ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် များပါဝင်သော ထားဝယ် စီမံကိန်း
ရှေ့ဆက် နိုင်ရေး အတွက် လုပ်ငန်းအလိုက် တင်ဒါ အသီးသီး ခေါ်ယူမည် ဖြစ်ကြောင်း
ထားဝယ် စီးပွားရေးဇုန် လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ သူရဦးသောင်းလွင်က The Voice
သို့ ပြောကြားသည်။
မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ အစိုးရချင်း ပူးပေါင်းလုပ်ကိုင်သော
စီမံကိန်းအဖြစ် အသွင်ပြောင်း ပြီးနောက် စီမံကိန်းကို ကဏ္ဍအလိုက် ဖော်ဆောင်မည်
ဖြစ်ပြီး လမ်းဖောက်ခြင်း၊ လျှပ်စစ်မီး သွယ်တန်းခြင်း စသည့် လုပ်ငန်းကဏ္ဍ
အလိုက် အခြားသော နိုင်ငံခြားရင်းနှီး မြှုပ်နှံသည့် ကုမ္ပဏီများကို
ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထားဝယ် စီမံကိန်း ဆက်လက်
လုပ်ကိုင်ရန် သေချာသော ဘဏ္ဍာရေး အရင်းအမြစ် မရရှိသေးချိန်တွင် သူရ
ဦးသောင်းလွင် က ယင်းသို့ ထုတ်ဖော်ပြောဆို လိုက်ခြင်းဖြစ် ပြီး
မည်သည့်အချိန်တွင် တင်ဒါခေါ်မည်ကို မသိရသေးပေ။
အရှေ့တောင်အာရှတွင်
အကြီးဆုံး အထူးစီးပွားရေးဇုန် ဖြစ်လာမည်ဆိုသော ထားဝယ် စီမံကိန်းတွင် သင်္ဘော
ဆယ်ဂဏန်း တစ်ပြိုင်နက် ဆိုက်ကပ်နိုင်သော ရေနက် ဆိပ်ကမ်း၊ ရေနံ ဓာတုစက်ရုံ
စသည်တို့ ပါဝင်သော အကြီးစား စက်ရုံများ၊ ကားထုတ်လုပ်ရေး စသည်တို့ ပါဝင်သော
အလတ်စား စက်မှုဇုန်များ၊ အခြားအသေးစား စက်မှုဇုန် များပါဝင်ပြီး
စီမံကိန်းအတွက် လျှပ်စစ် စွမ်းအင်ကို မည်သည့် အရင်းအမြစ်မှ ရယူမည်ကို
မသေချာသေးပေ။
ITD က ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အား ထုတ်ရန် လျာထားခဲ့ သော်လည်း အစိုးရက လက်မခံခဲ့ပေ။
ထားဝယ် စီမံကိန်းသည် ရင်းနှီး မြှုပ်နှံမှုပမာဏ များပြားသည့် အတွက်
အီတာလျံ-ထိုင်း ကုမ္ပဏီတစ်ခု တည်းဖြင့် မလုပ်ဆောင်နိုင်သောကြောင့်
ငွေကြေးထောက်ပံ့မှု ရနိုင်ရန် အစိုးရချင်း ပူးပေါင်း လုပ်ကိုင်သည့်
စီမံကိန်းအဖြစ် အသွင် ပြောင်းပြီးနောက် ယင်းသို့လုပ်ဆောင် လာခြင်းဖြစ်သည်။
ယင်းစီမံကိန်း တစ်ခုလုံး တည်ဆောက် ပိုင်ခွင့်ရထားသော အီတာလျံ-ထိုင်းကုမ္ပဏီ
(IDT) အနေနှင့် စီမံကိန်းတွင် စိတ်ဝင်စား သည့် လုပ်ငန်းများနှင့် အညီ
ရှယ်ယာ ရရှိမည် ဖြစ်ကြောင်းသူရ ဦးသောင်းလွင်က ဆိုသည်။
စုစုပေါင်း
ကုန်ကျငွေ အမေရိကန် ဒေါ်လာ ဘီလီယံ ၅၀ ကျော် ကုန်ကျမည့် ထားဝယ် စီမံကိန်း
အကောင်အထည်ဖော် ITD က ဘဏ္ဍာငွေ ရှာဖွေရေး အခက်အခဲတွေ့ ပြီးနောက် အစိုးရချင်း
ပူးပေါင်း လုပ်ဆောင်သည့် စီမံကိန်းအဖြစ် အသွင် ပြောင်းခဲ့သည်။
