အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 June, 2013

အောက်တိန်းအရည်အသွေး မပြည့်သည့်အတွက် မော်ဒယ်မြင့်ကားများပါ မကြာခဏ ပြင်နေရ၊ စက်သုံးဆီအား အရည်အသွေးမီ၊ မမီ စစ်ဆေးသင့်ဟု ကားလုပ်ငန်းရှင်များ ပြောကြား

မော်ဒယ်မြင့်ကားများ မကြာခဏ ပြင်ဆင်နေရပြီး အဓိကအားဖြင့် အောက်တိန်း အရည်အသွေး မပြည့်မီသည့် အတွက်ဖြစ်ကြောင်း ကား Services စင်တာများက ပြောကြားခဲ့သည်။
ယခုနှစ်ပိုင်းအတွင်း အဓိကကြုံတွေ့ရသည့် ပြဿနာမှာ ကားပလပ်များ မကြာခဏ လဲနေရသည့် ပြဿနာ ဖြစ်ကြောင်း၊ ထိုပလပ်လဲရခြင်း၏ အဓိကပြစ်ချက်မှာ စက်သုံးဆီအရည်အသွေး မမှန်သည့်အတွက် ဖြစ်ကြောင်း ကားအင်ဂျင် ကျွမ်းကျင်သူများက ထောက်ပြသည်။

၂၀၁၀၊ ၂၀၁၁ ခုနှစ်ထုတ် ကားသစ်များပါ ပလပ်များလဲလှယ်ရသည့် ဒုက္ခကြုံလာရကြောင်း၊ ဂျပန်နိုင်ငံထုတ် ကားများအပြင် ဥရောပထုတ် ကားများပါ လဲလှယ်လာရကြောင်း၊ ဥရောပထုတ် ကားများမှာ တစ်ခုခုပျက်လျှင် အပိုပစ္စည်း ရှာရခက်သည့် ပြဿနာကိုပါ ရင်ဆိုင်ရကြောင်း သိရသည်။

''ကျွန်တော်တို့က ရွေးချယ်စရာမရှိဘူး။ သူတို့သတ်မှတ်တဲ့ ဈေးနဲ့ဝယ်တယ်။ အရည်အသွေးပြည့်၊ မပြည့်က ဘယ်လိုမှ မသိနိုင်ဘူး။ ကားပျက်လို့ သွားပြတိုင်း ပလပ်လဲနေရတယ်။ တစ်နှစ်အတွင်းမှာ ပလပ်သုံးခါလဲရတယ်။ အောက်တိန်းက အဓိကပဲ။ အခု ၉၂ ရွန်လို့ပြောတယ်။ မပြည့်လို့ပေါ့။ တင်သွင်းတုန်း ကတည်းက နိမ့်တာသွင်းတာလား ဒီရောက်မှပဲ အရောအနှောကြောင့် ဖြစ်တာလားမသိဘူး။ မပြည့်တာတော့ သေချာတယ်။ အခုဆီဆိုင် မပြည့်လို့ အရေးယူပေးတဲ့အတွက် အားလုံးနီးပါး အပြည့်အ၀ရတယ်။ ဒါပေမဲ့ အရည်အသွေး မမီတော့ ကားပါ ထိခိုက်ပြန်ရော။ စက်သုံးဆီဆိုင်တွေအနေနဲ့ သင့်တင့်တဲ့ အမြတ်လည်း ယူထားပြီးပြီပဲ။ အရည်အသွေးပိုင်းကိုတော့ ပြောတဲ့အတိုင်း ရောင်းပေးသင့်တယ်'' ဟု ကားမကြာခဏပျက်၍ ပြင်ဆင်နေရသူ တစ်ဦးက ဆိုသည်။

ထို့အတွက် စက်သုံးဆီအား အခြင်အတွယ် ပြည့်၊ မပြည့် စစ်ဆေးအရေးယူ ပေးနေသည့် စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင် သယ်ယူဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ အနေဖြင့် စက်သုံးဆီ အရည်အသွေးပိုင်းကိုပါ စစ်ဆေးပေးသင့်ကြောင်း ဆိုကြသည်။

EMG
စက်သုံးဆီ သယ်ဆောင်လာသည့် ဆီသယ်ယာဉ်များအား တွေ့ရစဉ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...