အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 June, 2014

စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲများ အစိုးရစစ်ပြောင်း


ယခုပညာသင်နှစ်မှစ တင်၍ အခြေခံပညာကျောင်းများ ၏ စတုတ္ထတန်းနှင့် အဋ္ဌမတန်း များ၏ အတန်းတင်စာမေးပွဲများ ကို အစိုးရစစ်စနစ်သို့ ပြောင်း လဲ စစ်ဆေးသွားမည်ဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ပညာရေးဝန်ကြီးဌာနသည် မူလတန်းမှ န၀မတန်းအထိ ကျောင်းတွင်းစစ်ဆေး၍ သတ္တမ တန်းအထိ အအောင်ပေးသော စနစ်ကို ကျင့်သုံးနေပြီး ဒသမတန်းသို့ရောက်ရှိမှသာ တက္ကသိုလ်ဝင်

ထိုင်းမှာ လက်သုံးချောင်း ထောင်တာကို တားမြစ်

စစ်တပ် အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ သူတွေကတော့ လက်သုံးချောင်း ထောင်ပြတဲ့ လှုပ်ရှားမှုကို ဆက်လုပ် သွားမယ်လို့ ဆို
စစ်တပ် အာဏာသိမ်း လိုက်တဲ့ ထိုင်းနိုင်ငံမှာ စစ် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမူတွေ ထဲမှာ လက်သုံးချောင်း ထောင်ပြတဲ့ သင်္ကေတ ဟာလည်း စစ်တပ်ကို ဆန့်ကျင် တဲ သင်္ကေတ ဖြစ်တယ်လို့ ထိုင်းစစ်တပ်က သတ်မှတ် ပိတ်ပင် လိုက်ပါတယ်။
ဒီလို လုပ်တဲ့သူတွေကို အခြေအနေ စောင့်ကြည့်ပြီး ဖမ်းဆီး ထောင်ချနိုင်တယ်လို့ ထိုင်း အာဏာသိမ်း

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ဇွန်လ ၇ ရက်နေ့ ထုတ်ပြန်မည်

Photo: တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ဇွန်လ ၇ ရက်နေ့ ထုတ်ပြန်မည်

၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ၂၀၁၄ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်က The Voice သို့ ပြောကြားသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထွက်ရှိမည့်ရက်ကို အများ ပြည်သူ သိရှိစေရန်အတွက် အဆင့်မြင့်ပညာ ဦးစီးဌာနကလည်း တရားဝင် ထုတ်ပြန်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကဖြည့်စွက် ပြောကြား သည်။

မြန်မာတစ်နိုင်ငံလုံးတွင် စာစစ်ဌာနပေါင်း ၁၂၀၀ ကျော်ရှိပြီး အဆိုပါ စာစစ် ဌာနများကို အောင်စာရင်းအတွက် စာများပေးပို့ထားကြောင်း၊ စာစစ်ဌာနများ ထံ စာများရောက်ရှိကြောင်း အကြောင်းပြန်ပြီးမှသာ စာမေးပွဲ အောင်စာရင်း ထုတ်ပြန်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဦးမျိုးညွှန့်က ပြောကြားသည်။

“ညီမလေးတွေတော့ ဆယ်တန်း ဖြေထားတယ်။ သူတို့ကတော့ ထွက်ချင်တဲ့ အချိန်ထွက်၊ ထွက်ရင် အဖြေသိရမှာပဲလို့ ပြောကြတယ်။ ကျွန်တော်ကတော့ သူတို့ကိုယ်စား ရင်တုန်တယ်” ဟု ပုဇွန်တောင် မြို့နယ်နေ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

၂၀၁၄ ခုနှစ် မတ်လ ၁၂ ရက်မှ ၂၂ ရက်အထိ ကျင်းပပြုလုပ်ခဲ့သော ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပြည်တွင်း၊ ပြည်ပ စာဖြေဌာနများမှ ဝင်ရောက်ဖြေဆိုသူ လေးသိန်းကျော် ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဖြေဆိုသူ ကိုးသောင်းကျော်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဝင်ရောက် ဖြေဆိုသူ အများဆုံးဒေသ ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယမန်နှစ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ပြည်တွင်းနှင့် ပြည်ပစာဖြေဌာန ၁၂၉၆ ခုမှ ဝင်ရောက် ဖြေဆိုသူ ၄၈၇,၄၁၀ ဦးရှိပြီး တစ်နိုင်ငံလုံး အောင်ချက် ရာခိုင်နှုန်းမှာ ၃၄ ဒသမ ၃၃ ကျော် ဖြစ်ကြောင်း၊ အဆိုပါ ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးက ၃၃ ဒသမ ၃၉ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

ပညာရေး ဝန်ကြီးဌာနသည် နှစ်စဉ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ဇွန်လဒုတိယပတ် နောက်ပိုင်းတွင်သာ ထုတ်ပြန် ကြေညာခဲ့သည်။

The Voice Weekly
၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ၂၀၁၄ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်က The Voice သို့ ပြောကြားသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထွက်ရှိမည့်ရက်ကို အများ ပြည်သူ သိရှိစေရန်အတွက် အဆင့်မြင့်ပညာ ဦးစီးဌာနကလည်း တရားဝင် ထုတ်ပြန်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း

Miss Globe International 2014 ပြိုင်ပွဲမှာ ရခိုင်ဆီမီးခွက် အကဖြင့် ကပြ ယှဉ်ပြိုင်သွားမယ့် အလှမယ် ဂျူးစံသာ

Miss Globe International 2014 ပြိုင်ပွဲမှာ ရခိုင်ဆီမီးခွက် အကဖြင့် ကပြ ယှဉ်ပြိုင်သွားမယ့် အလှမယ် ဂျူးစံသာ

တူုရကီနိုင်ငံမှာကျင်းပမယ့် Miss Globe International 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အနေနဲ့ အလှမယ် ဂျူးစံသာ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ကာလက ဇွန်လ ၁၁ရက်နေ့မှ ဇွန်လ ၂၁ ရက်နေ့အထိ ဖြစ်ကြောင်း သိရပါတယ်။

ပြိုင်ပွဲအတွက်အစွမ်းကုန်ကြိုးစားပြင်ဆင်နေတဲ့ အလှမယ်ဂျူးစံသာက
” ပြိုင်ပွဲ အတွက်လိုအပ်တဲ့ Training တွေကို ပုံမှန်လေ့ကျင့်နေပါတယ်။ ဆရာမခေမီကိုဆီမှာအကသင်နေပါတယ်။ ဥက္ကလာဂေါက်ကွင်းမှာ ဆရာ ဦးဟန်ထွန်းနဲ့ ဂေါက်ဖ်ရိုက် သင်နေပါတယ်။ Micasa မှာလည်း ပုံမှန်ရေကူး ဖြစ်ပါတယ်။ Utopia Tower မှာလည်း ပုံမှန် Fitness ကစားဖြစ်နေပါတယ်။

