြီးမှာကို မကြောက်ရပါဘူးတဲ့။ နယ်သာလန်နိုင်ငံမှာ တည်ရှိတာပါ။
Cave Hotel

သဘာဝ ကျောက်လှိုဏ်ဂူပုံစံ နဲ့တည်ချင်တယ်ဆိုရင်တော့ တူရကီ နိုင်ငံ
ကိုသွားလိုက်ပါဗျာ...
Airplane Hotel

တကယ့် jumbo jet လေယျာဉ်ကို ဟော်တယ်အဖြစ်ဖန်တီး ထားတာပါ။
ဆွီဒင် နိုင်ငံ မှာတည်ရှိပါတယ်။
ကျွန်တော်တို့ဆီမှာလည်း လေယျာဉ်အပျက် တစ်စီးကို ဟော်တယ်လုပ်မယ်
ဆိုပြီး ၀ယ်သွားတယ်ဆိုလား ကြားလိုက်ရပါသေးတယ်။ ဟိုလူကြီးပေါ့။
အခုဆိုရင် ဟော်တယ်ဖြစ်ပြီလား မသိဘူးခင်ဗျ။သံရေကြိုလိုက်ပြီလားသိဘူး...ဟီး
သိရင်ရေးပေးကြပါအုံးနော်..
Treehouse Hotel

ငွေကုန်ခံပြီး သဘာဝကျကျ နေချင်တဲ့သူတွေအတွက် အိန္ဒိယမှာ
တည်ရှိတာပါ။
အကျဉ်းထောင်ပုံစံဟော်တယ် ( Prison Hotel )

ထောင်ကျနေတဲ့ သူက လက်တော့ သုံးပြီးခေတ်မှီနေတာ မဟုတ်ပါဘူး။
ဂျာမနီမှာ တည်ရှိတဲ့ ထူးဆန်းတဲ့ဟော်တယ်ပါ။ လာတည်းတဲ့ သူတွေအတွက်
ဟော်တယ် ၀တ်စုံက အကျဉ်သားတွေဝတ်တဲ့ ပုံစံနဲ့ပါ။
ရေအောက်ဟော်တယ် ( Underwater Hotel )

ဖီဂျီ ကရေအောက်ဟော်တယ်ပါ။ သဘာဝပင်လယ် အောက်ခြေကို
ရောက်ရှိတည်းချင်သူတွေအတွက် ကောင်းပါတယ်။ မှန်တွေ ကွဲသွားမှ ဒုက္ခနော်...
ရေပိုက်ဟော်တယ် ( Drain Pipe )

ငွေကုန်ခံပြီး ရေသွင်းပိုက်လုံးတွေထဲ မှာ တည်းချင်သူတွေအတွက် Austria
မှာတည်ရှိတာပါ။
စုစည်းလို့ရသမျှဖကိုတင်ပေးလိုက်ပါတယ်။သူငယ်ချင်းတို့ သွားရောက်တည်းနိုင်တာပေါ့...ဟဲဟဲ
ဒီဟော်တယ်တွေကို ကြော်ငြာပေးသလို ဖြစ်နေလို့ ကြော်ငြာခ ပေးလိုလျှင် ဆက်သွယ်
နိုင်ပါပြီ... :)
သူငယ်ချင်းတို့ပျော်ချမ်းမြေ့ကြပါစေ...... နေခရမ်း