ဗုဒ္ဓဘာသာဟာ
ပဋိပက္ခတို့ ချုပ်ငြိမ်းရာပါ။ ပဋိပက္ခတွေရဲ့ အစိတ်အပိုင်း မဟုတ်ပါ။
ပဋိပက္ခချုပ်ငြိမ်းရေးကို သွားရာလမ်းဟာလည်း အကြမ်းမဖက်တဲ့ နည်း တနည်း မေတ္တာ
ကရုဏာတို့ ရှေ့ထားပြီး သတိ ဉာဏ်ပညာနဲ့ ချည်းကပ်နည်းဆိုတာ မြတ်စွာဘုရားရှင်
လက်ထက်တော်ကတည်းက ဖွဲ့ဆည်းတည်ထောင်လာခဲ့တဲ့ သံဃာဆိုတဲ့ ရဟန်းတော်တို့ရဲ့
အစုအဝေးတရပ်လုံးက ကျင့်သုံးလာခဲ့ပြီးသားပါ။ ဒီနည်းဟာ သက္ကရာဇ်တွေပြောင်း ခေတ်တွေပြောင်းလာပေမယ့် ယနေ့တိုင် ရှင်သန်နေဆဲလို့ ပညာရှင်များက ယုံကြည်သက်ဝင်ကြပါတယ်။
ဒီယုံကြည်ချက်ကို အခြေပြုပြီး ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ခန်းမမှာ ထိုင်းနိုင်ငံက ဗုဒ္ဓဘာသာ အတွေးအခေါ်ပညာရှင် ဆူလတ်စီဗာရက်စာ၊ မြန်မာပြည်က စာရေးဆရာ (၁၉၉၀များဝန်းကျင်က မြန်မာစာဖတ် ပရိသတ်အပေါ် ဩဇာကြီးခဲ့တဲ့ သင့်ဘဝ မဂ္ဂဇင်း အယ်ဒီတာလည်း ဖြစ်ခဲ့တဲ့) ဦးတင်မောင်သန်း၊ ဘော့စနီးယန်းလူမျိုး ချက်နိုင်ငံသား လူ့အခွင့်အရေးနဲ့ ဒဿနိက ပညာရှင် အီဂေါဘလာဇီဗစ်တို့က ဇွန်လ ၁၁ ရက် မနက် ၉ နာရီက ၁၂ နာရီအထိ ဟောပြောဆွေးနွေးမှု လုပ်ပါမယ်။
ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဗုဒ္ဓဘာသာနဲ့ အကြမ်းမဖက်ဝါဒအကြောင်း ကြားနာရရုံမက အပြန်အလှန်ဆွေးနွေးလိုရင်ဖြ င့် ကြွလှမ်းခဲ့ကြဖို့ အကျိုးမျှော်ကာ နှိုးဆော်လိုက်ရပါတယ်။
ဧရာဝတီblog
ဒီယုံကြည်ချက်ကို အခြေပြုပြီး ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ခန်းမမှာ ထိုင်းနိုင်ငံက ဗုဒ္ဓဘာသာ အတွေးအခေါ်ပညာရှင် ဆူလတ်စီဗာရက်စာ၊ မြန်မာပြည်က စာရေးဆရာ (၁၉၉၀များဝန်းကျင်က မြန်မာစာဖတ် ပရိသတ်အပေါ် ဩဇာကြီးခဲ့တဲ့ သင့်ဘဝ မဂ္ဂဇင်း အယ်ဒီတာလည်း ဖြစ်ခဲ့တဲ့) ဦးတင်မောင်သန်း၊ ဘော့စနီးယန်းလူမျိုး ချက်နိုင်ငံသား လူ့အခွင့်အရေးနဲ့ ဒဿနိက ပညာရှင် အီဂေါဘလာဇီဗစ်တို့က ဇွန်လ ၁၁ ရက် မနက် ၉ နာရီက ၁၂ နာရီအထိ ဟောပြောဆွေးနွေးမှု လုပ်ပါမယ်။
ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဗုဒ္ဓဘာသာနဲ့ အကြမ်းမဖက်ဝါဒအကြောင်း ကြားနာရရုံမက အပြန်အလှန်ဆွေးနွေးလိုရင်ဖြ
ဧရာဝတီblog