ဖိလစ်ပိုင်မှာသင်ယူခဲ့တဲ့ Catwalk training တွေ၊ မိတ်ကပ်ပိုင်း ဆိုင်ရာတွေ ကိုလည်း ပြန်ပြီးလေ့ကျင့် ဖြစ်ပါတယ်။ ဖိလစ်ပိုင်က သင်တန်းတွေ ကလည်း ညီမအတွက် အထောက်အကူ အများကြီး ဖြစ်ပါတယ်။ ဒီမှာလေ့ ကျင့်မှုလုပ်မှ ပြိုင်ပွဲမှာ အရာအားလုံးအဆင်ပြေမှာ ဖြစ်တဲ့အတွက်ညီမ ဒီမှာ လေ့ကျင့်မှု တော်တော် များများပြုလုပ်ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

ဒီပြိုင်ပွဲရဲ့ Talent show မှာ ဂျူးစံသာ ရခိုင်ဆီမီးခွက်အကဖြင့် ကပြယှဉ်ပြိုင် မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ တူရကီနိုင်ငံမှာကျင်းပမယ့် ၈၉ ကြိမ် မြောက် Miss Globe International 2014 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပထမဦး ဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး အလှမယ် ဂျူးစံသာကို ၂ဝ၁၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့ ကကရဝိက်နန်းတော်မှာ Miss Globe Myanmar 2014 အလှမယ်ရွေးချယ်ပွဲ ပြုလုပ်ပြီးနယ် ပယ်အသီးသီးမှ အကဲဖြတ် ဒိုင်များ ဖြင့် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

Myanmar News Media
တူုရကီနိုင်ငံမှာကျင်းပမယ့် Miss Globe International 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အနေနဲ့ အလှမယ် ဂျူးစံသာ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ကာလက ဇွန်လ ၁၁ရက်နေ့မှ ဇွန်လ ၂၁ ရက်နေ့အထိ ဖြစ်ကြောင်း သိရပါတယ်။ ပြိုင်ပွဲအတွက်အစွမ်းကုန်ကြိုးစားပြင်ဆင်နေတဲ့ အလှမယ်ဂျူးစံသာက

မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များ စက်တင်ဘာ စရောင်းမည်ဟု တယ်လီနောအတည်ပြု

Photo: မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များ စက်တင်ဘာ စရောင်းမည်ဟု တယ်လီနောအတည်ပြု
Wednesday, June 4, 2014

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ရန် ပြင်ဆင်နေသည့် တယ်လီနောက ဆင်းမ်ကတ်များကို စက်တင်ဘာလမှ စတင်ရောင်းချမည် ဖြစ်ကြောင်း ဇွန်လ ၂ ရက်နေ့က ရန်ကုန်မြို့တော် တယ်လီနော ရုံးချုပ်တွင် ပြုလုပ်သည့် Net Monday အခမ်းအနား၌ တယ်လီနောမြန်မာ အမှုဆောင် အရာရှိချုပ် Mr. Petter Furberg က ပြောကြားသည်။
“ခေါ်ဆိုခကို တွက်ချက်နေဆဲ ဖြစ်တဲ့အတွက် ထပ်ပြီး ထုတ်ပြန်ပေးပါမယ်” ဟု ၎င်းကဆိုသည်။

ဆင်းမ်ကတ်များကို ၁၅၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်ပြီး အသက်အရွယ် မကန့်သတ်ဘဲ မှတ်ပုံတင်ရှိသူတိုင်း ဝယ်ယူနိုင်မည် ဖြစ်ကြောင်း တယ်လီနောမြန်မာထံမှ သိရသည်။
“စက်တင်ဘာဆိုရင် အော်ရီဒူးထက် နည်းနည်းနောက်ကျမှာပေါ့” ဟု မြောက်ဥက္ကလာပမြို့နယ်ရှိ Hearts မိုဘိုင်းလ်ဖုန်းဆိုင်မှ ဒေါ်ဇာခြည်က ပြောဆိုသည်။
ပြိုင်ဘက်ကုမ္ပဏီ တစ်ခုဖြစ်သည့် အော်ရီဒူးကမူ သြဂုတ်လဆန်းတွင် ဆင်းမ်ကတ်များ စတင်ရောင်းချမည် ဖြစ်ကြောင်း ကြေညာထားသည်။

The Voice Weekly
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ရန် ပြင်ဆင်နေသည့် တယ်လီနောက ဆင်းမ်ကတ်များကို စက်တင်ဘာလမှ စတင်ရောင်းချမည် ဖြစ်ကြောင်း ဇွန်လ ၂ ရက်နေ့က ရန်ကုန်မြို့တော် တယ်လီနော ရုံးချုပ်တွင် ပြုလုပ်သည့် Net Monday အခမ်းအနား၌ တယ်လီနောမြန်မာ အမှုဆောင် အရာရှိချုပ် Mr. Petter Furberg က ပြောကြားသည်။
“ခေါ်ဆိုခကို တွက်ချက်နေဆဲ ဖြစ်တဲ့အတွက် ထပ်ပြီး ထုတ်ပြန်ပေးပါမယ်” ဟု

မိုးရာသီတွင် သတိထားရမည့် သင့်ကျန်းမာရေး

မိုးရာသီတွင် သတိထားရမည့် သင့်ကျန်းမာရေး
------------------------------------------------------

အခုဆိုရင် မိုးရာသီကို ၀င်ရောက်လို့လာပါပြီ။

အခုလို ရာသီအကူးအပြောင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အအေးမိခြင်း၊ တုပ်ကွေးဖျားနာခြင်းတို့မှ ကာကွယ်နိုင်ကြစေရန် သင့်ကျန်းမာရေးကို ဂရုစိုက်သင့်ပါသည်။

ကျန်းမာရေးအတွက် လိုနာရန်အချက်များ-

၁။ မိုးရေစိုလာလျှင် ရေအမြန်ချိုးပြီး နွေးထွေးစွာ နေပါ။ အအေးမိလျှင် တုပ်ကွေးရောဂါ ကူးနိုင်ပါသည်။ ဖြစ်နိုင်လျှင် မိုးအမိမခံပါနှင့်။

၂။ အိပ်ရေးကိုဝအောင် အိပ်ပါ။ အနေအထိုင်၊ အစားအသောက်၊ အသုံးအဆောင်များကို သန့်သန့်ရှင်းရှင်းထားပါ။ သရက်သီးအခွံကဲ့သို့သော ယင်ကောင်နားနိုင်မည့် အမှိုက်များကို အိမ်ထဲမထားပါနှင့်။

