ရန်ကုန်တိုင်းဒေသကြီး၏
အကြီးဆုံး စက်မှုဇုန်တစ်ခုဖြစ်သော လှိုင်သာယာ စက်မှုဇုန်များတွင် လုပ်ငန်း
တိုးချဲ့လုပ်ကိုင်ရန်အတွက် မြေကွက်များ မကျန် ရှိတော့ကြောင်း
လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြော ကြားသည်။ လှိုင်သာယာစက်မှုဇုန် ၁၊ ၂၊ ၃၊ ၄၊ ၆၊ ၇ တို့တွင် လုပ်ငန်းလည်ပတ်မှု မရှိသည့်
စက်ရုံ၂၀ ခန့်သာ ကျန်ရှိပြီး ဧက ၁၀၀၀ ကျော် ကျယ်ဝန်းသော ယင်းစက်မှု ဇုန်တွင်
စက်ရုံ၊ အလုပ်ရုံပေါင်း ၅၈၀ ခန့်ရှိသောကြောင့် အဆောက်အအုံ ထပ်မံ တည်ဆောက်၍
ရင်းနှီးမြှုပ်နှံမှုပြုလုပ် ရန် မဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိ လည်ပတ်လျက်ရှိသော စက်ရုံအလုပ်ရုံများတွင် အထည်ချုပ် လက်ခ စား စက်ရုံ ၅၀ နီးပါး ပါဝင်ပြီး အရေအတွက် အများဆုံးဖြစ်သည်ဟု ၎င်းက ဆိုသည်။
"ရင်းနှီးမြှုပ်နှံမှုကတော့ တိုးနေတယ်။ ဒါပေမဲ့ အသစ်နည်းတယ်။ မြေက လည်း ဧက ၄၀ လောက်ပဲ ရှိတော့တယ်။ ပိတ်ထားတဲ့ စက်ရုံတွေ ပြန်ဖွင့် တာ၊ အရင် လုပ်ကိုင်နေတဲ့ တိုင်းရင်းသား လုပ်ငန်းရှင်နဲ့ နိုင်ငံခြားသား ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံတာတွေ ထပ်တိုးလာတယ်" ဟု ၎င်းက ဆိုသည်။
မြေနေရာ အခက်အခဲကြောင့် လှိုင်သာယာ စက်မှုဇုန်များတွင် ရင်းနှီးမြှုပ်နှံမှု အသစ် တိုးလာမှု နည်းပြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) နှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တို့သို့ ပြောင်းရွှေ့ ရင်းနှီးမြှုပ်နှံလာကြောင်း အဆိုပါ လှိုင်သာယာ စက်မှုဇုန် လုပ်ငန်းရှင်များက ဆိုသည်။
လှိုင်သာယာ စက်မှုဇုန် (၅) တွင် မြေဧက ၂၃၀ နီးပါးရှိပြီး မြေလွတ်ဧက ၃၀ နီးပါးသာ ကျန်ရှိတော့ကြောင်း၊ ယင်းကဲ့သို့ မြေလွတ်မရှိ၍ ရင်းနှီးမြှုပ်နှံမှု နည်းလာသော်လည်း မြေဈေးမှာ ငါးဆခန့်မြင့်တက်သွားကြောင်း လှိုင်သာယာစက်မှုဇုန် (၅) စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်မောင် က ပြောကြားသည်။
"လွန်ခဲ့တဲ့ လေးနှစ်လောက်က စက်မှုဇုန်မြေဈေးက တစ်ဧကသိန်း ၆၀၀ ဝန်းကျင်။ အခုက သိန်း၂၅၀၀ နီးပါး ရှိနေပြီ" ဟု ၎င်းက ဆိုသည်။
