အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

06 June, 2013

ချဲလ်ဆီး အသင်း၏ ဘန်ကောက် ခြေစမ်းပွဲ ခရီးစဉ် မြန်မာ ပရိသတ်များ ကြည့်ရှုနိုင်ရန် ဝန်ဆောင်မှု ပေးနေ

ဇူလိုင်လ အတွင်း ထိုင်းနိုင်ငံသို့ လာရောက် ခြေစမ်းပွဲ ကစားမည့် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်းပွဲစဉ်အား ကြည့်ရှုလိုသူ မြန်မာ ပရိသတ် များကို သူရိယ အင်တာနေရှင်နယ် ကုမ္ပဏီက ပွဲကြည့်ရှုနိုင်ရန် စီစဉ်ပေးလျက် ရှိကြောင်း သိရသည်။ ဇူလိုင်လ ၁၇ ရက်နေ့ တွင် ချဲလ်ဆီးနှင့် ထိုင်း All Star အသင်းတို့ ကစားမည့် အဆိုပါ ပွဲစဉ်အား ကျပ် ငါးသိန်းခွဲခန့် ဖြင့် ဝန်ဆောင်မှု ပေး၍ ပို့ ဆောင်ပေး မည်ဖြစ်ကြောင်း သူရိယ အင်တာနေရှင်နယ်မှ ဦးမျိုးဝေတင့်က ပြောသည်။
”ဇူလိုင် ၁၃ ရက်မှာ ကစားမယ့် မန်ယူပွဲက လက်မှတ်ကုန် ပါပြီ။ ချဲလ်ဆီး ပွဲကတော့ ဇွန် ၈ ရက်နေ့လောက် ဆိုရင် ကုန် မယ် နဲ့တူတယ်။ လက်မှတ်က ထိုင်းက Sport Department ကနေ ဦးရာလူ စနစ် နဲ့ ရောင်းချပေးနေတာပါ” ဟု ၄င်းက ပြော သည်။

ပရီးမီးယားလိဂ် ချန်ပီယံ မန်ယူ အသင်းမှာ ဇူလိုင်လ ၁၃ ရက်နေ့တွင် ထိုင်း All Star အသင်းနှင့် လာရောက် ခြေစမ်း မည်ဖြစ်ပြီး ချဲလ်ဆီး အသင်းမှာ ဇူလိုင်လ ၁၇ ရက်နေ့ တွင် ယင်းအသင်းနှင့်ပင် ကစားမည်ဖြစ်သည်။ ယင်းခြေစမ်း ပွဲနှစ်ပွဲ အတွက် မြန်မာနိုင်ငံမှ သွား ရောက်ကြည့်ရှုလို သူများအား ပြီးခဲ့သည့် ဧပြီလ ကတည်းက လက်မှတ် များ ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

ထို့အပြင် အခြား ပရီးမီးယားလိဂ် အသင်းကြီး ဖြစ်သည့် အာဆင်နယ် အသင်းမှာ ဇူလိုင်လ ၁၄ ရက် နေ့တွင် အင်ဒိုနီးရှား နိုင်ငံ၌ အင်ဒိုနီးရှား All Star အသင်းနှင့် လာရောက်ခြေစမ်း မည်ဖြစ်ကြောင်း၊ လီဗာပူးလ် အသင်းမှာလည်း ဇူလိုင် ၂ဝ ရက် နေ့၌ အင်ဒိုနီးရှား နိုင်ငံ၌ပင် အင်ဒိုနီးရှား All Star အသင်း နှင့် လာရောက် ခြေစမ်း မည် ဖြစ်သည်။
ဘန်ကောက်၌ လာရောက် ခြေစမ်း ကစားမည့် ချဲလ်ဆီး အသင်း၏ ပွဲစဉ်အား သွားရောက် ကြည့်ရှုလို သူများအနေဖြင့် thuriyabkk@gmail.com သို့ဆက် သွယ်နိုင်ကြောင်း သိရသည်။

မိုးမြင့်
Popular Myanmar News Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...