၃။ ရေဓါတ်ကုန်ခမ်းစေမည့် အရက်၊ ဘီယာ၊ ကော်ဖီ စတဲ့ ကဖိန်းဓါတ်ပါတဲ့ အရည်မျိုးကို ရှောင်ပါ။ မရှောင်နိုင်ပါက လျှော့သောက်ပါ။

၎။ ကိုယ်လက်တို့ကို အမြဲသန့်ရှင်းပါ။ လက်ကို စင်ကြယ်အောင် မကြာခဏဆေးပါ။

၅။ ဗီတာမင် C များများစားပေးပါ။ လိမ္မော်သီးကဲ့သိုေ့သော အသီးအနှံများကို နေ့စဉ်စားသုံးပါ။ သဘာဝ ဗီတာမင် C ပါတဲ့ Nat C လိုမျိုး အားဖြည့်ဆေးမျိုးစားပါ။

၆။ တုပ်ကွေးရောဂါအတွက် ကြိုတင်ကာကွယ်ဆေးမျိုးကိုလည်း ထိုးထားလျှင် အကောင်းဆုံးပါ။

မိုးရာသီမှာ တုပ်ကွေးကဲ့သို့သော ဖျားနာခြင်းမှ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

မိမိတို့၏ မိတ်ဆွေများကိုလည်း ဒီ Post ကို ပြန်လည်မျှဝေပေးနိုင်ကြပါတယ်။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ Rain and Health.

ကျန်းမာရေးသတင်းများ

www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

အခုဆိုရင် မိုးရာသီကို ၀င်ရောက်လို့လာပါပြီ။
အခုလို ရာသီအကူးအပြောင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အအေးမိခြင်း၊ တုပ်ကွေးဖျားနာခြင်းတို့မှ ကာကွယ်နိုင်ကြစေရန် သင့်ကျန်းမာရေးကို ဂရုစိုက်သင့်ပါသည်။
ကျန်းမာရေးအတွက် လိုနာရန်အချက်များ-
၁။ မိုးရေစိုလာလျှင် ရေအမြန်ချိုးပြီး နွေးထွေးစွာ နေပါ။ အအေးမိလျှင် တုပ်ကွေးရောဂါ

ထက်ထက်မိုးဦးပြောတဲ့ တက်တူးအကြောင်း

Photo: ထက်ထက်မိုးဦးပြောတဲ့ တက်တူးအကြောင်း
Tuesday, June 3, 2014

ထက်ထက် ပါဝင်အကြံပြုရမှာက အရေပြားပေါ်က အနုပညာအလှတရားများနဲ့ တက်တူးအကြောင်းဆိုတော့ ပါဝင်ပတ်သက်ခွင့်ရတာကိုပျော်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ထက်ထက် ကိုယ်တိုင်တက်တူးကို မြတ်နိုးသဘောကျလို့ ထိုးထားဖြစ်တာရယ်၊ တက်တူး ဆိုတာ လွတ်လပ်စွာနဲ့ကိုယ့်စိတ်ထဲရှိတာကို ခန္ဓာကိုယ်ပေါ် မှာ ဖော်ပြခွင့်ရတဲ့ အရာတစ်ခုမို့ပါ။
ဘယ်သူ့ကိုမှမထိခိုက်ဘဲနဲ့ကိုယ့်မြတ်နိုးတဲ့ပုံရိပ်၊ကိုယ်ကြိုက်တဲ့ပုံကို
ကိုယ့်ရဲ့ခန္ဓာကိုယ်အရေပြားမှာ အနာခံပြီး တော့မှတင်ပြခွင့်ရှိတယ်။
တချို့ကတော့ တက်တူးထိုးလိုက်တာကို မကြိုက်ဘူး။ အရင်က ရိုးရိုးနေပြီးမှဒါကိုထိုးဖြစ်တာဆိုတော့ပရိသတ်က မကြိုက်ကြ ဘူး။ဘယ်သူ့ကိုမှစော်ကားခြင်း လည်းမ ဟုတ်ဘူး။ ဘယ်သူ့ ကိုမှမလေးမစားလုပ်တာလည်းမဟုတ်ပါဘူး။ပရိသတ် ကတော့ ချစ်လို့ပြောကြပေမယ့် ထက်ထက် ထိုးမိသွားခဲ့တဲ့ အတွက်ပရိသတ် ကိုတောင်းပန် တယ်။ပရိသတ်ကလည်း ကိုယ့် ကို ချစ် လို့၊ စိုးရိမ်လို့ပြောကြတာလေ။ တက်တူးမထိုးခင်က ထိုး လိုက်ရင် မှားသွားမလားဆိုတဲ့ စိတ်ကတော့ရှိတယ်။

ဟိုအရင်တက်တူး မထိုးခင်က တော့နိုင်ငံခြား သွားရင်း အမြဲတွေ့တယ်။ တက်တူး ကိုအမျိုးမျိုးထိုးကြတယ်။ တချို့ ကသူတို့ မိသားစုပုံတွေကို ထိုးထားကြတယ်။ တချို့ ကျ တော့ လည်း မိန်းကလေး တွေဆိုရင် အသည်းပုံလေးတွေ ပန်းပုံလေး တွေကိုထိုးထားကြတယ်။ အဲဒါ လေးတွေကို ကြည့်ပြီးတော့ လွန်ခဲ့တဲ့တစ်နှစ်ကျော် ကာလ က စိတ်ဝင်စားခဲ့တယ်။
ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်မယုံကြည် တော့ မထိုးရဲဘူး။အစက ကိုယ်ကိုယ် တိုင်လည်း မကြိုက်ခဲ့ဘူးလေ။ အဲဒါကြီးကိုထိုးလိုက်ရင် အသား နာမယ်ဆို တဲ့အသိနဲ့ပေါ့။ဒါ ပေ မဲ့တကယ်ထိုး မယ်ဆိုတဲ့အ ချိန်၊ စိတ်က အလိုအလျောက် အချိန် ကျလို့ထိုးချင်တဲ့စိတ်ဖြစ်လာ တော့ တား မရတော့ဘူး။ ထိုးချင်တဲ့ စိတ်ကြောင့် ထိုးနေရတဲ့ အပေါ် မှာစိတ်ရဲ့လွတ်လပ်မှု ကြည်နူးမှု အဲဒါတွေ အကုန်လုံး ပေါင်းစပ်ပြီး တော့ကိုယ့်ကိုယ် ကိုယ်ထိုးနေရ တာနဲ့ တင်ပျော်နေတာ။ကိုယ်ကြိုက်လို့ကိုယ့်လွတ် လပ်မှုအရထိုးတာ ပဲလို့ ပြန်တွေးခဲ့တယ်။

