မလေးရှားရောက် မြန်မာအချို့ အကြမ်းဖက် ခံရမှုများကို အရေးယူပေးရန်
မြန်မာအစိုးရက မလေးရှား အစိုးရထံ သတိပေးပြီး တစ်ရက်အကြာ ဇွန်လ ၅ ရက်
နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်တွင် စစ်ဆင်ရေး
တစ်ရပ်အနေနှင့် မြန်မာ အပါအဝင် နိုင်ငံခြားသားများကို စတင် ဖမ်းဆီးနေပြီ
ဖြစ်ကြောင်း ကပုန်း နာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြားသည်။
ယင်းစစ်ဆင်ရေး (အော်ပရာစီ) တွင် မြန်မာနိုင်ငံသား ၅၀၀ ကျော် ဖမ်းဆီး
ခံခဲ့ရပြီး ယင်းသည် လွန်ခဲ့သော ရက်ပိုင်းက ဆာလာယန်းနှင့် အန်းပန်းရွာသစ်
တို့တွင် မြန်မာနိုင်ငံသားများ အကြမ်းဖက်သတ် ဖြတ်ခံခဲ့ရ မှုများနှင့်
ဆက်စပ်နေကြောင်း ၎င်းက ဆိုသည်။
မလေးရှားနိုင်ငံ The Star သတင်း ဌာနတွင် ဖော်ပြထားချက် အရမူ မြန်မာ နိုင်ငံသား ၁၀၀၀ ကျော် ကို ဖမ်းဆီးထား ကြောင်း သိရသည်။
ကွာလာလမ်ပူ မြို့တော်ရှိ မြန်မာ စားသောက်ဆိုင်များ အများအပြား တည်ရှိသည့်
Kota Raya အဆောက်အအုံ တွင် ဇွန်လ ၅ ရက်နေ့ နံနက် ၁၁ နာရီခန့် တွင်
ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး အကြမ်းဖက်မှုများ ဖြစ်ပွား ခဲ့သည့်
ဆာလာယန်းနှင့် မြန်မာ အများစု နေထိုင်သည့် နေရာများ တွင်လည်း ဖမ်းဆီးမှုများ
ရှိခဲ့ကြောင်း မလေးရှားနိုင်ငံရောက် မြန်မာ အလုပ်သမား များကို
မေးမြန်းချက်များ အရ သိရှိရသည်။
မလေးရှားနိုင်ငံတွင် တရားမဝင်
အလုပ်သမားများကို တရားဝင် ပြုလုပ် ပြီးနောက် တစ်နှစ်ကျော် အကြာတွင် ပထမ
ဆုံး တရားမဝင် နိုင်ငံခြားသား များကို ပြန်လည် ဖမ်းဆီးသည့် စစ်ဆင်ရေး
ဖြစ်ကြောင်း ၎င်းတို့ ထံမှ သိရှိရသည်။
မလေးရှားနိုင်ငံတွင်
မြန်မာနိုင်ငံသားများ အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ နိုင်ငံခြားရေး
ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်က ဇွန်လ ၄ ရက် နေ့တွင် မြန်မာနိုင်ငံ
ဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကို နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ခေါ်ယူကာ
အကြမ်းဖက် မှုများကို ချက်ချင်း စုံစမ်း စစ်ဆေးပြီး အရေးယူပေးရန်၊
အကြမ်းဖက်မှုများ ထပ် မဖြစ်ပွားရေး လုပ်ဆောင် ပေးရန် သတိထောက်လွှာ
ပေးအပ်ခဲ့သည်။
မလေးရှားနိုင်ငံ ဆာလာယန်းနှင့် အန်းပန်းရွာသစ်
တို့တွင် လွန်ခဲ့သော ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် အုပ်စုလိုက် ဝင်ရောက်
အကြမ်းဖက်မှု များကြောင့် မြန်မာနိုင်ငံသား သုံးဦး သေဆုံးခဲ့ပြီး
ဒဏ်ရာရရှိခဲ့ ထားသူများ အနက် လေးဦးမှာ အရေးပေါ် ကုသမှု ခံယူနေရသည်။
မလေးရှားနိုင်ငံတွင် တရားဝင် မြန်မာအလုပ်သမား သုံးသိန်းကျော်ရှိပြီး
တရားမဝင် လေးသောင်းကျော် ရှိကြောင်း မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး၏
အဆိုအရ သိရ သည်။
The Voice Weekly
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
June
(712)
-
▼
Jun 06
(51)
- ရန်ကုန်မြို့တော်တွင် စက်မှုဇုန်များ တိုးချဲ့ရန် လို...
- “ကမ္ဘာ့ပထမဆုံး ပီဇာပို့လုပ်ငန်းသုံး အဝေးထိန်းရဟတ်ယာ...
- ရွှေညဝါဆရာတော် ဂျပန်သို့ ကြွမည်
- မြန်မာ့တိုးရစ်ဇင် လုပ်ငန်း တိုးတက်အောင်မြင်တော့မလား
- Air Asia လေကြောင်းက ဘန်ကောက်- နေပြည်တော် နေ့စဉ်ပြေ...
- ဒေါ်လာသန်း (၅၀၀) ကုန်ကျမည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိ...
- မတရားအသင်းနှင့် ဆက်သွယ်မှုပုဒ်မ ပယ်ဖျက်ပေးရေး တောင်...
- “စိုးမြတ်နန္ဒာရဲ့ Karat Silk ပိုးထည်ဆိုင်ကြော်ငြာရိ...
- ဒုတိယအကြိမ်မြောက်ဟိုချီမင်း စီးတီးExpo ပြပွဲ ကျင်း...
