အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

03 June, 2013

အနာဂတ်တွင် လောင်စာဆီ ကပ်ဘေးဆိုက်မည်

တကယ်ပြောတာပါ။ ယုံတမ်းစကား မဟုတ်ပါဘူး။ အနာဂတ်မှာ တကယ် ဆီရှားပါးတော့မှာ ဖြစ်ပါတယ်။ အခုတောင် မပေါပါ ဘူး။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ဆီဈေးက တက်နေမြဲ ဖြစ်ပါတယ်။ ဒီတော့ ဆီရှားပါးတဲ့ အနာဂတ်မှာ ကားကို ဘာနဲ့မောင်းမလဲဆိုတာ မေးခွန်း ထုတ်စရာ ရှိလာပါတယ်။
လက်ရှိအသုံးပြုနေတဲ့ ဓာတ်ဆီိ၊ ဒီဇယ်ဆီ၊ ရေနံဆီ၊ လေယာဉ်ဆီ၊ ချောဆီ အားလုံးအာလုံးရဲ့  အဓိက အရင်းအမြစ်က Fossil fuel ဖြစ်ပါ တယ်။ မြန်မာလို တိုက်ရိုက်ဘာသာပြန်တော့ ရုပ်ကြွင်းလောင်စာ ဖြစ် ပါတယ်။ ပိုပြီးတော့ ရှင်းလင်းရရင် သဘာဝ ကမ္ဘာမြေကြီးက ပေးစွမ်း တဲ့ လောင်စာ ဖြစ်ပါတယ်။ ဒီထက်ပို ရှင်းပြပါအုံးမယ်။

ကမ္ဘာကြီးဘယ်က စဖြစ်တယ်ဆိုတာကို ဇာတ်လမ်းစရမှာ ဖြစ်ပါတယ်။ ကမ္ဘာဦး စဖြစ်တည်လာပြီး သက်ရှိတွေ သေလိုက်၊ ပျက်ဆီးလိုက်၊ ရှင်လိုက်နဲ့ ဖြစ်စဉ်တွေ မနည်းပါဘူး။ ကမ္ဘာကို ဥက္ကာခဲတိုက်လို့ပဲ ဖြစ်ဖြစ်၊ သဘာဝ ကပ်ဘေးကြောင့်ပဲ ဖြစ်ဖြစ်ပါ။ လက်ရှိ လူဦးရေ သန်း ၇ထောင် မကနေတဲ့ ကမ္ဘာရဲ့  အရင်အချိန်က လူတွေသာ မသေသေးရင် နှစ် ၁၀၀ ကို သန်း ၇ထောင် နှစ် ၂၀၀၀ ဆိုတော့ သန်း ၁၄၀၀၀ ဖြစ်ပါတယ်။ ဒီတော့ သေခဲ့တဲ့ သက်ရှိ လူသား၊ တိရစ္ဆာန်အရေအတွက်ကို သင်္ချာလို ပြန်တွက်ချက်ရင် စာရွက်တောင် လောက်မှာ မဟုတ်ပါဘူး။ ဒီတော့ ယင်းလူသားအားလုံး၊ တိရစ္ဆာန်အားလုံး သေကြေ ပျက်ဆီးကျတော့ ကမ္ဘာမြေကြီးမှာပဲ ကြွင်းကြံပါတယ်။ ရေကကြီး၊ လေကကြမ်၊ မီး ကလောင်တော့ ယင်း သေကြေတဲ့ သတ္တဝါဆိုတွေဆို ကမ္ဘာကြီး ဘယ်လောက်ပြောင်းပြောင်း တစ်ချိန်ပြန်ရှာရင် အရိုးတွေတောင် ပြန်တွေ့တဲ့ အနေအထားရှိပါတယ်။ တော်တော်များများတော့ မတွေ့ပါဘူး။ မတွေ့ဆို ယင်းရုပ်ကြွင်းများက မြေတွေထဲ စီးဆင်းသွားလို့ ဖြစ်ပါတယ်။