ဒီတက်တူးကို တက်တူး ပညာရှင်ကိုတွတ်ပီနဲ့ မန္တလေး မှာထိုးဖြစ်ခဲ့ တာ။ဘယ်ဘက် ခြေသလုံးပေါ်မှာ ထိုးဖို့ရွေးခဲ့ တာကပုံကိုကြီးတာ ထိုးချင်တာ။ ပုံသေးသေးထိုး လည်းနာမယ့် အတူတူတော့ သေးသေးဆိုရင် စိတ်ခံစားမှု သိပ်လွတ်လပ်မှာ မဟုတ်တော့ ကျယ်ကျယ်ပြန့် ပြန့်ထိုးလို့ရတဲ့ ခြေသလုံးမှာပဲ ထိုးဖြစ်ခဲ့တာ။ ဒီတစ်ေ တာင်လောက်ရှိတဲ့ တက်တူးပုံကို ည၈နာရီ ကနေ စထိုးလိုက်တာ ည၁၁ နာရီ အထိရောက်သွားတယ်။ ထိုးထိုး ချင်းတအားနာတယ်။
ဒါပေမဲ့ ထိုးပေးတဲ့သူကလည်း သေချာ စေ့စပ်တယ်။ဘယ်လောက်ကြာ မယ်ဆိုတာမျိုးလည်းမပြောထားပေမယ့် စိတ်မပျက်သွား ဘူး။ ထက်ထက်ကတစ်ခုခု လုပ် ဖို့ဆုံးဖြတ်ထားပြီးရင် ဘာမဆိုလုပ်ရင်ဆုံး ခန်းတိုင်အောင် လုပ်တယ်။ မလုပ်ဘူးဆိုရင် လည်း လုံးဝမလုပ်ဘူး။ အခု ထက်ထက်ထိုးထားတဲ့ တက်တူး ပုံကိုဘာကြောင့် ရွေးထိုးဖြစ်ခဲ့ လဲဆိုရင် တက်တူးပုံ ပန်းပုံ၊ အ သည်းပုံလိုမျိုး နူးနူး ညံ့ညံ့ တွေကိုမကြိုက်ဘူး။ ထက်ထက် က ယောက်ျားလေး ထိုးတဲ့စတိုင် ကိုပဲ ကြိုက်တယ်။ ဒီတက်တူးပုံက “မာယာ” လူမျိုးတွေရဲ့ ယဉ် ကျေးမှု တစ်ခုပုံစံပေါ့။ အမှန် ဆိုရင် အပြည့်ထပ်ထိုးရဦး မှာ။ဆေးအရောင် ထည့်ရမယ်ဆို တော့ထက်ထက်က အရောင် မကြိုက်တာနဲ့မလုပ်ဖြစ်သေးဘူး။ ပေါင်အထိဆက်ထိုး ဖို့ တော့ အစီအစဉ်ရှိတယ်။

လူငယ်တွေကို တက်တူး မထိုးနဲ့ဆိုတာမျိုးတော့ မပြော ချင်ဘူး။ လူငယ်တွေကိုပြောချင် တာကတက်တူးထိုးချင်ရင် ထိုးပစ်လိုက်။ကိုယ့်ကိုယ် ကိုယ် ပဲပိုင် တာလေ။ဘယ်သူကမှ ပိုင် တာမဟုတ်ဘူးလေ။ကိုယ့်ရဲ့ စိတ် ဆုံးဖြတ်ချက်နဲ့ လွတ်လပ် စွာထိုးပိုင်ခွင့်ရှိတယ်။ တက်တူး ဆိုတာကို ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ ထိုးပြီး သွားပြီ ဆိုရင်ဖျက်လို့ လည်းမရတော့ဘူး။ လိမ်ပြော လို့လည်းမရတော့ဘူး။ တက်တူးက ကိုယ့်ရဲ့စိတ်ကိုပြတာပဲ ဖြစ် သွားပြီ။ ကိုယ်ဘယ်လိုတက်တူး ထိုးထား တယ်ဆို တဲ့ အပေါ်မှာ မူတည်ပြီး အဓိပ္ပာယ်တွေရှိတယ်။ ခံစားချက်ရှိတယ်။
ဟိုး အရင်တုန်းကတော့ တက်တူး ဆိုရင်လူတွေက သိပ်စိတ်မဝင် စားကြဘူး။ စကား ထဲတောင် သိပ် ထည့်မပြောကြဘူး။ အခု ခေတ်ရေစီးကြောင်း အရတက် တူးတွေကို အနုပညာ လောက မှာပါ စိတ်ဝင်စားလာကြပြီဆို တော့ “ခေတ်ရေစီး ကြောင်းနှင့် အရေပြားပေါ်က အနုပညာ” အကြောင်း ပေါ်ပြူလာနဲ့ အတူ ထက်ထက်တို့ချစ်တဲ့ ပရိသတ်ကြီးကို တက်တူးရဲ့အကောင်းအဆိုး အကြောင်းအကျိုးကို တင်ဆက်ခွင့်ရလို့ ဝမ်းမြောက် ဝမ်းသာ ဖြစ်မိပါတယ်ရှင်။

ထက်ထက်မိုးဦး

Credit to: Popular Journal
ထက်ထက် ပါဝင်အကြံပြုရမှာက အရေပြားပေါ်က အနုပညာအလှတရားများနဲ့ တက်တူးအကြောင်းဆိုတော့ ပါဝင်ပတ်သက်ခွင့်ရတာကိုပျော်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ထက်ထက် ကိုယ်တိုင်တက်တူးကို မြတ်နိုးသဘောကျလို့ ထိုးထားဖြစ်တာရယ်၊ တက်တူး ဆိုတာ လွတ်လပ်စွာနဲ့ကိုယ့်စိတ်ထဲရှိတာကို ခန္ဓာကိုယ်ပေါ် မှာ ဖော်ပြခွင့်ရတဲ့ အရာတစ်ခုမို့ပါ။
ဘယ်သူ့ကိုမှမထိခိုက်ဘဲနဲ့ကိုယ့်မြတ်နိုးတဲ့ပုံရိပ်၊ကိုယ်ကြိုက်တဲ့ပုံကို

" တက်တူးမထိုးကြသူ လူငယ်အနုပညာရှင်တို့ ခေတ်အတွေး၊ ခေတ်အမြင်"

Photo: " တက်တူးမထိုးကြသူ လူငယ်အနုပညာရှင်တို့
ခေတ်အတွေး၊ ခေတ်အမြင်"
Tuesday, June 3, 2014