ယင်းနောက် စီမံကိန်း ပူးတွဲ အကောင် အထည်ဖော်သည့် ထိုင်းဝန်ကြီးချုပ်
ယင်းလပ်သည် ဗြိတိန်၊ ဂျပန်၊ အိန္ဒိယစသည့် ထိပ်သီးနိုင်ငံ တို့၏
ခေါင်းဆောင်များ တွေ့ဆုံစဉ် အတွင်း ထားဝယ် စီမံကိန်းတွင် လာရောက်
ရင်းနှီးမြှပ်နှံရန် လောဆော်မှု ကြောင့် ထားဝယ် စီမံကိန်း၏ ‘အရောင်း
ဝန်ထမ်း’ ဟုပင် ခေါ်ဝေါ် ခံရသည်။
ဂျပန် လုပ်ငန်းရှင်များ ထားဝယ်တွင်
လာရောက် ရင်းနှီးမြှုပ်နှံရန် ယင်းလပ်၏ ဂျပန်နိုင်ငံ ခရီးစဉ် အတွင်း
ပြောဆိုခဲ့သော် လည်း လက်တွေ့ကျသော ကတိကဝတ်များ မတွေ့ရသေးဘဲ ဂျပန်တို့၏ အဓိက
ဦးတည်ရာမှာ ရန်ကုန်မြို့တော် အနီးရှိ သီလဝါ စီမံကိန်း ဖြစ်နေသေးသည်။
ထားဝယ် စီမံကိန်း ဆက်လက် အကောင်အထည် ဖော်ရန် မြန်မာ-ထိုင်း နိုင်ငံတို့
ပါဝင်သော အထူးပြု အဖွဲ့တစ်ခု ဖွဲ့စည်းထားပြီး စီမံကိန်းဆိုင်ရာ နှစ်နိုင်ငံ
ပူးတွဲ ညှိနှိုင်းရေးအဖွဲ့က ဂျပန်လာရောက် ရင်းနှီးမြှုပ်နှံရေး ဖိတ်ခေါ်ရန်
သဘောတူ ထားသည်။
The Voice Weekly
07 June, 2013
ထားဝယ်စီမံကိန်း တင်ဒါထပ်ခေါ်မည်
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
June
(712)
-
▼
Jun 07
(61)
- အနုပညာရှင် များ၏ ယုံကြည်မှု မနက်ဖြန် ( သီရိရှင်းသန့် )
- ကာယဗလ မောင်နှင့် အမျိုးသမီး ကာယ ကြံ့ခိုင်မှု ပြိုင်...
- ခြုံပြီးပြောရရင် ရုပ်ရှင်လုပ်ငန်းက ကျဆင်းနေတယ် – ဦ...
- အမေရိကန် ဒေါ်လာ တစ်သန်း အကုန်အကျခံကာ ကျင်းပမည့် ဗြိ...
- ကမ္ဘာပေါ်ရှိ ငါးမန်းများ အနက် အကြီးဆုံးဟု ယူဆရသော ငါ...
- ဘန်ကောက်မြို့မြန်မာသံအရာရှိများ မဲဆောက်ကိုသွား
- မုဒိန်းမှု၏ ၅၀ ရာခိုင်နှုန်းနီးပါး အရွယ်မရောက်သေးသူမ...
- မြန်မာနိုင်ငံသား နှစ်ထောင်ကျော် ၂၀၁၅ခုနှစ်တွင် အလု...
- သွန်းဆက် - ဆယ်ကျော်သက်တုန်းကတော့ ဖြစ်ချင်တာက အများ...
- မိုးယုစံ - အချစ်ပါမှပဲ အိမ်ထောင်ရေးက ရေရှည်တည်မြဲမ...
- မလေးရှားနိုင်ငံ ရှိ မြန်မာ နိုင်ငံသား များအား ဥပဒေ...
- အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်လို့
- ၂၀၄၀ ပြည့်နှစ်အမီ ရန်ကုန်မြို့တော်တွင် မီးရထား လမ်...
- ကမ္ဘာ့စီးပွားရေးဖိုရမ် အခမ်းအနား ကျင်းပနေသည့် အဆောက...
- ကချင်စစ်ပွဲ ကျည်ဆန်ခွံများဖြင့် သွန်းလောင်းထားသည့်...
- တိုင်းရင်းသားအရေးမှာ နှုတ်ပိတ်ခဲ့တာ မဟုတ်ဘူးလို့ေ...
- အိန္ဒိယဘဏ်နဲ့ရေနံ လုပ်ငန်းတွေ မြန်မာမှာ ရင်းနှီးလုပ...
- ရုရှားသမ္မတပူတင် ဇနီးနှင့်ကွာရှင်း
- ဂျက်စတင် ဘီဘာ အာကာသသို့ အလည်အပတ်ခရီး သွားရောက်မည်
- မိတ်လိုက်ပြီး အထီးကိုပြန်စားသော ပင့်ကူ
- ဆန္ဒပြတောင်းဆိုမှုတွေ တူရကီဝန်ကြီးချူပ် လိုက်လျောမည်...
