နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်လာသည့်အခါ ပြည်တွင်းစီးပွားရေး
လုပ်ငန်းရှင်များ ယှဉ်ပြိုင်နိုင်ရန်အတွက် ပြည်တွင်းပြည်ပ ပညာရှင်များ
ပါဝင်သည့် ဆွေးနွေးပွဲကို ဇွန် ၃ ရက်က UMFCCI တွင် ကျင်းပပြုလုပ်ခဲ့သည်။မြန်မာနိုင်ငံ၏
အနာဂတ်စီးပွားရေး အတွက် တာဝန်သိကာ ပြီးပြည့်စုံသည့် စီးပွားရေး
ဖြစ်နိုင်ရန်အတွက် သိကောင်းစရာနှင့် လိုက်နာရမည့် ကျင့်ဝတ်များဆိုင်ရာ
ဆွေးနွေးပွဲကို UMFCCI နှင့် CSR Asia တို့ ပူးပေါင်းပြုလုပ်ခြင်း ဖြစ်သည်။
''ဒီပွဲက လုပ်ငန်းရှင်အားလုံးရဲ့ Responsible ပေါ့။ လုပ်ငန်းရှင်တွေဟာ အကျိုးစီးပွားကိုပဲရှာပြီး ပတ်ဝန်းကျင် မထိခိုက်အောင် စဉ်းစားရမယ်။ လူမှုဘ၀ အဆင်ပြေအောင် စဉ်းစားရမယ်။ အဲဒီအတွက် အစိုးရနဲ့ ပြည်သူလူထုကော၊ လုပ်ငန်းရှင်တွေကော၊ အန်ဂျီအိုတွေပါ ပူးပေါင်းဆောင်ရွက်မှ အောင်မြင်နိုင်မှာပါ'' ဟု အလုပ်သမား ၀န်ကြီးဌာန director general တစ်ဦးဖြစ်သူ ဦးယုလွင်အောင်က ပြောကြားသည်။
နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာသည့် အခါတွင် ဒေသခံ စီးပွားရေးလုပ်ငန်းများမှာ ယှဉ်ပြိုင်နိုင်ရန်အတွက် သော်လည်းကောင်း၊ ပြည်တွင်းထွက်ကုန်များ အနေဖြင့် နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက် နိုင်ရန်အတွက် လိုက်နာရမည့် စီးပွားရေးဆိုင်ရာ ကျင့်ဝတ်များကို CSR Asia ၏ ဥက္ကဋ္ဌဖြစ်သူ Richard Wel ford က ယင်းဆွေးနွေးပွဲတွင် ရှင်းလင်းတင်ပြခဲ့သည်။
''စီးပွားရေး လုပ်ငန်းရှင် အများစုက စီးပွားရေးလုပ်တဲ့ အခါမှာ အမြတ်အတွက်ပဲ နားလည်ကြတာများတယ်။ လူမှုရေး တာဝန်ရှိဖို့ လိုတယ်။ အဲဒါကြောင့် လူ့အခွင့်အရေး မချိုးဖောက်အောင်၊ လုပ်သားတွေရဲ့ အခွင့်အရေးကို မချိုးဖောက်အောင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်အောင်၊ အဂတိ လိုက်စားမှု ကင်းရှင်းအောင် လုပ်ငန်းရှင်တွေအနေနဲ့ လိုက်နာဖို့ လိုအပ်ပါတယ်'' ဟု ဒေါက်တာအောင်ထွန်းသက်က ပြောကြားခဲ့ပါသည်။
EMG
ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ပြည်တွင်းပြည်ပ ပညာရှင်များအား တွေ့ရစဉ်
''ဒီပွဲက လုပ်ငန်းရှင်အားလုံးရဲ့ Responsible ပေါ့။ လုပ်ငန်းရှင်တွေဟာ အကျိုးစီးပွားကိုပဲရှာပြီး ပတ်ဝန်းကျင် မထိခိုက်အောင် စဉ်းစားရမယ်။ လူမှုဘ၀ အဆင်ပြေအောင် စဉ်းစားရမယ်။ အဲဒီအတွက် အစိုးရနဲ့ ပြည်သူလူထုကော၊ လုပ်ငန်းရှင်တွေကော၊ အန်ဂျီအိုတွေပါ ပူးပေါင်းဆောင်ရွက်မှ အောင်မြင်နိုင်မှာပါ'' ဟု အလုပ်သမား ၀န်ကြီးဌာန director general တစ်ဦးဖြစ်သူ ဦးယုလွင်အောင်က ပြောကြားသည်။
နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာသည့် အခါတွင် ဒေသခံ စီးပွားရေးလုပ်ငန်းများမှာ ယှဉ်ပြိုင်နိုင်ရန်အတွက် သော်လည်းကောင်း၊ ပြည်တွင်းထွက်ကုန်များ အနေဖြင့် နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက် နိုင်ရန်အတွက် လိုက်နာရမည့် စီးပွားရေးဆိုင်ရာ ကျင့်ဝတ်များကို CSR Asia ၏ ဥက္ကဋ္ဌဖြစ်သူ Richard Wel ford က ယင်းဆွေးနွေးပွဲတွင် ရှင်းလင်းတင်ပြခဲ့သည်။
''စီးပွားရေး လုပ်ငန်းရှင် အများစုက စီးပွားရေးလုပ်တဲ့ အခါမှာ အမြတ်အတွက်ပဲ နားလည်ကြတာများတယ်။ လူမှုရေး တာဝန်ရှိဖို့ လိုတယ်။ အဲဒါကြောင့် လူ့အခွင့်အရေး မချိုးဖောက်အောင်၊ လုပ်သားတွေရဲ့ အခွင့်အရေးကို မချိုးဖောက်အောင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်အောင
EMG
ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ပြည်တွင်းပြည်ပ ပညာရှင်များအား တွေ့ရစဉ်