ခေတ်လူငယ်တွေထဲက ခေတ်ရေစီးကြောင်းထဲ စီးမျောလိုက်ပါရင်း လှလိုချင်စိတ်နဲ့ မိမိခန္ဓာကိုယ်အရေပြားပေါ်မှာ တက်တူးထိုးကြတဲ့ လူငယ်တွေရှိသလို တက်တူးရေး ထိုးခြင်း မပြုကြသူတွေလည်း ရှိကြပါတယ်။ အဲဒီလိုတက်တူးမထိုးကြသူတွေဟာ မကြိုက်နှစ်သက်လို့ မထိုးတဲ့ လူတွေ ရှိသလို ကြိုက်နှစ်သက်ပြီးမထိုးဖြစ်တဲ့ လူငယ်တွေလည်း ရှိနေကြပါတယ်။ ဒါကြောင့် တက်တူးမထိုးခြင်း၊ ထိုးခြင်းအပေါ် မှာကြိုက်ခြင်း၊ မကြိုက်ခြင်းခေတ် အတွေး၊ ခေတ် အမြင်များ ကို ခေတ်လူငယ်အနုပညာရှင်တို့ အားမေးမြန်းစုစည်း ဖော်ပြလိုက်ပါတယ်။

► အောင်ရဲလင်း
ကျွန်တော်ကတော့ တက်တူးကို ကြိုက်တယ်။ ဒါပေမဲ့ မထိုးဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တက်တူးက ပုံမှန်အနေအထားနဲ့ဆို မိုက်တယ်။ ကျွန်တော်တို့ သရုပ်ဆောင် တွေအနေနဲ့ကျတော့ တက်တူးက ထိုးပြီးသွားရင် ပြန်ဖျက်လို့မရတော့တဲ့အတွက်ကြောင့် တချို့ကာရိုက် တာတွေ ပြောင်းရတဲ့အခါကျတော့ ပြဿနာနည်းနည်း ရှိတယ်။ မမြင်တဲ့ နေရာမှာလည်း မထိုးချင်ဘူး။ တက်တူးက ပေါ်မှလည်းလှတာလေ။ ကျွန်တော်ကတော့ ကြိုက်တယ်။ အပြင်လူတစ်ယောက်ဆိုရင်တော့ ကျွန်တော် ထိုးဖြစ်ချင်ထိုးဖြစ်မယ်။ လက်ဖျံတွေမှာ ထိုးတာကို ပိုပြီးသဘောကျတယ်။ မိုက်တယ်။ နိုင်ငံခြားမင်းသားတွေကျတော့ ကြည့်ကောင်းတယ်။ သူတို့က အက်ရှင်တွေ ရိုက် တာများတော့ ကြည့် ကောင်းတယ်။
ကျွန်တော်တို့ကကျတော့ အစုံရိုက်ရတော့ ထိုးဖို့ဆိုတာ မဖြစ်ဘူး။ တချို့ဇာတ်ကားလေးတွေမှာတော့ ကာရိုက်တာ အရ လက်ဖျံမှာ တက်တူး
ဆွဲပြီး ရိုက်တာမျိုးတွေတော့ရှိတယ်။ အခုနောက်ပိုင်းတော့ တက်တူးတွေကြည့်ပြီး ကြိုက်ပါတယ်”

ချစ်သုဝေ
ဘယ်အကြောင်းအရာတစ်ခုမှာမှ မှားတယ်၊ မှန်တယ်မရှိဘူး။ ကိုယ့်ဘက်က မှန်တယ်မြင်တဲ့ဟာရယ်၊ သူ့ဘက်က မှန်တယ်မြင်တဲ့ဟာရယ်။ တကယ်မှန်နေတဲ့အမှန် တ ရားက တြိဂံတုံးလိုပဲ။ ရှုထောင့် ၃ ခုရှိတယ်။ မိန်းကလေးတစ်ယောက် တက်တူးထိုးခြင်းက မသင့်လျော်ဘူး၊ မှားတယ်လို့ပြောလို့မရဘူး။ သင့်တော်တယ်၊ မှန်တယ်လို့ လည်း
ပြောလို့မရဘူး။ အရေးကြီးတာက လူက ကိုယ့်ဆုံးဖြတ်ချက်၊ ကိုယ့်ရွေးချယ်မှုအပေါ်မှာ ကိုယ် တာဝန်ယူမှုအပြည့်အဝရှိဖို့ပဲ အရေးကြီးတယ်။ ဖြစ်ပေါ်လာတဲ့ အကျိုး ဆက်အားလုံး ကို နောင်တမရဘဲ နောင်တကင်း ကင်းနဲ့ ရှင်သန်နိုင်ဖို့ 
အရေးကြီးပါတယ်”

အေးဝတ်ရည်သောင်း
” ပေါက်စီက တက်တူးတော့ မထိုးဖြစ်ဘူး။ အငယ်မလေးဆို ထိုးတယ်။ ကိုယ်တိုင်ကျတော့ သတ္တိမရှိဘူး။ ကြောက်တယ် ထိုးရမှာကို။ သူများထိုးတာကိုကြည့်ပြီးတော့ ကြိုက်တယ်။ ကိုယ်တိုင်ထိုးဖို့က ပေါက်စီက စိတ်ကပြောင်းလဲတတ်တဲ့သူဆိုတော့ တက်တူးကထိုးပြီးဖျက်လို့လည်းမရတော့ မထိုးဖြစ်ဘူး။ တက်တူးက ဖက်ရှင်ဖြစ်လာ တယ်ပဲ ပြောပြော ကောင်းပါတယ်။ တအားကြီးများရင်တော့ ကြည့်မကောင်းဘူးလို့ထင်တယ်။ ဒါကလည်း ဂျန်နရေးရှင်းကပဲဖြစ်မှာပါ။ ဒါကလည်း ငယ်တဲ့သူတွေနဲ့ ကိုယ် နဲ့ ကျတော့ အမြင်မတူတာလည်း ဖြစ်ချင်ဖြစ်မှာပါ။ ကိုယ့်အတွက် ဘာမှမ ထိခိုက်ဘူးဆိုရင်တော့ ကောင်းပါတယ်။ ပြဿနာမရှိပါဘူး။ 
ကိုယ့်ကိုယ်ပေါ် မှာထိုးတာ ဆိုေ တာ့ ကောင်းပါတယ်”

သံသာဝင်း
” အရင်တုန်းကဆိုရင်တော့ တက်တူးထိုးတဲ့သူက ရှားတယ်။ ထိုးပြီးရင်လည်း ပြန်ဖျက်လို့မရဘူးလေ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ကိုယ့်သူငယ်ချင်းတွေထဲမှာကို တက်တူးထိုးနေကြတာအများကြီးပဲ။ တချို့ကလည်း ကိုယ့်ခံစားချက်တွေကို စာတွေနဲ့ခန္ဓာကိုယ်ပေါ်မှာ 
ထွင်းထားတဲ့ သဘောပေါ့။ တက်တူးထိုးတာ က ခေတ်ရေ စီးကြောင်းအရလို့လည်း ပြောလို့ရသလို၊ ကိုယ့်ဝါသနာအရလို့လည်း ပြောလို့ရပါတယ်။

