အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 June, 2013

ကမ္ဘာ့ တောင်ပိုင်း ရေပိုင်နက်သို့ရေငုပ်သင်္ဘောများ စေလွှတ်ရန် ရုရှားစီစဉ်

ရုရှားနိုင်ငံသည် နျူကလီးယား ထိပ်ဖူးပါရှိပြီး ပဲ့ထိန်းဒုံး စနစ် တပ်ဆင်ထားသော ဒုံးပျံများ တပ်ဆင်ထားသည့် ရေငုပ်သင်္ဘောများကို ကမ္ဘာ့တောင်ပိုင်းရှိ နိုင်ငံတကာ ရေပြင်သို့ ဆိုဗီယက် ယူနီယံ ပြိုကွဲပြီး ကတည်းကပထမဆုံးအကြိမ် အဖြစ် စေလွှတ်သွားရန် စီစဉ်လျက်ရှိကြောင်း ရုရှား စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

ရုရှားစစ်ဦးစီး အဖွဲ့မှ အရာရှိတစ်ဦး ဖြစ်သူက ပြောကြားရာတွင် ရုရှားနိုင်ငံ၏ မဟာဗျူဟာ မြောက် ရေငုပ်သင်္ဘောဆိုင်ရာ ကင်းထောက် ဧရိယာကို ၂ဝ၁၄ ခုနှစ်မှ စတင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရုရှားရေတပ်၏ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော များအနေဖြင့် ကင်းလှည့်ခြင်း လုပ်ငန်းများကို အာတိတ်၊ အတ္တလန္တိတ်နှင့် ပစိဖိတ် သမုဒ္ဒရာများတွင်သာ ဆက်လက် ဆောင်ရွက်သွားမည် မဟုတ်ဘဲ ကမ္ဘာ့ တောင်ဘက်ခြမ်း သို့ပါ ဖြန့်ကြက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...