ယင်း စီးဆင်းသွားတဲ့ ဓာတ်ပြုသွားတဲ့ ရုပ်ကြွင်းတွေဟာ တစ်နေ့နေ့ တစ်ချိန်ချိန် ပြန်လည်ရှာဖွေ တူးဖော်တော့ ရုပ်ကြွင်းလောင်စာလို့ခေါ်တဲ့ Fossil fuel အနေနဲ့ ပြန်လည်တွေ့ရှိပါတယ်။ ဥပမာ- မြေထုအောက် မှာ ရေနံစီးချောင်းတွေ့တာမျိုး၊ရေအောက်မှာ ရေနံတွေ့တာမျိုးတို့ ဖြစ်ပါတယ်။ အမှန်တော့ ယင်းများဟာ သက်ရှိရုပ်ကြွင်းများ ပျက်ဆီး၊လောင်ကြွမ်းမှု၊ ဓာတ်ပြုမှုတို့မှ ဖြစ်တည်လာတဲ့ လောင်စာများ ဖြစ်ပါတယ်။ ရေနံတစ်ခုတည်းကို မဆိုလို၊ သဘာဝအလျောက်တွေ့ရှိတဲ့ ကျောက်မီးသွေး၊ ရွှေငွေ၊ ရတနာတို့က အစ ဖြစ်ပါတယ်။ သက်ရှိတွေ လောင်ကျွမ်းပျက် ဆီးပြီး မြေထဲမှာ နှစ်ပေါင်း သန်းချီကြာလာတော့ လောင်စာ ဖြစ် သွားတယ်လို့ အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ်။ စာရေးသူ ရှင်းလင်းပြသမှု မပြည့်စုံပါ။ Fossil Fuel နဲ့ ပက်သက်လို့ အသေးစိတ် လေ့လာလိုရင် စာအုပ်များစွာ ရှိပါတယ်။

ဒီတော့ ဆီဘယ်ကရတယ်ဆိုတာကို စာဖတ်သူတို့ ရိပ်မိလောက်ပြီ ထင်ပါတယ်။ မရိပ်မိလို့လည်းမရပါဘူး။ နှစ်ပေါင်း ၁၀၀၊ ၂၀၀ မက ယင်းစွမ်းအင်အရင်းအမြစ်များကို လူသားတို့က အသုံးပြုနေပြီ ဖြစ်ပါတယ်။ ရုပ်ကြွင်းလောင်စာဖြစ်တဲ့ ရေနံကိုပဲ ပုံစံအမျိုးမျိုးနဲ့ချက်ပြုတ်ပါတယ်။ ဒီတော့ အဆင့်ဆင့်ပဲ ရေနံချေး၊ ရေနံဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ လေယာဉ်ဆီ၊ ချောဆီ အစရှိသဖြင့် ဆီတွေ တစ်မျိုးပြီး တစ်မျိုး ထွက်ရှိလာရပါတယ်။ ယင်းဆီတွေ ထုတ်လုပ်လာတာ အတော်လေး ကြာပါပြီ။ ရေနံတွင်းတွေလည်း အသစ် ရှာတွေ့တာထက် တူးလို့ ကုန်တဲ့ရေနံတွင်းက ပိုများနေပါပြီ။ ပင်လယ်ပြင်ကော၊ ကုန်းမြေမှာကော သဘာဝအတိုင်း ထွက်တဲ့ ရုပ်ကြွင်း လောင်စာများက ပိုပိုလို့ နည်းသွားပါပြီ။

ပညာရှင်တို့ ခန့်မှန်းချက်အရဆိုရင် နောင် အနှစ် ၅၀ ဆိုရင် ကြိမ်းသေကို ရှားပါး ကပ်ဆိုက်မယ့် အနေအထား ဖြစ်ပါတယ်။ ဒါဆိုရင် စာဖတ်သူတို့ အသက်နဲ့မှီပါအုံးမယ်။ ဒီတော့ ဘယ်လိုလုပ်ကြမလဲ။ လောင်စာဆီတွေ ရှားပါးလာပါပြီ။ ဒါကို ဘယ်လိုဖြေရှင်းရမလဲ။ ရှားပါးလာတဲ့ လောင်စာ ဆီ နေရာကို အခြား စွမ်းအင် တစ်ခုခု အစားထိုးရမှာ ကြိမ်းသေပါတယ်။ ဒါကို ဘာနဲ့အစားထိုးမလဲ။ ရုပ်ကြွင်းလောင်စာ ရဖို့ လူသားတို့ နောက်တစ်ခါ အစုလိုက်အပြုံလိုက် သေပေးရအုံးမလား၊ ကမ္ဘာထက်ပျက်ရအုံးမလား လို့လည်း သိပ္ပံပညာရှင်တွေ မေးခွန်းထုတ်လျက် ရှိပါတယ်။ ဒီတော့ ကမ္ဘာကြီး ဖြစ်လိုပျက်လိုက် သဘောတောင် ဘုရားဟောထဲကအတိုင်း မှန်နေရောလားလို့ အတွေးလေး ဝင်မိပါတယ်။ ဒါကဏ္ဍပါ။ လက်ရှိကတော့ အနာဂတ်မှာ ဆီကပ်ဘေးဆိုက်ရင် ဘယ်လို သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းမလဲဆိုတာကိုသာ ဦးတည်ရမှာဖြစ်တယ်လို့ ယူဆမိရင်း နိဂုံးချုပ်လိုက်ရ ပါတယ်။
--

အောင်ခမ်း (ColayOnline)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...