အစ်မအနေနဲ့ကျတော့ ဒါကို လက်ခံလို့ မရဘူး။ ဒါပေမဲ့ သိပ်ပြီး ဝေဖန်လို့တော့ မရ ဘူး။ ပြီးတော့ ခေတ်ရဲ့ပြောင်းလဲလာမှုလည်း ဖြစ်ပါတယ်။ အရင်တုန်းကတော့ အစ်မကြားဖူးတယ်။ ဟုတ်မဟုတ်တော့ မသိဘူး။ တက်ထူးထိုးရင် အပ်တွေ ကနေ ရော ဂါပိုးကူးစက်တာ တွေကြားဖူးတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းတော့ စိတ်ချရအောင် လုပ်ဆောင်ကြ တယ်လို့တော့ကြားတယ်။ အရင်တုန်းကဆိုရင် တက်တူး ထိုးဖို့ကို တစ် ဘဝလုံးစာ စဉ်းစားရတယ်။ အခုကျတော့ သွားရင်းလာရင်းနဲ့ကို ဝင်ထိုးတာမျိုးကို တွေ့ဖူးတယ်။ ဒါကလည်း နည်းပညာ အ ရရော၊ ခေတ်အရရောဖြစ်တဲ့အတွက် အစ်မ အနေနဲ့အ
များကြီးတော့ မဝေဖန်တတ်ဘူး”

နေတိုး
တက်တူးထိုးတာကို သဘောကျတယ်။ ကြိုက်လည်း ကြိုက်တယ်။ ဒါပေမဲ့ ကိုယ်တိုင်ထိုးဖို့ကျတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့က မလွယ်ဘူးလေ။ ဇာတ်ကား ရိုက် တဲ့အခါ ကာရိုက်တာအရ တချို့ဇာတ်ဝင်ခန်းတွေကျတော့ တက်တူးနဲ့ဆိုတော့ အဆင်မပြေတာတွေ ရှိတယ်လေ။ ဇာတ်ဝင်ခန်းအရ လိုအပ်ရင် တက်တူး ဆွဲလိုက် တာ လုပ်လို့လည်းရနေတော့ လေ။ ထိုးလိုက်တော့ ပြန်ဖျက်ဖို့ကျ မလွယ်ဘူး။ “စေတန်ရဲ့ကချေသည်” ဇာတ်ကားဆိုလည်း ကျွန်တော်ဆွဲထားတယ်။ တချို့ကျတော့ တကယ့် အစစ်လို့တောင် ထင်ရတယ်။ တက်တူးထိုးထားတဲ့သူတွေဆို တချို့က လူမိုက်လိုလိုလို့ ထင်ကြတယ်။ ဒါအပြင်ပန်း ကြည့်ရုံနဲ့သူ့စိတ်ကို သိ နိုင်တာမှမဟုတ်တာ”

အေးမြတ်သူ
” လူတိုင်း ကိုယ့်ခံယူချက်နဲ့ ကိုယ်ပဲလေ။ တက်တူးကြိုက်တဲ့သူတွေပြော တာတော့ သေရင် ဒါပဲကိုယ့်နောက် ပါတာပေါ့တဲ့။ လူတိုင်းက ကိုယ့်စိတ်နဲ့ ကိုယ်လုပ်ကြတာ ပဲပေါ့။ ကိုယ်တွေကတော့ တက်တူးမရှိတဲ့သူဆိုတော့ သိပ်မသိဘူး။ တချို့က ပြောတော့ တက်တူးက စွဲတယ်၊ ထိုးစရှိရင် ထိုးချင်တယ်တဲ့။ အေးမြတ်သူက အသား နာ မှာ ကြောက်တယ်။ ကြိုက်တော့ကြိုက်တယ်။ တအားကြီး ခရေဇီတော့မဖြစ်ဘူး။ အိမ်က အစ်ကိုမှာလည်း တက်တူးတွေထိုးထားတာ ရှိတယ်။
ကြည့်လိုက်ရင်တော့ ကြည့်လို့ ကောင်းတယ်။ ကိုယ်တိုင် ထိုးဖို့ဆိုရင်တော့ တအားကြီးစိတ်ဝင်စားမှုမရှိဘူး။ ကောင်းသည်၊ ဆိုးသည်တော့ မဝေဖန်ချင်ဘူး။ အစ်မ တစ်ယောက်ဆိုရင် လိပ်ပြာပုံလေးထိုးထားတယ်။ လိပ်ပြာပုံ မကြိုက်ဘူးဆိုပြီး ဖျက်တော့ ပန်းပွင့်ဖြစ်သွားတယ်။ပိုကြီးသွားတယ်။
အဲဒီတော့ တစ်ခုသတိ ထားမိသွားတယ်။ တက်တူးကဖျက်လေကြီးလေပဲ”

ခင်လပြည့်ဇော်
” တက်တူးက အခုခေတ်မှာ ရေပန်းစားလာတယ်ဆိုတာ ဘာ ပဲပြောပြောကြိုက်တဲ့သူများလာလို့ လက်ခံလို့ ရေပန်းစားလာတာပါ။ လူတိုင်းကတော့ ကိုယ် ကြိုက်တာကို ကြိုက်သလိုလုပ်ပိုင်ခွင့်ရှိတယ်။ တက်တူးထိုးတဲ့အပေါ်မှာတော့ ဘာမှမဝေဖန်ပါဘူး။ ဒါပေမဲ့လပြည့် အနေနဲ့ ဆိုရင်တော့ တက်တူးထိုးတာကို ကြိုက်လည်းမကြိုက်ဘူး။ အားလည်း မပေးဘူး။ လပြည့်ကကိုယ့်ရဲ့အသားပေါ်မှာ တစ်ခုခုကြောင့် ထိခိုက်မိလို့ အမာရွတ်ကျန်ခဲ့ရင်တောင် လုံးဝမကြိုက်တဲ့သူဆိုတော့ တက်တူး ကြီးတစ်သက်လုံးရှိနေမှာဆိုရင် တစ်သက်လုံး ထိုးဖြစ်မှာမဟုတ်ပါဘူး။ မိန်းကလေးတွေလည်း ထိုးလာကြတာကို တွေ့ရပါတယ်။ 
လပြည့်ကတော့ တက်တူးကို လုံးဝကိုမကြိုက်တာပါ။ “

