Vodafone ကုမ္ပဏီသည် မြန်မာနိုင်ငံ မိုဘိုင်းလ်ဖုန်းတင်ဒါ ယှဉ်ပြိုင်ခြင်း
မှ နှုတ်ထွက်ပြီးနောက် ဘီလျံနာ ဂျော့ဆိုရော့စ် ကျောထောက်နောက် ခံထားသော
Digicel က မြန်မာနိုင်ငံ မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုအတွက်
အဓိကယှဉ်ပြိုင်သူအဖြစ် ပေါ်ထွက်လာခဲ့ကြောင်း သိရှိရသည်။ကရစ်ဘီယန် အခြေစိုက် Digicelကို အိုင်းရစ်ရှ် ဘီလျံနာဒင်းနစ်
အိုဘရိုင်ယန်က ပိုင်ဆိုင်ပြီး မြန်မာ့ဆက်သွယ်ရေးမှ ရွေးချယ်သော ဆန်ကာတင်
ကုမ္ပဏီ ၁၂ခုတွင်ပါဝင်ခဲ့သည်။
မြန်မာနိုင်ငံတွင် လူငယ် လူရွယ်များပြီး ၊ စီးပွားရေးအခွင့်အလမ်းကောင်း များလည်း ရှိနေခြင်းကြောင့် ဤဆက်သွယ်ရေးဝန်ဆောင်မှု လိုင်စင်သည် အခွင့်အရေးကောင်းတစ်ရပ်ပင်ြ ဖစ်သည်။
Digicel သည် မြန်မာနိုင်ငံဈေးကွက်ကိုဝင်ရောက်ရန် ကာလကြာမြင့်စွာ ကြိုးစားခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအသင်းအ တွက်စပွန်ဆာပေးခြင်းကိုလည်း လုပ်ဆောင်ခဲ့သည်။
“ ဘယ် ကုမ္ပဏီကပဲဝင်လာဝင်လာ၊ ပြည်သူတွေအတွက် ဈေးသက်သက် သာသာ လွယ်လွယ်ကူကူ ရရင် ကောင်းတာပေါ့။
ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းပါတယ်။ “ ဟုDigicel၏ တင်ဒါယှဉ်ပြိုင်မှု ဦးဆောင်နေခြင်းကို လူငယ်တစ်ဦးမှ သုံးသပ်ခဲ့သည်။
Vodafoneနှင့်China Mobileသည်မြန်မာနိုင်ငံဆက်သွယ်ရေးတင်ဒါ ယှဉ်ပြိုင်သူအဖြစ်မှ မေလ ၃၁ရက်နေ့တွင် နှုတ်ထွက်ခဲ့သည်။
ကိုဒေ (မြစ်မခ)/မြန်မာခရိုနီကယ်
မြန်မာနိုင်ငံတွင် လူငယ် လူရွယ်များပြီး ၊ စီးပွားရေးအခွင့်အလမ်းကောင်
Digicel သည် မြန်မာနိုင်ငံဈေးကွက်ကိုဝင
“ ဘယ် ကုမ္ပဏီကပဲဝင်လာဝင်လာ၊ ပြည်သူတွေအတွက် ဈေးသက်သက် သာသာ လွယ်လွယ်ကူကူ ရရင် ကောင်းတာပေါ့။
ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းပါတယ်။ “ ဟုDigicel၏ တင်ဒါယှဉ်ပြိုင်မှု ဦးဆောင်နေခြင်းကို လူငယ်တစ်ဦးမှ သုံးသပ်ခဲ့သည်။
Vodafoneနှင့်China Mobileသည်မြန်မာနိုင်ငံဆက်သ
ကိုဒေ (မြစ်မခ)/မြန်မာခရိုနီကယ်