အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

07 June, 2013

ဓမ္မစေတီဆရာတော် တရားမဟောတော့ဟုဆို

ထေရ၀ါဒဗုဒ္ဓသာသနာပြု ဓမ္မစေတီကျောင်းတိုက် ဆရာတော် ဦးကောသလ္လသည် ထေရ၀ါဒဗုဒ္ဓဆိုင်ရာ တရားပွဲများဖြင့် အထူးကျော်ကြားခဲ့ပြီး ယခုတရားပွဲများ ဆက်လက်ဟောကြားတော့မည်မဟုတ်ဘဲ ပညာရေးဆိုင်ရာများသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဇွန်လ ၄ ရက်တွင် ဓမ္မစေတီဆရာတော် ဦးကောသလ္လက မြန်မာသံတော်ဆင့်သို့ ပြောသည်။ဆရာတော်အား နိုင်ငံတော်မှ ဥပဒေအရတရားပွဲ ပိတ်ထားခြင်းမရှိကြောင်း၊ မကျေနပ်သည့် ဘုန်းတော်ကြီးများက တရားပွဲပိတ်ထားကြောင်း
စသည့်အသံများ လွှင့်ခြင်းသာဖြစ်ကြောင်း၊ တရားပွဲ မပိတ်သော်လည်း တရားဟောကြားပေးရန် ဒကာဒကာမများက ဖိတ်ကြားခဲ့ရာ တရားဟောမည့်အချိန်နီးလျှင် တရားပွဲများ အကြောင်းအမျိုးမျိုးဖြင့် ပိတ်ပင်တားဆီးမှုရှိခဲ့ကြောင်း၊ လူမျိုးရေး၊ နိုင်ငံရေး၊ ဘာသာရေး အဓိကရုဏ်းများ မဖြစ်စေရန် ပညာရေးမဏ္ဍိုင်အား ပြင်ဆင်ရမည်ဖြစ်ကြောင်း ဆရာတော်က ရှင်းလင်းပြောကြားခဲ့သည်။

““ဘုန်းကြီးကို မိုးပြာဂိုဏ်း ထောင်တယ်ဆိုပြီး စွပ်စွဲတာလည်း ကြုံရတယ်။ ဘုန်းကြီးတရားဆက်ဟောရင် မှားတယ်၊ မှန်တယ်ဖြစ်နေတော့ တရားမဟောတော့ဘူး။ အခု ကလေးတွေအတွက် ပညာ ရေးဘက်လှည့် လိုက်တယ်။ တချို့ဆို ဓမ္မစေတီဆရာတော်က ပြောတယ် ဘုရားက လက်တော့ပ်လောက် မမှန်ဘူးဆိုပြီး ပြောတာတွေရှိတယ်။ အဲဒါက ဘုန်းဘုန်းက ပိဋကတ်သုံးပုံကို လက်တော့ပ်ထဲ ထည့်ထားတာ အပြည့်အစုံဟော လို့ရတယ်လို့ ပြောတာပါ။ တရားပွဲ ပိတ်ထားတာမရှိဘူး။ တချို့ နေရာတွေမှာ ဘုန်းတော်ကြီးတွေက သူတို့မကျေနပ်လို့ ပိတ်တယ်။ အဲဒါဆို ဘုန်းဘုန်းလည်း မသွားပါဘူး။ ပဲခူးတိုင်းမှာတုန်းကလည်း တရားဟောလို့ ရတယ်။ ဖိတ်စာတွေဘာတွေရိုက်ပြီး ဒီနေ့တရားပွဲကို လာမယ့်အချိန်မှ သံဃာအပါး ၂၀၊ ကျောင်းတိုက် ၂၀ က လက်မှတ်ထိုးပြီး ကန့်ကွက်တယ်ဆိုပြီးဖြစ်လို့ ဘုန်းဘုန်းတရားမဟောတော့ဘူး””ဟု တရားပွဲများ ဆက်လက် ဟောကြားခြင်းမပြုသည့် ကိစ္စများနှင့် စပ်လျဉ်း၍ ဆရာတော်က ရှင်းလင်းပြောကြား သည်။

ဓမ္မစေတီဆရာတော်သည် တရားဟောကြားခြင်းမပြုတော့ဘဲ အရှေ့တောင်အာရှနိုင်ငံတချို့နှင့် ဥရောပနိုင်ငံတချို့ကို သွားရောက်ကာ ထေရ၀ါဒဗုဒ္ဓသာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဇွန်လကုန်ပိုင်းမှစ၍ ၀ါတွင်းသုံးလပတ်လုံး အမေရိကန်နိုင်ငံတွင် သီတင်းသုံးမည်ဖြစ်သည်။

by Myanmartandawsint Newspaper

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...