အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

06 June, 2013

ရခိုင်ပြည်နယ် မောင်တောတွင် ရခိုင်တိုင်းရင်းသား ၂ ရာခိုင်နှုန်းသာ ကျန်ရှိ

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဘင်္ဂါလီ လူဦးရေ ၉၈ ရာခိုင်နှုန်းဖြစ်နေပြီး ရခိုင်တိုင်းရင်းသားမှာ ၂ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
 “၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေဟာ တော်တော်ပြည့်စုံတဲ့ ဥပဒေပါ။ အဲဒီ ဥပဒေနဲ့ ချိန်ထိုးပြီးတော့ ဘင်္ဂါလီတွေကို ဘယ်လိုအဆင့်ထားမလဲ၊ ဥပမာအားဖြင့် ခု ဒီမှာ permanent resident (PR အမြဲနေထိုင်ခွင့်) ဆိုတာကို စဆွဲနေပြီ။ သူတို့ကို permanent resident ထားပြီးတော့ နိုင်ငံသားပေးလို့တော့ မရဘူးလေ။ ဧည့်နိုင်ငံသား ပေးလို့လည်း မရဘူး။ နိုင်ငံခြားသား အနေနဲ့ PR ပေးထားလို့တော့ ရတယ်။ သူတို့ကို မဲပေးခွင့် မရှိရဘူး။ ရွေးကောက်ပွဲ ဝင်ခွင့်မရှိရဘူး။ ဒါမျိုးအဆင့်တွေနဲ့ ထားလို့ ရမယ်လို့တော့ ကျွန်တော်ထင်တယ်” ဟု က ဦးဇော်အေးမောင်က ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုးများ တစ်အိမ်ထောင်လျှင် ကလေးနှစ်ယောက်သာ မွေးခွင့်ရှိသည် ဟူသော ဒေသန္တရအမိန့်နှင့် ပတ်သက်၍ ရခိုင်ပြည်သူလူထုမှ တခဲနက် ထောက်ခံအားပေးခဲ့ကြပြီး ယင်းနှင့် ပတ်သက်၍ “ရခိုင်ပြည်သူလူထုအနေနဲ့ သူတို့ ရင်ထဲမှာ ရှိတာကို သူတို့ထုတ်ဖော်ပြောတာလေ။ ရခိုင်ပြည်သူတွေအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတစ်ခုကို လုပ်တယ်လို့ပဲ ပြောချင်တယ်” ဟု ဦးဇော်အေးမောင်က ပြောကြားသည်။

လက်ရှိတွင် ဘင်္ဂါလီလူမျိုးဟု မြန်မာအစိုးရမှ သုံးစွဲခေါ်ဝေါ်နေသော်လည်း ယင်းတို့မှာ ရိုဟင်ဂျာဟုသာ သုံးစွဲနေကြကြောင်း၊ နိုင်ငံတကာမှလည်း ၎င်းတို့ကို ဘင်္ဂါလီအဖြစ် လက်မခံသေးဘဲ ရိုဟင်ဂျာအဖြစ်သာ လက်ခံထားကြောင်း Generation Wave မှ ကိုဟိန်းမင်းဇော်က ပြောကြားသည်။

“အစိုးရအနေနဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ ဘယ်သူကတော့ နိုင်ငံသား ဖြစ်သင့်တယ်။ ဘယ်သူကတော့ ဧည့်နိုင်ငံသား ဖြစ်သင့်တယ် ဆိုပြီး စနစ်တကျ ခွဲခြားပြီးတော့မှ ဘယ်သူ့ကို ဘယ်လိုဆက်ဆံတယ်ဆိုတာမျိုး ဖြစ်သင့်တယ်။ ကိုယ့်နိုင်ငံသားမဟုတ်တဲ့သူကိုတော့ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး ခံစားခွင့်တော့ ပေးမှာမဟုတ်ဘူး။ အဲဒီလူဟာ နိုင်ငံသားဖြစ်ခွင့် ရှိတဲ့သူ၊ ပြုခွင့် ရတဲ့သူ ပြုခွင့်ရတယ်ဆိုရင်တော့ ဥပဒေအတိုင်း နိုင်ငံသား အခွင့်အရေးကို ခံစားရမှာပေါ့” ဟု ယင်းက ဆက်လက်ပြောကြားသည်။

၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှုဥပဒေသည် လတ်တလော အခြေအနေတွင် ရခိုင်ပြည်နယ်အတွက်သာမက မြန်မာတစ်ပြည်လုံးအတွက် အလွန်အရေးကြီးသော ဥပဒေတစ်ရပ်ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသူများက ပြောကြားသည်။

မြန်မာ့ခေတ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...