ပြီးခဲ့တဲ့တပါတ်က က ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က ပဋိပက္ခ ကနေ သီရိမင်္ဂလာ ရှမ်းဘုန်းတော်ကြီးကျောင်း မှာ
နေထိုင်နေကြရတဲ့ မွတ်စလင် ဒုက္ခသည် အယောက် တစ်ထောင်ကျော်ထဲက
သုံးရာကျော်ကို ဇွန်လ ၁ ရက်နေ့က မိုးလုံလေလုံအားကစား ကွင်းမှာ
ပြောင်းရွှေ့နေရာချထားလိုက် တယ်လို့ သိရပါတယ်။ မြို့နယ်အာဏာပိုင်တွေ နဲ့ လူမှု့အဖွဲ့အစည်း တွေက တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောင်း ရွှေ့နေရာချထားပေးလိုက်တာဖြ စ်ပြီး အခြေအနေ ပုံမှန်နီးပါး ပြန်ဖြစ်နေပြီး ဖြစ်တဲ့အတွက် မကြာခင်ရက်ပိုင်းမှာ မိမိနေအိမ်တွေမှာ ပြန်လည်နေရာချထားပေးနိုင်ဖို့ စီစဉ်နေပြီဖြစ်တယ်လို့ ဆရာတော် က အခုလို မိန့်ကြားပါတယ်။
ဌာနဆိုင်ရာအဖွဲ့အစည်းနဲ့ ဒီ အဖွဲ့အစည်းပေါင်းစုံကနေပြီးတော့မှ ၀ိုင်းပြီးတော့ ပြောင်းရွှေ့ပေးလိုက်ပါတယ်၊ ဒီမှာလည်း ရှောင်၊ ဟိုမှာလည်း နေလို့အဆင်ပြေအောင်၊ မိုးလုံလေလုံဖက် ၃၀၀ လောက် ပို့ထားပေးလိုက်တယ်ပေါ့နော်၊
ပုံမှန်ဖြစ်ပြီးတော့ ဒုက္ခသည်တွေအားလုံးက သူတို့အိမ်ပဲပြန်ပြီးတော့
လုပ်စားကိုင်စား နိုင်အောင်လည်းပဲ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ဘုန်းဘုန်းတို့ ပေါင်းပြီးတော့မှ အားလုံး စီစဉ်နေပါပြီး၊
လားရှိုးမြို့မှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ နေထိုင်ခဲ့ကြတာ နှစ်ပေါင်းများစွာရှိခဲ့ပြီ ဖြစ်
ပေမယ့် အခုလို ပဋိပက္ခမျိုး တစ်ကြိမ်တစ်ခါမှ ဖြစ်ပေါ်ခဲ့တာ
မရှိခဲ့ဘူးလို့ လားရှိုးမြို့ခံတွေ က ပြောပါတယ်။အခုလိုဘာသာရေး ၊
လူမျိုးရေး ပဋိပက္ခမျိုးတွေ မဖြစ်ပေါ်လာအောင် ကြိုတင်ကာ ကွယ်နိုင်
ဖို့ဆိုပြီး ဘာသာကြီး ၄ ခုက ကိုယ်စားလှယ် ၈ ယောက်ပါဝင်တဲ့ ဘာသာပေါင်း
စုံညီညွတ်ရေး ဗဟိုကော်မတီတစ်ခုကိုလည်း ဖွဲ့စည်းခဲ့တယ်လို့ ကော်မတီဖြစ် မြောက် ရေးဦးဆောင်သူတစ်ဦးက အခုလို ပြောပါတယ်။
မြန်မာနိုင်ငံ အနှံ့အပြား ဖြစ်ပေါ်လာတဲ့ ဘာသာရေး လူမျိုးရေး ပဋိပက္ခများကို လေ့လာကြည့်တဲ့ အခါမှာ ဒေသခံအချင်းချင်း စတင်ခဲ့တာမဟုတ်ပဲ၊ တခြားဒေသမှာဖော်ပြမှ လာရောက်သွေးထိုးလှုံ့ဆော်ရာက
စခဲ့တာပါပဲ။ အဲ့ဒါကြောင့်မိုလို့ ထာဝယ်ဒေသမှာ ဒီလို ပဋိပက္ခမျိုး
မဖြစ်နိုင်အောင် ကြိုတင်ပြီးတော့ စောင့်ကြည့် တားဆီးနိုင်အောင်
ဖွဲ့လိုက်တာပါ။
ဒေသတွင်းမှာ ပဋိပက္ခဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေရှိလာရင် ဒီကော်မတီ ၀င် တွေကနေပြီး အစိုးရ အာဏာပိုင်တွေနဲ့ ပူးပေါင်းဖြေရှင်းသွားမှာဖြ စ်တယ်လို့လည်း
ပြောဆိုပါတယ်။ ဒီအစည်းအဝေးကို ဘာသာပေါင်းစုံက တာဝန်ရှိသူတွေ၊
အာဏာပိုင် တွေနဲ့ မြို့မိမြို့ဖတွေအပြင် ဒေသခံပြည်သူ တစ်ရာကျော်
တက်ရောက်ခဲ့ကြတယ်လို့ ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က
သတင်းပေးပို့ထားပါတယ်။
ABC Radio Australia
ပဋိပက္ခကြောင့် လားရှိုးမြို့က ဗလီတွေ၊ ဈေးဆိုင်တွေနဲ့ နေအိမ်တချို့ ပျက်စီးပြီး လူတစ်ယောက်သေဆုံးခဲ့ရ (Credit: ABC)
ဌာနဆိုင်ရာအဖွဲ့အစည်းနဲ့ ဒီ အဖွဲ့အစည်းပေါင်းစုံကနေပြီ
လားရှိုးမြို့မှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ နေထိုင်ခဲ့ကြတာ နှစ်ပေါင်းများစွာရှိခဲ့ပြီ
မြန်မာနိုင်ငံ အနှံ့အပြား ဖြစ်ပေါ်လာတဲ့ ဘာသာရေး လူမျိုးရေး ပဋိပက္ခများကို လေ့လာကြည့်တဲ့ အခါမှာ ဒေသခံအချင်းချင်း စတင်ခဲ့တာမဟုတ်ပဲ၊ တခြားဒေသမှာဖော်ပြမှ လာရောက်သွေးထိုးလှုံ့ဆော်ရ
ဒေသတွင်းမှာ ပဋိပက္ခဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေရှိလာရင် ဒီကော်မတီ ၀င် တွေကနေပြီး အစိုးရ အာဏာပိုင်တွေနဲ့ ပူးပေါင်းဖြေရှင်းသွားမှာဖြ
ABC Radio Australia
ပဋိပက္ခကြောင့် လားရှိုးမြို့က ဗလီတွေ၊ ဈေးဆိုင်တွေနဲ့ နေအိမ်တချို့ ပျက်စီးပြီး လူတစ်ယောက်သေဆုံးခဲ့ရ (Credit: ABC)