အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 June, 2013

ဖြတ်သန်းခွင့်ပိတ်ခဲ့သဖြင့် ဧရာဝတီတိုင်း ဒေသအချို့မှ ကုန်တင်နှင့် ခရီးသည်တင်ယာဉ်များ အခက်အခဲဖြစ်ပေါ်

ဇွန် ၁ ရက်မှစ၍ ၁၆ တန်နှင့်အထက် ကုန်တင်ယာဉ်များအား ရုတ်တရက် ဖြတ်သန်းခွင့် ပိတ်ဆို့ခဲ့ခြင်းကြောင့် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်အချို့၌ ကုန်တင်ယာဉ်များ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ဟင်္သာတ-ရန်ကုန် လမ်းမကြီးတွင် ၁၆ တန်နှင့်အထက် ကုန်တင်ယာဉ်များအား ဇွန် ၁ ရက်မှ စက်တင်ဘာလကုန်အထိ လေးလဖြတ်သန်းခွင့် ပိတ်ထားရန် ခရိုင်ဆောက်လုပ်ရေးမှ ညွှန်ကြားထားပြီး ဇွန် ၂ ရက်၊ ညနေ ၅ နာရီတွင် ယာဉ်ပိုင်ရှင်များထံသို့ ကြိုတင်အကြောင်းကြားထားခြင်း မရှိဘဲ ယာဉ်ဖြတ်သန်းစဉ် ရုတ်တရက် ဖြတ်သန်းခွင့် ပိတ်လိုက်ခြင်းသာဖြစ်ပြီး ယခုနှစ် မိုးရွာသွန်းမှု နည်းပါးသဖြင့် လမ်းပိတ်ဆို့ခြင်းအား သက်ဆိုင်ရာမှ ပြန်လည်စဉ်းစား ပေးစေလိုကြောင်း၊ ထိုသို့ အဝေးပြေး လမ်းမကြီးအား နှစ်စဉ်ယာဉ်ဖြတ်သန်းခွင့် ပိတ်ဆို့ခြင်းများကြောင့် ကုန်စည်ပို့ဆောင်မှုအပြင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ မိသားစုများ၏ စားဝတ်နေရေးနှင့် ပညာရေး အခက်အခဲများ ရင်ဆိုင်နေရကြောင်း ယာဉ်ပိုင်ရှင်များထံမှ သိရသည်။

အိမ်မဲမြို့နယ်တွင်လည်း ဇွန် ၁ ရက်မှ စတင်ပြီး အိမ်မဲ-ကျောင်းကုန်း၊ အိမ်မဲ-ပန်းတနော် ကားလမ်းကို ခြောက်တန်အထက် ယာဉ်များ ဖြတ်သန်းခွင့် မပြုကြောင်း ကျောင်းကုန်းမြို့နယ် ဆောက်လုပ်ရေးမှ အကြောင်းကြားခဲ့သောကြောင့် အိမ်မဲမြို့မှ ရန်ကုန်သို့ သွားရောက်မည့် ခရီးသည်များ ခက်ခဲမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

''ကျွန်တော်တို့ ယာဉ်လိုင်းမှာက ရန်ကုန်ကားဆိုရင် ကားကြီပဲရှိတာ။ အခု ၆ တန်အထက် မဖြတ်နဲ့ဆိုတော့ ကားမထွက်ရတော့ဘူးပေါ့၊ အရင်ကဆို ဒါးကလမ်းက သွားလို့ရတယ်။ အခုဒါးကလမ်းကလဲ ပိတ်ထားတော့ ကားမထွက်ရဘူးပေါ့၊ ကျောင်းကုန်းလမ်းက နှစ်တိုင်းမိုးတွင်းဆို ပိတ်တယ်။ လမ်းကျတော့ တစ်ခါမှမပြင်ဘူး။ ခရီးသည်တင်ယာဉ်တော့ ဖြတ်ခွင့်ပေးသင့်တယ်။ မဟုတ်ရင်အိမ်မဲကနေ ဘယ်မှသွားလို့ ရမှာမဟုတ်ဘူး'' ရွှေပြည်သာ ခရီးသည်ပို့ဆောင်ရေးမှ အတွင်းရေးမှူး ဦးအောင်နိုင်သိန်းက ပြောကြားသည်။

''ဇွန်၁ရက်နေ့မှာ ကျောင်းကုန်း AE က အိမ်မဲ ကျောင်းကုန်းလမ်းကို ခြောက်တန်အထက် မသွားရဘူး ပြောပါတယ်။ ကျွန်တော်တို့က ငါးရက်ခန့် ဆိုင်းပေးပါ ပြောတာမရဘူး။ အိမ်မဲမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ဆုံအကူအညီတောင်းလို့ မနက်ဖြန် ကားတွေ ပြန်ထွက်နိုင်အောင် လုပ်နေပါတယ်။ ဒီနေ့ရောက်လာတဲ့ တောရွာက ခရီးသည်တွေကိုတော့ ကားလေးနှစ်စီးငှားပြီး ပို့ဆောင်ပေးခဲ့ပါတယ်'' ဟု အိမ်မဲမြို့နယ် မထသဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောကြားသည်။

EMG
ဟင်္သာတမြို့နယ် နင်းကြမ်းယာဉ်ရပ်နားစခန်းတွင် ကုန်တင်ယာဉ်များ သွားလာခွင့်မရဘဲ ပိတ်မိနေသည်ကို ဇွန် ၃ ရက်နံနက်က တွေ့ရစဉ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...