၆-၆-၂ဝ၁၃ ရက်နေ့ ၁ဝးဝဝ မှ ၁၃း၃ဝ အချိန်ထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အစည်းအဝေး ခန်းမ(၂)တွင် ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် ခင်မောင်စီ ဦးဆောင်ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းဥပဒေ(မူကြမ်း) ရေးဆွဲရေးကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးသို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ
လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆိုင်ရာနည်းဥပဒေ (မူကြမ်း)ရေးဆွဲရေး ကော်မတီ
အဖွဲ့ဝင် ရဲအရာရှိကြီးများ၊ တရားဥပဒေစိုးမိုးရေးနှင့်
အထောက်အကူပြုကွန်ယက်မှ ဥပဒေသုတေသီ ဦးဟန်မြင့် (ဝါးခယ်မ)တို့
တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ရဲဇာနည်
ရဲဇာနည်