အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

03 June, 2013

ရန်ကုန်မြို့တော် စည်ပင်သာယာပိုင် မြေပေါ်တွင် မဟုတ်ဘဲ ပုဂ္ဂလိကပိုင် မြေခြံဝန်းများတွင် စိုက်ထူသော မြေစိုက်နှင့် နံရံကပ်ကြော်ငြာ ဆိုင်းဘုတ်များ၏ အခွန်များကို တိုးမြှင့်

ရန်ကုန်မြို့တော် စည်ပင်သာယာပိုင် မြေပေါ်တွင် မဟုတ်ဘဲ ပုဂ္ဂလိကပိုင် မြေခြံဝင်းများတွင် စိုက်ထူသော မြေစိုက်နှင့် နံရံကပ် ကုမ္ပဏီကြော်ငြာ ဆိုင်းဘုတ်များ၏ အခွန်များကို လက်ရှိ ကောက်ခံလျက်ရှိသော နှုန်းထားမှ တိုးမြှင့်လိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကြေညာချက်အရ သိရသည်။စည်ပင်သာယာပိုင်မြေတွင် မဟုတ်ဘဲ ပုဂ္ဂလိကပိုင် မြေပေါ်တွင် ကြော်ငြာသော စတုရန်းပေ ၃၀၀ နှင့်အထက် နံရံကပ်ကြော်ငြာ တစ်စတုရန်းပေအတွက် ယခင် ၄၅၀၀ ကျပ်နှုန်း ကောက်ခံရာမှ ယခုကျပ် ၁၀၀၀၀ နှုန်းဖြင့် တိုးမြှင့် ကောက်ခံသွားမည် ဖြစ်ကြောင်း၊ စတုရန်းပေ ၃၀၀ နှင့်အထက် နံရံကပ်ကြော်ငြာ၏ တစ်စတုရန်းပေအတွက် ယခင် ကျပ် ၃၀၀၀ နှုန်း ကောက်ခံရာမှ ယခု ကျပ် ၅၀၀၀ နှုန်းဖြင့်တိုးမြှင့် ကောက်ခံသွားမည် ဖြစ်ကြောင်း၊ စတုရန်းပေ ၁၈၀ အောက် ခြံဝင်းအတွင်း မြေစိုက်ကြော်ငြာများအတွက် တစ်စတုရန်းပေလျှင် ယခင်ကျပ် ၃၀၀၀ မှယခုကျပ် ၅၀၀၀ သို့ အသီးသီး တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

''ပုဂ္ဂလိကပိုင် မြေခြံတွေထဲမှာ ကြော်ငြာဘုတ် ထောင်ချင်တဲ့အတွက် ခြံပိုင်ရှင်နဲ့ညှိပြီး တစ်နှစ်ကို သိန်း ၃၀၊ ၄၀ စသည်ဖြင့်ပေးပြီး စိုက်ထူဖို့ စာချုပ်ချုပ်ကြပါတယ်။ ခြံရှင်ကိုလည်း ပေးရတဲ့အပြင် စည်ပင်ကို အဲဒီကြော်ငြာဘုတ်အတွက် အခွန်ငွေ ပေးသွင်းရတယ်။ အခုအဲဒီ အခွန်ငွေကို ထပ်တိုးလိုက်တယ်လို့ ကြားတယ်။ အရင်က စတုရန်းပေ ၆၀၀ ဆိုင်းဘုတ်အတွက် အခွန်နှုန်းထားက တစ်စတုရန်းပေ ၄၀၀၀ နဲ့ တွက်ရင် ၂၄ သိန်းလောက် ပေးသွင်းရရင် အခုသိန်း ၆၀ လောက် ပေးသွင်းရမှာပါ'' ဟု ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင် ကိုသန်းထွဋ်က ပြောကြားခဲ့သည်။

ယခုလက်ရှိတွင် စည်ပင်ပိုင် မြေပေါ်တွင် စိုက်ထူထားသော ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင်များ၏ ကြော်ငြာဆိုင်းဘုတ်များကိုလည်း စည်ပင်မှ လိုက်လံဖြုတ်သိမ်းနေပြီး မြို့တော်စည်ပင်၏ ကြော်ငြာဆိုင်းဘုတ်များဖြင့်သာ ကြော်ငြာရမည်ဟု သိရသည်

EMG

ရန်ကုန်မြို့တစ်နေရာတွင် စိုက်ထူထားသော နံရံကပ်ကြော်ငြာဆိုင်းဘုတ်တစ်ခုအား တွေ့ရစဉ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...