အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

03 June, 2013

ငယ်မူငယ်သွေးပြန် သူရဲကောင်းတွေရဲ့ အိုးထရက်ဖို့ဒ်ပွဲ

ဒီပွဲဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်နှစ်ခုကိုပြန်ရောက်သွားသလို ခံစားမှုမျိုး ပေးနိုင်ခဲ့ပြီး ဇီဒန်း၊ ဖီဂို၊ မိုရီယန်တေးစ်၊ မက်ခီလီလီ၊ အာဝင်၊ ဒွိုက်ယော့ခ်၊ ဂျပ်စတမ်းတို့လို ကစားသမားတွေနဲ့ မြိုင်ဆိုင်ခဲ့ပါတယ်။ ပွဲစဉ်မစတင်ခင်မှာ ဗြိတိန်ပေါ့အဆိုတော် အမ်မီလီယာလိုင်လီရဲ့ ဂီတတင်ဆက်မှုတွေက ပရိသတ်တွေကို စိတ်လှုပ်ရှားစေခဲ့ပြီး ဒီပွဲမှာ ပရိသတ် ၆၀၀၀၀ကျော် လာရောက်အားပေးခဲ့ကြပါတယ်။
ရီးရဲလ်အတွက် အဖွင့်ဂိုးကို မက်ခီလီလီရဲ့ဖြတ်တင်ဘောကနေ မိုရီယန်တေးစ်က သွင်းယူပေးခဲ့ပြီး နစ္စတယ်ရွိုင်းက မန်ယူအတွက် ချေပဂိုးပြန်သွင်းပေးခဲ့တာပါ။ နစ္စတယ်ရွိုင်းဟာ ဒုတိယပိုင်းမှာတော့ ရီးရဲလ်အတွက် ကစားပေးခဲ့ပါတယ်။ မန်ယူအတွက် ဒွိုင်ယော့ခ်ရဲ့ဂိုးကန်ချက် ဘားထိထွက်ခဲ့ပေမယ့် ဒီလာရက်ဒ်ကတော့ ရီးရဲလ်အတွက် အနိုင်ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။

မန်ယူရှုံးခဲ့ပေမယ့် ဗန်ဒါးဆားကတော့ သူ့ရဲ့အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှု ရခဲ့သလို ဇီဒန်းကိုလည်း ပရိသတ်တွေ အကြိုက်တွေ့နေကျဆဲ ဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်ကွင်း မြက်ခင်းပြင် မပြုပြင်မီ နောက်ဆုံးကစားခဲ့ တဲ့ မန်ယူသူရဲကောင်းတွေနဲ့ ရီးရဲလ်သူရဲကောင်းတွေရဲ့ပွဲဟာ ရလဒ်ထက် ခံစားမှုက တန်ဖိုးရှိခဲ့တဲ့ပွဲ ဖြစ်ပါတယ်။

ရိုးရာလေး

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...