အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

07 June, 2013

ကာယဗလ မောင်နှင့် အမျိုးသမီး ကာယ ကြံ့ခိုင်မှု ပြိုင်ပွဲ ကျင်းပမည်

အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် မြန်မာနိုင်ငံ ကာယ ကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ်မှ ကြီးမှူး၍ ၂ဝ၁၃ ခုနှစ် အိုလံပစ်နေ့ အထိမ်းအမှတ် ကာယဗလမောင် ပြိုင်ပွဲနှင့် အမျိုးသမီး ကာယကြံ့ခိုင်မှု(Model Physique) ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ MCC ခန်းမ၌ ဇွန် ၂၇ ရက် တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ကာယဗလမောင်ပြိုင်ပွဲတွင် ၂၁ နှစ် နှင့်အောက်ပြိုင်ပွဲ၊ အလွတ်တန်းပြိုင်ပွဲ နှင့် အသက် ၅ဝ နှစ်နှင့်အထက် ပြိုင်ပွဲပါဝင် မည်ဖြစ်သည်။ အမျိုးသမီး ကာယကြံ့ခိုင်မှု (Model Physique) ပြိုင်ပွဲတွင် အရပ် ၅ ပေ ၃ လက်မ အောက်နှင့် ၅ ပေ ၃ လက်မ အထက်ဟူ၍ ခွဲခြားထားသည်။ ပြိုင်ပွဲဝင်များ စိစစ်ခြင်းကို ဇွန် ၂၅ ရက် နံနက် ၉ နာရီတွင် လက်ရွေးစင် ကာယဗလစခန်း၊ မင်္ဂလာ တောင်ညွန့်မြို့ နယ်၌ ပြုလုပ်မည် ဖြစ်သည်။

ပါဝင် ယှဉ်ပြိုင်လိုသော အားကစားသမားများသည် အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကျော်သန်း၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဖုန်း-၂၅၁၄၁၇ နှင့် တွဲဖက် အတွင်းရေးမှူး ဦးဝင်းကြည် ဖုန်း- ဝ၉- ၅ဝ၄၆၉၂၃ ကာယဗလ လေ့ကျင့်ရေး စခန်း၊ မင်္ဂလာ တောင်ညွန့် မြို့နယ်သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်း သိရသည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...