အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

03 June, 2013

ငယ်စဉ်ကပင် အထီးကျန် စိတ်ဝေဒနာ ခံစားနေရသော ၁၅ နှစ် အရွယ်လူငယ် ရူပဗေဒ ဘာသာရပ်တွင် ဒေါက်တာဘွဲ့ ရယူနိုင်တော့မည်

အသက် ၂ နှစ်အရွယ်ကပင် အထီးကျန် စိတ်ဝေဒနာကို ခံစားခဲ့ရသည့် အမေရိကန် ပြည်ထောင်စု အင်ဒီယာနာ ပြည်နယ်မှ ဂျက်ကော့ဘ်ဆိုသူ ၁၅ နှစ် အရွယ် ကလေးငယ် တစ်ဦးသည် ရူပဗေဒဘာသာရပ်၌ ဒေါက်တာဘွဲ့ပင် ရယူနိုင်တော့မည်ဟု ၎င်း၏ မိခင်က ပြောကြား ထားကြောင်း သိရသည်။
ခရစ္စတင်း ဘားနက်သည် သူမ၏ သားဖြစ်သူ ဂျက်ကော့ဘ်တွင် အဆိုပါ စိတ်ဝေဒနာ ခံစားနေရကြောင်း သိရှိသွားချိန်တွင် သားငယ်၏ အခြေအနေမှာ အလွန်ပြင်းထန် ဆိုးရွားသွား လိမ့်မည်ဟု ယူဆထားသော်လည်း ဂျက်ကော့ဘ်သည် အသက်သုံးနှစ် အရွယ်တွင် ဘာသာစကားကို ကောင်းစွာသိ နားလည်လာပြီး သုံးနှစ်ခွဲအရွယ်တွင် ၎င်းအား မည်သူ တစ်ဦးတစ်ယောက် ကမှ သင်ကြားပေးခြင်း မရှိဘဲ စာများကို ဖတ်နိုင်စွမ်းရှိသည့် အပြင် ခက်ခဲသည့် ပုစ္ဆာများနှင့် ပညာရှင်များက မေးမြန်းသည့် မေးခွန်းများကိုပါ ဖြေဆိုနိုင်သည်ကို တွေ့ခဲ့ရသည်။

ထိုအချက်သည် မိမိ၏အမြင်ကို ပြောင်းလဲခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ စိတ်ဓာတ်မှာလည်း ထူးခြားလာသည်ကို မိမိ အနေဖြင့် သိနားလည်ခဲ့ကြောင်း ဘားနက်က ပြောကြားထားသည်။

ဘားနက်သည် ဂျက်ကော့ဘ်အား ၎င်းနှင့် သက်တူရွယ်တူ ကလေးများ တက်ရောက်သည့် မူကြိုကျောင်းသို့ ပို့ဆောင်ခဲ့သော်လည်း ၎င်းသည် မကြာမီ အချိန်မှာပင် အဆိုပါ မူကြို ကျောင်းအား ငြီးငွေ့ လာခဲ့ကြောင်းကို ရှင်းရှင်းလင်းလင်း သိလာခဲ့ရသည်။

မူကြိုကျောင်းသည် ကလေးများအတွက် ကစားရန်နှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်လာရန် အတွက်သာ ဖြစ်ကြောင်း၊ မိမိအနေဖြင့် ပထမတန်းတွင် အယ်ဂျီဘရာလို သင်္ချာပုဒ်စာများကို သင်ယူခွင့် ရခဲ့သော်လည်း ဒုတိယတန်းတွင် ဆက်လက် သင်ယူခွင့် မရတော့ဘဲ အထက်တန်း ကျောင်းတွင်သာ ထပ်မံသင်ယူ ရမည်ဖြစ်သောကြောင့် တွက်ချက်မှု အပိုင်းကို လေ့လာရန် ဆန္ဒပြင်း ပြခဲ့ခြင်းဖြစ်သည်ဟု ဂျက်ကော့ဘ်က ပြောကြားထားသည်။

ဂျက်ကော့ဘ်သည် ယခုအခါ၌ အင်ဒီယာနာ တက္ကသိုလ်နှင့် အင်ဒီယာ နာပိုလိစ်ရှိ ပါးဂျူး တက္ကသိုလ်၌ ဒေါက်တာဘွဲ့ ရရှိရန် ကြိုးပမ်းလျက်ရှိပြီး IQ စစ်ဆေးချက်အရ ၎င်း၏ ဥာဏ်ရည်ဥာဏ်သွေးသည် ပုံမှန်ထက် များစွာသာလွန် ကောင်းမွန်သည်ကို တွေ့ရှိရကြောင်း သိရသည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...