- သစ်သီးဝလံတို့၏ အစေ့ကို စားသင့်မစားသင့်
- နေရောင်ခြည်အားကိုးတဲ့ မန္တလေးတိုင်းအစိုးရ
- ချစ်သုဝေ အိမ်ထောင်မပြုသေးရခြင်း အကြောင်းရင်း
- ကျောက်မျက် ပြပွဲတွင် ငွေလဲကောင်တာနှင့် ATM စက်များ...
- ဗုဒ္ဓဘာသာနဲ့ အကြမ်းမဖက်ဝါဒ ဟောမည်
- ထားဝယ်စီမံကိန်း တင်ဒါထပ်ခေါ်မည်
- ရန်ကုန် ရှေးဟောင်း အဆောက်အအုံများ အလှဆင်ရေး ဖိလစ် ...
- ကချင်ဒုက္ခသည်များအတွက် ကူညီထောက်ပံ့ရေး စီမံကိန်း ပြန်စ
- မကြာခင် သားလေး ရရှိတော့မည့် မင်းသမီး Kate Winslet
- ရာဇ၀တ်မှု ထူပြောနေတဲ့ ရန်ကုန်မြို့
- လေယာဉ်သက်ကယ်မီးငြှိမ်းသတ်ရေးသင်တန်းတွင် အသုံးပြုရန...
- အမေရိကန်ဘက်မှ ဆိုင်ဘာတိုက်ခိုက်မှုများအတွက် အချက်အလ...
- အပစ်အခတ် ရပ်စဲရေး စာချုပ်ပါအချက်များ လုပ်ဆောင်ပေးရ...
- ခရီးသည်တင်ယာဉ် မတော်တဆမှုကြောင့် သေဆုံးဒဏ်ရာရသူ ဦး...
- လန်ဒန်တွင် ဗလီ တစ်လုံး မီးရှို့တိုက်ခိုက်ခံရ
- မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ရာထူးအတွက် ဥ...
- ဆီးဖြူသီး များနှင့် မိန်းကလေးများ၏ အလှအပအကြောင်းသိ...
- မလေးရှားမှာ ဖမ်းဆီးခံရတဲ့ မြန်မာ ၉၀၀ ကို အင်ဂျီအို...
- မြောက်ကိုးရီးယားရဲ့အပြောကို အံ့သြနေကြ
- မလေးရှားတွင် ခေါ်ယူစစ်ဆေးခံနေရသော မြန်မာ ၁၀၀၀ ကျော်...
- ရွှေတိဂုံစေတီတော် သစ်သားဆင်းတုများတွင် ကျောက်မျက်အတ...
- ဓမ္မစေတီဆရာတော် တရားမဟောတော့ဟုဆို
- ဟန်ထွန်း၏ ‘ခေါင်းနဲ့ပန်း’ တစ်ကိုယ်တော် တေးစီးရီး ထ...
- ဆင်ဆာမှုဝါဒအောက်မှ လွတ်မြောက်လာသောအခါ
- ဇာတ်ပို့ ဇာတ်ရံတွေကိုလည်း အားပေးစေချင်တယ်ဆိုတဲ့ ယွ...
- မိုက်ကယ်ဂျက်ဆင်၏ သမီး သေကြောင်း ကြံစည်မှုကြောင့် ဆေ...
- ဟောလိဝုဒ်မြေကို ခြေဆန့်မယ့် ရိန်း
- ဆင်းရဲသားတွေ ဘဝမြှင့်ဖို့ ဦးသိန်းစိန်ပြော
- ပေါက်ပေါက်ရှာရှာကောလဟာ-ပုသိမ်ကြီးနား ဂြိုလ်သားတွေ့...
- EFE ဆုကို ပထမဆုံး ပေါ်တူဂီကစားသမားအဖြစ် ရော်နယ်ဒိုဆ...
- ပင်ဘောင်စက်ကဲ့သို့ ဈေးကြီးနာရီ
- မြန်မာနိုင်ငံသား ၉၀၀ ကျော် မလေးရှားမှာ ဖမ်းဆီးခံရ
- နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ ပေါ်ပေါက်ရေး ဆွေးနွေး
- ကားပွဲစားခရရှိသည့်ငွေများထဲမှ ၅၀၀၀ ကျပ်တန်ငွေစက္ကူအ...
- ကောင်းသော သန့်ရှင်းသော ဆီးဂိမ်းဖြစ်စေချင်
- ကရင်ပြည်နယ်ထဲက မြို့သစ်တခု
- ပေါင်းလောင်းဆည်ကြောင့် ကျေးရွာပြောင်းရသူများ နေရာသ...
- နေနေရဲ့ ဆူးစူးသူ ဗီစီဒီမှာ ညီမဖြစ်သူ ချမ်းချမ်းရဲ့...
- ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး အချေအတင...
- ရခိုင်ပြည်နယ်ပဋိပကနှင့်ပတ်သတ်၍ တရားဥပဒေစိုးမိုးရေး...
-
▼
Jun 07
(61)
-
▼
June
(712)