ရန်ကုန်မြို့တော် လမ်းပန်းဆက်သွယ် သွားလာမှု ပိုမိုတိုးတက် ကောင်းမွန်ရန် အတွက်
၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် မြို့တွင်း၊ မြို့ပြင် လမ်းပေါင်း ၃ဝဝ ကျော်ကို အဆင့်မြှင့်တင်ရန် အတွက် ငွေကျပ် သန်းပေါင်း ၄ဝဝဝဝ ကျော် သုံးစွဲရန် လျာထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်း၊ တံတား)မှ သိရသည်။
မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ စီမံကိန်းတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေး အခန်း ကဏ္ဍသည် မြို့ပြ၏ အဓိက လိုအပ်ချက်တစ်ရပ် ဖြစ်သည်။ မြို့ပြ ကုန်စည်စီးဆင်းမှု ကောင်းမွန် လျင်မြန်စွာ အချိန်နှင့် တစ်ပြေးညီ သယ်ယူပို့ဆောင်နိုင်ရန် အတွက် လမ်းသစ်များ တိုးချဲ့ တည်ဆောက်ခြင်း၊ မူလလမ်းဟောင်းများ အဆင့်မြှင့်တင်ခြင်း၊ လူသွားစင်္ကြံများ ပြန်လည်ပြုပြင်ခြင်း စသည်တို့ကို မြို့ပြအင်္ဂါရပ်များနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် ယခု ဘဏ္ဍာရေးနှစ် တွင် ငွေကျပ် သန်းပေါင်း ၄ဝဝဝဝ တိုးမြှင့် လျာထားရခြင်း ဖြစ်ကြောင်း သိရသည်။
မြ၀တီ
၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် မြို့တွင်း၊ မြို့ပြင် လမ်းပေါင်း ၃ဝဝ ကျော်ကို အဆင့်မြှင့်တင်ရန် အတွက် ငွေကျပ် သန်းပေါင်း ၄ဝဝဝဝ ကျော် သုံးစွဲရန် လျာထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်း၊ တံတား)မှ သိရသည်။
မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ စီမံကိန်းတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေး အခန်း ကဏ္ဍသည် မြို့ပြ၏ အဓိက လိုအပ်ချက်တစ်ရပ် ဖြစ်သည်။ မြို့ပြ ကုန်စည်စီးဆင်းမှု ကောင်းမွန် လျင်မြန်စွာ အချိန်နှင့် တစ်ပြေးညီ သယ်ယူပို့ဆောင်နိုင်ရန် အတွက် လမ်းသစ်များ တိုးချဲ့ တည်ဆောက်ခြင်း၊ မူလလမ်းဟောင်းများ အဆင့်မြှင့်တင်ခြင်း၊ လူသွားစင်္ကြံများ ပြန်လည်ပြုပြင်ခြင်း စသည်တို့ကို မြို့ပြအင်္ဂါရပ်များနှင့်အညီ
မြ၀တီ