ပေါ်ပြူလာအဖွဲ့
Popular Journal
ခေတ်လူငယ်တွေထဲက ခေတ်ရေစီးကြောင်းထဲ စီးမျောလိုက်ပါရင်း လှလိုချင်စိတ်နဲ့ မိမိခန္ဓာကိုယ်အရေပြားပေါ်မှာ တက်တူးထိုးကြတဲ့ လူငယ်တွေရှိသလို တက်တူးရေး ထိုးခြင်း မပြုကြသူတွေလည်း ရှိကြပါတယ်။ အဲဒီလိုတက်တူးမထိုးကြသူတွေဟာ မကြိုက်နှစ်သက်လို့ မထိုးတဲ့ လူတွေ ရှိသလို ကြိုက်နှစ်သက်ပြီးမထိုးဖြစ်တဲ့ လူငယ်တွေလည်း ရှိနေကြပါတယ်။ ဒါကြောင့် တက်တူးမထိုးခြင်း၊ ထိုးခြင်းအပေါ် မှာကြိုက်ခြင်း၊ မကြိုက်ခြင်းခေတ် အတွေး၊ ခေတ် အမြင်များ

ထိုင်းစစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မဲဆောက်မြို့ရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား ဖမ်းဆီး

Myanmar Online News's photo.
Myanmar Online News's photo.
ထိုင်းနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် တရားမ၀င် နေထိုင်သူများကို ဖမ်းဆီးသည့် စစ်ဆင်ရေးတစ်ရပ်ကို ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံသား ၂၀၀ နီးပါး ဖမ်းဆီးခံခဲ့ရသည်ဟု သတင်းရရှိသည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်း မဲဆောက်အပါအ၀င် ကိုးမြို့ နယ်ရှိ စက်ရုံ၊ အလုပ်ရုံများတွင် မြန်မာရွှေ့ပြောင်းလုပ်သား နှစ်သိန်းကျော် ၀င်ရောက်လုပ်ကိုင်လျက်ရှိပြီး

Taken သရုပ်ဆောင် မင်းသားနှင့် စွယ်စုံရအနုပညာရှင် ဘန်စတီလာတို့ ရုပ်ရှင်ရိုက်ကူးရန် မြန်မာပြည်လာမည်

Photo: Taken သရုပ်ဆောင် မင်းသားနှင့် စွယ်စုံရအနုပညာရှင် ဘန်စတီလာတို့ ရုပ်ရှင်ရိုက်ကူးရန် မြန်မာပြည်လာမည်
Wednesday, June 4, 2014

ကမ္ဘာကျော် Taken ရုပ် ရှင်ဇာတ်လမ်းမှ အဓိကသရုပ် ဆေင်လီယမ်နယ်လ်ဆင်နှင့် စွယ် စုံရအမေရိကန်အနုပညာရှင် ဘန် စတီလာတို့နှစ်ဦးသည် မြန်မာ နိုင်ငံတွင် ရုပ်ရှင်ရိုက်ကူးရန်လာ ရောက်လေ့လာမှုများပြုလုပ်မည် ဖြစ်ကြောင်း ဦးသူရ(ဇာဂနာ) က ပြောကြားသည်။

အသက် (၄၉) နှစ်အရွယ် အမေရိကန်စွယ်စုံရအနုပညာရှင် ဘန်စတီလာနှင့် အသက် (၆၁) နှစ်အရွယ် အိုင်းရစ်သရုပ်ဆောင် လီယမ်နယ်လ်ဆင်တို့ နှစ်ဦးသည် မြန်မာနိုင်ငံတွင် ချွေးတပ်နှင့် ပတ် သက်သည့် ရုပ်ရှင်တစ်ကား ရိုက် ကူးရန် အစီအစဉ်ရှိသောကြောင့် လာရောက်မည်ဖြစ်ပြီး ယင်းကိစ္စနှင့် ပတ်သက်၍လည်း အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘သံဖြူဇရပ်အကြောင်းပါတဲ့ ဇာတ်ကားရိုက်ဖို့လည်းရှိတယ်လို့ ပြောတယ်။ လောလောဆယ် တော့ ဟိုမှာ ညှိနေတုန်းပဲ။ ဒါပေ မဲ့ အဲဒီဇာတ်ကားမရိုက်ဖြစ်ရင် တောင် သူတို့နှစ်ယောက်က တော့ မြန်မာနိုင်ငံကိုလာဖို့ အစီ အစဉ်ရှိတယ်’’ဟု ဦးသူရက ပြော ကြားသည်။

ဦးသူရသည် ဘန်စတယ် လာနှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုများရှိ ကာ အဆက်အသွယ်လည်းရှိပြီး နယူးယောက်ရေဒီယိုအစီအစဉ်တွင်လည်း နှစ်ယောက်အတူ ဟာသများ တင်ဆက်ဖူးသည်ဟု ပြောကြားသည်။ ဘန်စတီလာ လက်ရှိ ရိုက်ကူးနေသော ဇာတ်ကားမှာ လည်း ဇူလိုင်လကုန်မှ ပြီးစီးမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံသို့ လာမည်ဆိုပါက သြဂုတ်လတွင် အစောဆုံး ဖြစ်နိုင်သော်လည်း မြန်မာနိုင်ငံ၌ မိုးများရွာနေသော ကြောင့် လာရောက်မည်ဆိုလျှင် စက်တင်ဘာလောက်မှသာ လာ ရောက်ရန် ၎င်းက အကြံပေးထား သည်ဟု ဆိုသည်။

ဘန်စတီလာသည် ရုပ်ရှင် မင်းသား၊ ဟာသသရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ဇာတ် ညွှန်းရေးသားသူ စသည့် အနုပညာမျိုးစုံဖြင့် အသက်မွေးဝမ်း ကျောင်း ပြုခဲ့သည့် စွယ်စုံအနုပ ညာရှင်တစ်ဦးဖြစ်ပြီး Night at the Museum၊ Meet the Fockersအပါအ၀င် ရုပ်ရှင်ဇာတ်ကားအ  မြောက်အမြားရိုက်ကူးခဲ့သူလည်း ဖြစ်သည်။ လီယမ်နယ်လ်ဆင် သည် Taken ရုပ်ရှင်ဇာတ်လမ်း များအပါအ၀င် Michael Collins၊ Les Miserables၊ Batman Begins၊ Kinsey၊ Clash of the Titans စသည့် ဇာတ်လမ်းများ တွင် ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။

7Day Daily
ကမ္ဘာကျော် Taken ရုပ် ရှင်ဇာတ်လမ်းမှ အဓိကသရုပ် ဆေင်လီယမ်နယ်လ်ဆင်နှင့် စွယ် စုံရအမေရိကန်အနုပညာရှင် ဘန် စတီလာတို့နှစ်ဦးသည် မြန်မာ နိုင်ငံတွင် ရုပ်ရှင်ရိုက်ကူးရန်လာ ရောက်လေ့လာမှုများပြုလုပ်မည် ဖြစ်ကြောင်း ဦးသူရ(ဇာဂနာ) က ပြောကြားသည်။
အသက် (၄၉) နှစ်အရွယ် အမေရိကန်စွယ်စုံရအနုပညာရှင် ဘန်စတီလာနှင့် အသက် (၆၁) နှစ်အရွယ် အိုင်းရစ်သရုပ်ဆောင် လီယမ်နယ်လ်ဆင်တို့ နှစ်ဦးသည် မြန်မာနိုင်ငံတွင် ချွေးတပ်နှင့် ပတ် သက်သည့်

