တချို့စုံတွဲတွေမှာ အိမ်ထောင် သက်တမ်းက ကြာမြင့်လာ တာကြောင့် ချစ်ကြည်နူးဖို့
ငြီးငွေ့လာတတ်သလို တချို့စုံတွဲတွေမှာ အသက်ကြီးလာတာကြောင့်
စိတ်ဆန္ဒတွေလည်း လျော့ပါးလာ တတ်ပါတယ်။ အဲဒီအခါ အိမ်ထောင်မှုသုခ လျော့ပါး
လာတတ် တာကြောင့် အိမ်ထောင်မှု သုခ မြင့်တက်ဖို့ရာအတွက် နိုင်ငံတကာက လက်ခံ
ထားတဲ့ လွယ်ကူတဲ့ အောက်ပါနည်းတွေကို ကျင့်သုံးပေး သင့်ပါတယ်။
ဆေးဖက်ဝင်အစာနှင့် ဟင်းခတ်အမွှေး အကြိုင်များစားခြင်း
ဟင်းခတ် အမွှေးအကြိုင်တွေက သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး
မျိုးဆက်ပွားစနစ်ကို လှုံ့ဆော်ပေးကာ ဇီဝရုပ် ဖြစ်ပျက်မှု အားကောင်းလာစေတဲ့
အတွက် ခန္ဓာကိုယ်ကို တက်ြွကစေပါတယ်။ ဒါပေမဲ့ ဟင်းခတ် အမွှေးအကြိုင်တွေက
အိမ်ထောင်သည်တွေ ချစ်ကြည်နူးရာမှာ အရေးပါကြောင်း သိရှိတာ နည်းပါတယ်။
ငရုတ်သီး၊ နနွင်းမှုန့်၊ ပင်စိမ်းစတဲ့ ဟင်း ခတ်အမွှေးအကြိုင်တွေက သွေးလှည့်
ပတ်မှုကို လှုံ့ဆော်ပေးပြီး လိင်ဆန္ဒကို တိုး မြင့်စေကာ
မျိုးအောင်နိုင်စွမ်းကို ကောင်း မွန်စေပါတယ်။ လက်ဖက်စိမ်းလက်ဖက်ရည်လို
ဆေးဖက်ဝင်ဖျော်ရည်မှာပါတဲ့ L-the-anine ဓာတ်ဟာ ညဘက်မှာ ဦးနှောက် ရှိ
ဖိအားကို လျော့ကျစေပြီး စိတ်အပန်း ပြေစေကာ ချစ်ကြည်နူးဖို့ အဆင်သင့်
ဖြစ်နေတတ်ပါတယ်။
အိပ်စက်ခြင်း
သင့်တော်တဲ့ အိပ်စက်ချိန်မရှိတာ ကြောင့် တချို့လူတွေကို
စိတ်တိုလွယ်စေပြီး တစ်ချိန်လုံး ပင်ပန်းနွမ်းနယ် နေတတ်ပါတယ်။ အဲဒီအခါ
အိမ်ထောင်ဖက်နဲ့ ချစ်ကြည်နူးဖို့ စိတ်မပါတော့ပါဘူး။ တစ်ညမှာ ၆-၈ နာရီခန့်
အိပ်ချိန်ရှိမှသာ လန်းဆန်းတက်ကြွနေမှာ ဖြစ်ပါတယ်။ အိပ်ရေး ဝ၀ အိပ်စက်တာက
စိတ်ခံစားမှုကို ကောင်းမွန်စေသလို လိင်ဆန္ဒကို မြင့်တက်စေပြီး
ပျော်ရွှင်ဖွယ်ရာ ညချမ်းကို ဖြစ်စေပါတယ်။
ပင်လယ်စာစားခြင်း
ကမာလို ပင်လယ်စာစားတာက လိင်ဆန္ဒကို မြင့်တက်စေပါတယ်။ ကမာမှာ
ဇင့်(သွပ်)ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ရှေးကတည်းက ချစ်စိတ်ကို တိုးစေတဲ့
အစာအဖြစ် အသိအမှတ်ပြုထားတာပါ။ ဆယ်လ်မွန်ငါးနဲ့ ဟေလိဗတ်ငါးလို ငါးတွေကလည်း
အမျိုးသမီးတွေကို ချစ်စိတ်တိုးစေပါတယ်။ ပင်လယ်စာတွေ မှာ အိုမီဂါ ၃