- မန္တလေး မြောက်ပိုင်းပြန်များနှင့် ABSDFအမှန်တရားေ...
- ငြိမ်းချမ်းစွာ စီတန်းလှည့်လှယ်ခြင်းဆိုင်ရာဥပဒေအရြ...
- CNG ဈေးတက်လျှင် ကားသမားများ ဆန္ဒဖော်ထုတ်ကြမည်
- အရေးပေါ် ဖွဲ့စည်းလိုက်တဲ့ ဗီဒီယို ကွပ်ကဲရေးအဖွဲ့ ဘာ...
- “ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းရုံး ဥက္ကဌ ဦးဇင်ဝိုင်...
- ပြုပြင်ပြောင်းလဲရေး ကြိုးစားလုပ်နေ ဟု ဦးသိန်းစိန် ...
- ထိန်းသိမ်းမှု အားနည်းခြင်းကြောင့် ပတ်ဝန်းကျင်ယိုယွင...
- ပက်ပ်စီကုမ္ပဏီ လာမည့်နှစ်မှစ၍ မြန်မာ့လယ်ယာကဏ္ဍ၌ ရင်းန...
- ဟက်ဇဘိုလာအားဖြည့်ထားသည့် ဆီးရီးယားတပ်များ ကူဆေယာကိ...
- ဘားအံသူအဖွဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူထုလှုပ်ရှားမှု...
- ကလေးနှစ်ဦးထက် ပိုမမွေးရ ဒေသန္တရအမိန့် ထုတ်ပြန်ထားမ...
- လှိုင်သာယာစက်မှုဇုန်လုပ်ငန်း တိုးချဲ့ရန် မြေမကျန်
- လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာနည်းဥပဒေ(မူကြမ်း...
- အင်ဒို SEA Games တွင် ဂျူဒို ငွေတံဆိပ်ရခဲ့သူများယခ...
- ကင်ညာ ကို ဗြိတိသျှ နစ်နာကြေးပေးမယ်
- မိုက်ခရိုဆော့ဖ် မြန်မာပြည် ဝင်ပြီ
- တက္ကသိုလ်ဝင်တန်းအောင်စာရင်း ဇွန်လ ၉ ရက်နေ့တွင်ထုတ်ြ...
- အကူအညီပေးတဲ့ ပစ္စည်းတွေ အကုန်လုံးဒုက္ခသည်တွေဆီ ကိုေ...
- ချဲလ်ဆီး အသင်း၏ ဘန်ကောက် ခြေစမ်းပွဲ ခရီးစဉ် မြန်မာ...
- မြန်မာများ အကြမ်းဖက်ခံရမှု သတိပေးအပြီး မလေးရှားတွင်...
- ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေအရ အားလုံး တန်းတူဖြစ်ရ...
- ဆောက်လုပ်ရေးကုမ္ပဏီ မအပ်နှံနိုင်သေး၍ ငဖဲကျေးရွာကျော...
- လူငယ်တွေ ကိုယ်ရည်ကိုယ်သွေး ကျဆင်းမှု ကိုမင်းကိုနိုင...
- ၂၀၁၅ သမ္မတရာထူးအတွက် ယှဉ်ပြိုင်မည်ဟု ဒေါ်အောင်ဆန်းစု...
- အိမ်ထောင်သည်များ အစားသင့်ဆုံး သစ်သီး ငါးမျိုး
- LOCKHEED MARTIN ကုမ္ပဏီသည် အမေရိကန် တပ်မတော်နှင့် ပ...
- UNDP အုပ်ချုပ်ရေးမှူး နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး...
- ကချင်စစ်ပွဲ ကာလအတွင်း သေဆုံးသူများအား ရည်စူး၍ ဆွမ်...
- မြန်မာ့အိုင်တီကဏ္ဍတွင် ဒေါ်လာ ၁၅ သန်းTata အတိုင်ပင်ခံ...
- လက်ပံတောင်းအရေးဆောင်ရွက်သူ ၁၅ ဦး ဖမ်းဝရမ်းထုတ်ခံရ
- အလိမ္မာ စာမှာရှိနေသည့် KNPP နှင့် အစိုးရတို့၏ အခြေအနေ
- မိုးတွင်း၌ ရေလယ်တွင် သံလွင်မြစ်တံတား တည်ဆောက်မှု အန...
- ကမ္ဘာကြီးကို ပြောင်းပြန်မြင်နေရသူအမျိုးသမီး
- ရခိုင်ပြည်နယ် မောင်တောတွင် ရခိုင်တိုင်းရင်းသား ၂ ရ...
- မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးတားဆီးနှိမ်နင်းရေ...
- ဂျာမန် မောင်းသူမဲ့ လေယာဉ်နှင့် အာဖဂန် ခရီးသည်တင်ေ...
- ကေအယ်တွင် (အော်ပရာစီ) စတင်ပြုလုပ်နေပြီ
- ဆီးရီးယားအစိုးရတပ် သူပုန်တွေကို အပြတ်ချေမှုန်းမယ်လိ...
- သွေးလွန်တုတ်ကွေးရောဂါ @Dengue Hemorrhagic Fever
- စစ်တပ်သိမ်းယူထားတဲ့ လယ်မြေတွေပေါ်မှာ လယ်သမား ၃ဝဝ ကေ...
- တိုက်ပွဲများကြောင့် လူကုန်ကူးခံရမှုကို တွန်းအားပေးသ...
- “၈၈ အရေးအခင်းမှာ ကိုယ်တို့လည်း ကျောင်းသားပဲလေ” အကယ...
-
▼
Jun 06
(51)
-
▼
June
(712)