ဇာတိမြေသို့ ပြန်စရာမလိုဘဲ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းကို မိမိနေထိုင်ရာမြို့နယ်တွင် ပြုလုပ်နိုင်တော့မည်

Photo: ဇာတိမြေသို့ ပြန်စရာမလိုဘဲ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းကို မိမိနေထိုင်ရာမြို့နယ်တွင် ပြုလုပ်နိုင်တော့မည်
Wednesday, June 4, 2014

ရပ်ဝေးသို့ရောက် ရှိနေသူများအနေဖြင့်ယင်းတို့၏နိုင်ငံ သားစိစစ်ရေးကတ်နှင့်
အိမ်ထောင် စုလူ ဦးရေစာရင်း တို့ကို မိမိဇာတိသို့ သွားစရာမလိုဘဲ လက်ရှိနေထိုင်ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုး 

သားမှတ်ပုံတင်ဦးစီးဌာနမှူးရုံး၌ လူ ကိုယ်တိုင်သွားရောက် လျှောက်ထား ၍ရကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည် ထောင်စုဒုတိယဝန်ကြီး ဦးကျော် ကျော်ဝင်းက ပြောသည်။

ဇွန် ၃ ရက် က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ်အမျိုး သားလွှတ်တော်ဒသမပုံမှန်အစည်း အဝေးစတုတ္ထနေ့တွင် ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၆)မှ ဦးခင်မောင် လတ်၏ မေးမြန်းချက်အပေါ်ဝန်ကြီး က ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် တစ်ဦးချင်း သော်လည်းကောင်း၊ မိသားစုချင်း လိုက်သော်လည်းကောင်း နေရာရွှေ့ ပြောင်းသူများရှိရာ အကြောင်းအမျိုးမျိုး ကြောင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း ပျောက်ဆုံးသွား လျှင် အခက်အခဲများ စွာဖြစ်ပေါ်တတ် ကြောင်း ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၆)မှ ဦးခင်မောင်လတ်က ပြောဆိုခဲ့သည်။

ယခုအခါ ကြားဖြတ်ရွေးကောက် ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲကြီးနဲ့လည်း နီးကပ်လာပြီးဖြစ်သည့်အတွက်လည်း တိုင်းရင်းသား လူမျိုးများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ် ထောင်စုစာရင်းများလက်ဝယ်မရှိမှု များကြောင့် မဲထည့်ရမည့်အခွင့်အရေး များ ဆုံးရှုံးရမည့်အနေအထားများ ဖြစ်လာနိုင်ကြောင်း ဦးခင်မောင်လတ် က ပြောခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး လဝက ဒုတိယ ဝန်ကြီးက မဲဆန္ဒပြင်ပရောက် အခြားမဲဆန္ဒရှင်များသည် မိမိတို့၏ အမြဲတမ်းနေရပ်သို့ သွားရောက်ပြီး မဲပေးလိုခြင်းမရှိပါက မိမိတို့ရောက် ရှိနေသော မဲဆန္ဒနယ်မှရွေးကောက် ခံသောလွှတ်တော်ကိုယ်စား လှယ် လောင်း များကို ဆန္ဒမဲပေးပိုင်ခွင့်ရရှိ စေရန် ဝန်ထမ်းဖြစ်ပါက သက်ဆိုင် ရာနယ်မြေရှိ လုပ်ငန်းတာဝန်ခံ ၏ ထောက်ခံချက် ကိုလည်းကောင်း၊

အလုပ်သမားဖြစ်ပါက သက်ဆိုင်ရာ လုပ်ငန်းရှင်(သို့မဟုတ်) လုပ်ငန်းရှင် ကိုယ်စားလှယ်၏ထောက်ခံချက်ကို လည်းကောင်း၊ သီးခြားဖြစ်ပါကကိုယ် တိုင်ဝန်ခံချက်ကိုလည်းကောင်း ဖော် ပြပြီး ကျေးရွာအုပ်စု၊

အုပ်ချုပ်ရေးမှူး ၏ ထပ်ဆင့်ထောက် ခံချက်ကိုမဲ စာ ရင်း၌ မိမိအမည်ကိုထည့်သွင်းပေး နိုင်ရန် ရွေးကောက်ပွဲမကျင်းပမီ ရက်ပေါင်း ၃ဝထက်နောက် မ ကျစေ ဘဲ သက်ဆိုင်ရာရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုကော်မရှင်သို့ ပုံစံ - ၃(က)ဖြင့် လျှောက်ထားကာ မဲ ပေးနိုင်ကြောင်း ဖြေကြားခဲ့သည်။

ယင်းအပြင် အသက် ၁၀ နှစ် ပြည့် (သို့မဟုတ်) အသက်၁၈ နှစ် ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအား အိမ်ထောင်စု လူဦး ရေစာရင်းနှင့် မိမိနေထိုင်ရာ မြို့နယ်တွင် လူကိုယ် တိုင်ဆောင် ရွက်ရသောလုပ်ငန်းဖြစ် ၍ မိမိမွေးဖွားခဲ့ရာဇာတိ/မြို့နယ် သို့ ပြန်လည်သွားရောက်လုပ်ကိုင် ရန်မလိုအပ်ဘဲ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် မိမိလက်ရှိနေထိုင်သော မြို့နယ်လူ ဝင်မှုကြီးကြပ်ရေးနှင့် အမျိုး သားမှတ်ပုံတင်ဦးစီးဌာနမှူးရုံး၌ လူ ကိုယ်တိုင် သွားရောက်လျှောက်ထား ၍ရကြောင်း လဝက ဒုတိယဝန်ကြီးက ပြောသည်။

Democracy today Daily Newspaper
ရပ်ဝေးသို့ရောက် ရှိနေသူများအနေဖြင့်ယင်းတို့၏နိုင်ငံ သားစိစစ်ရေးကတ်နှင့်
အိမ်ထောင် စုလူ ဦးရေစာရင်း တို့ကို မိမိဇာတိသို့ သွားစရာမလိုဘဲ လက်ရှိနေထိုင်ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုး သားမှတ်ပုံတင်ဦးစီးဌာနမှူးရုံး၌ လူ ကိုယ်တိုင်သွားရောက် လျှောက်ထား၍ရကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ
 ပြည် ထောင်စုဒုတိယဝန်ကြီး ဦးကျော် ကျော်ဝင်းက ပြောသည်။
ဇွန် ၃ ရက် က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ်အမျိုး သားလွှတ်တော်ဒသမပုံမှန်အစည်း

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...