ဖက်တီးအက်စစ် ပါဝင်မှု မြင့်မားလို့ပါ။
ယောဂကျင့်ခြင်း
ယောဂကျင့်တာက ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာစေတဲ့ ရှေးအားကစား
နည်းတစ်မျိုးပါ။ ယောဂကျင့်တာကြောင့် ကိုယ်ခန္ဓာ အစိတ်အပိုင်း တိုင်းကို
သက်ရောက် မှုရှိစေပြီး ကိုယ်ခန္ဓာကို ပျော့ပျောင်းသန် စွမ်းမှု ရှိစေပါတယ်။
ယောဂကျင့်တာ ကြောင့် စိတ်ဖိစီးမှုနဲ့ ကိုယ်ခန္ဓာဒဏ်တွေ ကြောင့် ဖြစ်တဲ့
သွေးကြောပိတ်ဆို့မှု ကင်းကာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး
မျိုးဆက်ပွားအင်္ဂါတွေကို သွေးလျှောက်အား ကောင်းမွန်စေ ပါတယ်။
ချောကလက်စားခြင်း
အမည်းရောင်ချောကလက်မှာ အင် တီအောက်ဆီးဒင့်ပါဝင်တာကြောင့် သွေးထဲက
အဆိပ်တွေကို ကင်းစင်စေပါ တယ်။ ချောကလက်ဟာ အန်ဒေါ်ဖင်အ ဆင့်ကို
မြင့်တက်စေတာကြောင့် အိမ် ထောင်သည်တွေကို ဆီရိုတိုနင်ဟော်မုန်း အဆင့်
မြင့်တက်စေပြီး ချစ်စိတ်ဆန္ဒကို တိုးမြင့်စေပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်း
လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်သန်စွမ်းလာပြီး သက်လုံကောင်းမွန်ကာ
Sex ကိစ္စမှာ စိတ်ကျေနပ်မှု ရရှိစေပါတယ်။ လေ့ကျင့်ခန်း လုပ်တာကြောင့် သင့်ကို
တက်ကြွရွှင်လန်းစေပြီး အိမ်ထောင်မှု သုခကို ပိုမိုရရှိစေပါတယ်။
26 April, 2013
နိုင်ငံတကာကလက်ခံထားသောအိမ်ထောင်မှုသုခမြင့်တက်စေမည့်အလွယ်နည်းများ
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
April
(59)
-
▼
Apr 26
(11)
- Facebook ကြွားနည်းများ
- ချစ်သူကိုဘယ်ဘာသာစကားနဲ့ချစ်တယ်လို့ပြောမလဲ
- မြန်မာနိုင်ငံတွင် ရုပ်သံနှင့်အင်တာနက်တို့ကို ၀န်ဆေ...
- အချစ်ရေး ကံကောင်းတဲ့ အထဲမှာ မပါဘူးဆိုတဲ့ ဝတ်မှုန်ေ...
- မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက် စေ...
- မိန်းကလေးအားလုံးကို ဖတ်စေချင်ပါတယ်
- အချစ်ဟာ ဆေးဝါးတစ်မျိုးပါ
- နိုင်ငံတကာကလက်ခံထားသောအိမ်ထောင်မှုသုခမြင့်တက်စေမည့်...
- တင်ပါးကြီးခြင်းသည် ကျန်းမာရေး အတွက်ကောင်း
- အနာရွတ် မဖြစ်အောင် ကာကွယ်နည်းများ
- နိုင်ငံခြားရုပ်ရှင်ကြည့်ချင်သူဝါသနာအိုးတွေအတွက်အကေ...
-
▼
Apr 26
(11)
-
▼
April
(59)