ရင်းနှီးမြှုပ်နှံမှုအတွက် မြေနေရာ မကျန်သော်လည်း လုပ်ငန်းလုပ်ကိုင်ခြင်း မပြုဘဲ စက်ရုံ၊ အလုပ်ရုံနှင့် ဂိုဒေါင် ဆောက်လုပ်၍ အဆောက်အအုံ ငှားရမ်းနေမှုများရှိ၍ အမှန်တကယ် ရင်းနှီးမြှုပ်နှံသူများအတွ က် လုပ်ငန်း စတင်ရန် ခက်ခဲလျက် ရှိသည်ဟု အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ထောက်ပြသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ပြည်ပရင်းနှီးမြှုပ်နှံသူများသည်
မြန်မာနိုင်ငံ တွင် မြေဝယ်ယူခွင့် မရှိသည့်အချက်ကို အခွင့်ကောင်းယူ၍ ရေ၊
မီးနှင့် သွားလာရေး အဆင်ပြေသော စက်မှုဇုန်များတွင် မြေနှင့်အဆောက်
အအုံဈေးများ မြင့်တက်လာခြင်းဖြစ်ကြောင်း ပြည်တွင်း စီးပွားလုပ်ငန်းရှင် များထံမှ သိရသည်။
ွှThe Voice Weekly
လက်ရှိ လည်ပတ်လျက်ရှိသော စက်ရုံအလုပ်ရုံများတွင် အထည်ချုပ် လက်ခ စား စက်ရုံ ၅၀ နီးပါး ပါဝင်ပြီး အရေအတွက် အများဆုံးဖြစ်သည်ဟု ၎င်းက ဆိုသည်။
"ရင်းနှီးမြှုပ်နှံမှုကတော့ တိုးနေတယ်။ ဒါပေမဲ့ အသစ်နည်းတယ်။ မြေက လည်း ဧက ၄၀ လောက်ပဲ ရှိတော့တယ်။ ပိတ်ထားတဲ့ စက်ရုံတွေ ပြန်ဖွင့် တာ၊ အရင် လုပ်ကိုင်နေတဲ့ တိုင်းရင်းသား လုပ်ငန်းရှင်နဲ့ နိုင်ငံခြားသား ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံတာတွေ ထပ်တိုးလာတယ်" ဟု ၎င်းက ဆိုသည်။
မြေနေရာ အခက်အခဲကြောင့် လှိုင်သာယာ စက်မှုဇုန်များတွင် ရင်းနှီးမြှုပ်နှံမှု အသစ် တိုးလာမှု နည်းပြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) နှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တို့သို့ ပြောင်းရွှေ့ ရင်းနှီးမြှုပ်နှံလာကြောင်း
လှိုင်သာယာ စက်မှုဇုန် (၅) တွင် မြေဧက ၂၃၀ နီးပါးရှိပြီး မြေလွတ်ဧက ၃၀ နီးပါးသာ ကျန်ရှိတော့ကြောင်း၊ ယင်းကဲ့သို့ မြေလွတ်မရှိ၍ ရင်းနှီးမြှုပ်နှံမှု နည်းလာသော်လည်း မြေဈေးမှာ ငါးဆခန့်မြင့်တက်သွားကြောင်
"လွန်ခဲ့တဲ့ လေးနှစ်လောက်က စက်မှုဇုန်မြေဈေးက တစ်ဧကသိန်း ၆၀၀ ဝန်းကျင်။ အခုက သိန်း၂၅၀၀ နီးပါး ရှိနေပြီ" ဟု ၎င်းက ဆိုသည်။
ရင်းနှီးမြှုပ်နှံမှုအတွက် မြေနေရာ မကျန်သော်လည်း လုပ်ငန်းလုပ်ကိုင်ခြင်း မပြုဘဲ စက်ရုံ၊ အလုပ်ရုံနှင့် ဂိုဒေါင် ဆောက်လုပ်၍ အဆောက်အအုံ ငှားရမ်းနေမှုများရှိ၍ အမှန်တကယ် ရင်းနှီးမြှုပ်နှံသူများအတွ
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ပြည်ပရင်းနှီးမြှုပ်နှံသူမျ
ွှThe Voice Weekly