အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 June, 2014

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ဇွန်လ ၇ ရက်နေ့ ထုတ်ပြန်မည်

Photo: တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ဇွန်လ ၇ ရက်နေ့ ထုတ်ပြန်မည်

၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ၂၀၁၄ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်က The Voice သို့ ပြောကြားသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထွက်ရှိမည့်ရက်ကို အများ ပြည်သူ သိရှိစေရန်အတွက် အဆင့်မြင့်ပညာ ဦးစီးဌာနကလည်း တရားဝင် ထုတ်ပြန်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကဖြည့်စွက် ပြောကြား သည်။

မြန်မာတစ်နိုင်ငံလုံးတွင် စာစစ်ဌာနပေါင်း ၁၂၀၀ ကျော်ရှိပြီး အဆိုပါ စာစစ် ဌာနများကို အောင်စာရင်းအတွက် စာများပေးပို့ထားကြောင်း၊ စာစစ်ဌာနများ ထံ စာများရောက်ရှိကြောင်း အကြောင်းပြန်ပြီးမှသာ စာမေးပွဲ အောင်စာရင်း ထုတ်ပြန်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဦးမျိုးညွှန့်က ပြောကြားသည်။

“ညီမလေးတွေတော့ ဆယ်တန်း ဖြေထားတယ်။ သူတို့ကတော့ ထွက်ချင်တဲ့ အချိန်ထွက်၊ ထွက်ရင် အဖြေသိရမှာပဲလို့ ပြောကြတယ်။ ကျွန်တော်ကတော့ သူတို့ကိုယ်စား ရင်တုန်တယ်” ဟု ပုဇွန်တောင် မြို့နယ်နေ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

၂၀၁၄ ခုနှစ် မတ်လ ၁၂ ရက်မှ ၂၂ ရက်အထိ ကျင်းပပြုလုပ်ခဲ့သော ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပြည်တွင်း၊ ပြည်ပ စာဖြေဌာနများမှ ဝင်ရောက်ဖြေဆိုသူ လေးသိန်းကျော် ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဖြေဆိုသူ ကိုးသောင်းကျော်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဝင်ရောက် ဖြေဆိုသူ အများဆုံးဒေသ ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယမန်နှစ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ပြည်တွင်းနှင့် ပြည်ပစာဖြေဌာန ၁၂၉၆ ခုမှ ဝင်ရောက် ဖြေဆိုသူ ၄၈၇,၄၁၀ ဦးရှိပြီး တစ်နိုင်ငံလုံး အောင်ချက် ရာခိုင်နှုန်းမှာ ၃၄ ဒသမ ၃၃ ကျော် ဖြစ်ကြောင်း၊ အဆိုပါ ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးက ၃၃ ဒသမ ၃၉ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

ပညာရေး ဝန်ကြီးဌာနသည် နှစ်စဉ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ဇွန်လဒုတိယပတ် နောက်ပိုင်းတွင်သာ ထုတ်ပြန် ကြေညာခဲ့သည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...