အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

06 June, 2013

ကေအယ်တွင် (အော်ပရာစီ) စတင်ပြုလုပ်နေပြီ

ယခုလက်ရှိ ကွာလာလမ်ပူ မြန်မာဆိုင်များတည်ရှိရာ လမ်းများအားလုံးပိတ်ဆို့စစ်ဆေးမှု့ (အော်ပရာစီ) စတင်ပြုလုပ်နေပြီ5.6.2013နံနက်11နာရီမှစတင်ပြီးကွာလာလမ်ပူမြို့မြန်မာစားသောက်ဆိုင်များ တည်ရှိရာ အနီးတစ်ဝိုက် ရှိ လမ်းများအားလုံး ၊ မြန်မာဆိုင်များ ၊ လမ်းထောင့်များတွင် အင်အားရာကျော်ရှိသော ရဲ ၊ လဝက ၊ ရေးလား(ပြည်သူ့စစ်)များပါဝင်သည့် အထူးစီမံချက်တစ်ရပ်ပြုလုပ်ကာ မည်သူ့ကို
မဆို စစ်ဆေးဖမ်းစီးမှု့စတင်နေပြီဖြစ်ပါတယ် ။ပြီးခဲ့တဲ့ 4 ရက်ဆက်တိုင် မြန်မာနိုင်ငံသားများ ကြားတွင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု့များ ကြောင့် ယနေ့ကွာလာလမ်ပူတစ်ဝိုက်
Block Checking များ ၊ နေအိမ်များသို့ ရှောင်တခင် စစ်ဆေးမှု့များ နှင့်
ုမြန်မာနိုင်ငံသားများနေထိုင်မှုများသောနေရာဒေသများတွင် အထူးစီမံချက်
ဖြင့် ဖမ်းဆီးစစ်ဆေးမှု့များ ပြုလုပ်နေတာဖြစ်တယ်လို့ ဖမ်းဆီးသည့် အဖွဲ့တွင်ပါဝင်သော ရေးလားမှ ပြောပြခဲ့တာ သိရပါတယ် ။

သို့ပါသောကြောင့်  5.6.2013 ညနေပိုင်း အဖမ်းဆီးများရှင်းလင်း
သည်အထိ အထောက်အထားမရှိသော မြန်မာနိုင်ငံသားများ ကွာလာလမ်ပူ
မြို့သို့ သွားလာမှုဆင်ခြင်ရန် သတိပေးရပါတယ် ။ ယခု ချိန်အထိ Mydin
ဒေါင့် ၊ ကိုတာယာရာ ထောင့် ၊ ဂျလန်းစီလန်း ၊ ဂျလန်းလီပို့ပူဒူး စသည့်
မြန်မာဆိုင်များတည်ရှိရာလမ်းများ နှင့် မြန်မာဆိုင်တိုင်းစီ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် စစ်ဆေးဖမ်းဆီးနေကြောင်း မလေးရှားရောက် မြန်မာ တို့အား အချိန်မှီ သတိပေးရပါသည် ။

မလေးရှားရောက် မြန်မာများ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...