အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

07 June, 2013

အပစ်အခတ် ရပ်စဲရေး စာချုပ်ပါအချက်များ လုပ်ဆောင်ပေးရန် အစိုးရနှင့် KNU တွေ့မည်

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ကရင်အမျိုးသား အစည်းအရုံး KNU တို့ သဘောတူထား သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး စာချုပ်ပါ သဘောတူညီချက် များကို အစိုးရက ဖြည့်ဆည်း ဆောင်ရွက်ပေးရန် အစိုးရနှင့် KNU အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း KNU အဖွဲ့၏ အတွင်းရေးမှူး (၁) ဖဒို စောသီဘွဲ့က The Voice သို့ ပြောကြားသည်။
ယင်းသို့ အစိုးရနှင့် တွေ့ဆုံရန်ရှိသော် လည်း ဆွေးနွေးပွဲ ပြုလုပ်မည့် ရက်ကိုမူ ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း၎င်းက ဆိုသည်။

“ပြည်တွင်းမှာ အပြောင်းအလဲတွေ ဖြစ်နေပေမယ့် ကျွန်တော်တို့နဲ့ အစိုးရကြား ယုံကြည်မှု တည်ဆောက်နေ ရတုန်းပဲ၊ ရှေ့ဆက် လုပ်ရမှာတွေ ကျန်သေးတယ်၊ အစိုးရက သဘောတူညီချက် အားလုံး ဆောင်ရွက် မပေး နိုင်သေးဘူး”ဟု ၎င်းက ထောက်ပြပြော ဆိုသည်။

KNU နှင့် အစိုးရတို့သည် ကရင်ပြည် ဘားအံမြို့တွင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ပထမဆုံးအကြိမ် အပစ်အခတ် ရပ်စဲရေး အတွက် လက်မှတ်ရေးထိုး နိုင်ခဲ့ပြီး ဒေသဖွံ့ဖြိုး ရေး၊ နှစ်ဖက်တပ်များ ပြန်လည်နေရာ ချထား ရေး၊ တပ်မတော်က ကရင်ပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေး၊ တတိယနိုင်ငံ များရှိ ဒုက္ခသည် စခန်းများမှ ကရင်အမျိုးသားများ နေရပ် ပြန်နိုင်ရေး၊ နှစ်ဖက်တပ်များ ကလေး စစ်သားအသုံး မပြုရေး အပါဝင်အချက် ၁၁ ချက်ကို သဘော တူခဲ့ကြသည်။

“အဲ့ဒီအချက်တွေ အများကြီးထဲက ဒေသဖွံ့ဖြိုးရေးတို့၊ စာသင်ကျောင်းတွေ ဖွင့်ပေးဖို့ ၊ ကရင် ဒုက္ခသည်တွေ မြန်မာပြည် ပြန်လာဖို့ အစိုးရက မလုပ်ပေးနိုင်သေးဘူး”ဟု KNU ဗဟိုကော်မတီဝင် ဖဒို မန်းငြိမ်းမောင် က ပြောကြားထားသည်။

အစိုးရနှင့် KNU တို့ကြား ယခုလ အတွင်း တွေ့ဆုံမည် ဖြစ်သော် လည်း ဆွေးနွေးမည့်အကြောင်း အရာကို မသိရသေး ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ ပဋိပက္ခ ဖြေရှင်းရေး ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက ပြောကြားသည်။

KNU နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့သည် ၂၀၁၂ ခုနှစ်အတွင်း တစ်နိုင်ငံလုံးရှိ လက်နက် ကိုင် တပ်ဖွဲ့အားလုံးနှင့် အပစ်အခတ် ရပ်စဲရန်နှင့် လက်နက်ကိုင် အားလုံးပါဝင်သော ဆွေးနွေးပွဲ တစ်ရပ် ကျင်းပရန် သဘောတူ လက်မှတ် ရေးထိုးထားပြီး ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ကျင်းပနိုင် ဖွယ်ရှိကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် KNU တို့သည် ပြည်နယ်အဆင့် တစ်ကြိမ် ပြည်ထောင်စု အဆင့် နှစ်ကြိမ် လက်မှတ်ရေး ထိုးထားသည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...