အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

13 May, 2013

ရာပြည့်ဈေးအနီးတွင် ပျံကျဈေးသည်များ ကိုယ်ပိုင်ဆန္ဒများ ဆိုင်းပုဒ်ထူ၍ ဈေးရောင်းနေ

တာမွေရာပြည့် ဈေးအနီးမှ ပျံကျရောင်းချနေသော ဈေးသည်များအား ရက်ကွက်မြေနေရာ ဖြစ်နေသောေ ကြာင့် ဈေးမရောင်းချကြရန် တာမွေမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ နို့တစ်စာ ကပ်ထားသောကြောင့်
ဈေး သည်များသည် ယနေ့ နံနက်တွင် ၎င်းတို့၏ ဆန္ဒများ ရေးသား ထားသော ဆိုင်းပုဒ်များ ထောင်၍ ဈေးရောင်း ချနေကြောင်း သိရသည်။

ယင်းဆိုင်းပုဒ်များတွင် “ကျွန်မတို့သည် ရိုးသားစွာ လုပ်ကိုင်စားသောက်နေသူများ ဖြစ်ပါသည်။ မကြာခင် ကျောင်း ဖွင့်တော့မယ်။ ကျွန်မတို့မှာ မိသားစုရှိသည်။ ဈေးရောင်းချခွင့် ပေးပါ။ ဝမ်းရေးအတွက် ဈေးရောင်း မှ အဆင်ပြေမည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား အသနားခံပါသည်။
ကောင်းရောင်း ကောင်းဝယ် ဈေးရောင်းစားတဲ့ မိန်းကလေးတွေ ဘဝဟာ စည်ပင်တွေကြောင့် KTV(ကေ တီဗွီ) မိန်းကလေး ၊ Mar sat (မာဆက်) မိန်းကလေး၊ Far the(ဖာသည်)ဘဝ ရောက်ပါပြီရှင့်။ ကျွန်မတို့ သည် မိဘလုပ်ကြွေးနေသော သားသမီးများ ဖြစ်ပါသည်။ လမ်းကြားထဲတွင်ဈေးရောင်းချခွင့်ကို ဥပဒေက ပေးထား ပါသည်။ အတင်းအဓမ္မ မပြောင်းနိုင် ပါရှင့်။ ကျွန်မတို့ ဗန်းတစ်ဗန်းဟာ မိသားစုတစ်စု၏ မှီခိုအား ထားရာဖြစ်ပါ၍ ဈေးရောင်းချခွင့် ပေးပါရှင် မေတ္တာရပ်ခံပါသည်။ ဈေးသူ၊ ဈေးသားများ၏ ဘဝသည် စားဝတ်နေရေး အဆင်ပြေ မှာ ဖြစ်သဖြင့်ဈေးရောင်း ချခွင့် ပေးပါ။ ကျောင်းဖွင့်တော့မည် ဈေးရောင်းမှ ကျောင်းတက်နိုင်မည် ကျွန်မတို့ ကျောင်းစားရိတ် မည်သူထောက်ပံ့ မည်နည်း” ဟု ရေးသား ထားကြသည်။

ယင်းကိစ္စအား တာမွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မေလ ဆယ်ရက်နေ့ရက်စွဲဖြင့် အသိပေးနှိုးဆော် ချက် တစ်စောင် ကပ်ထားသည်ကို လည်း တွေ့ရသည်။ ယင်းနှိုးဆော်စာတွင် တာမွေမြို့နယ် တာမွေကြီး (ခ) ရပ်ကွက်၊ ၁၆၇လမ်းသည် လူနေရပ်ကွက် ဖြစ်ပြီးဈေးရောင်း ချရန် သတ်မှတ်ထားသော နေရာ မဟုတ် ပါသဖြင့် လမ်းအတွင်း ဈေးရောင်း ချနေသော ဈေးသည်များသည် (၁၁.၅.၂၀၁၃)ရက်နေ့မှ စ၍ ဈေးေ ရာင်း ချခြင်း မပြုရန် ကြိုတင်အသိပေး ကြေညာအပ်ပါသည် ဟူ၍ဖြစ်သည်။

“သူတို့ကနေရပေးတယ် ပေးတဲ့နေရက အဆင်မပြေဘူးပေါ့နော်။ ဈေးက တခြား ပေးတဲ့နေရာကတခြား ဖြစ်နေ တယ်။ ပေးတဲ့နေရာကလည်း ဟိုး………ကားပွဲစားတန်းဖက်။ သူတို့ကလည်း သူတို့နေရာပေးလို့ ရိုက် မယ် နှက်မယ်တွေ ဖြစ်ပြီး ပြန်ပြေးလာကြတာ။ သေးစော်တွေကလည်း နံလို့”ဟု ဈေးရောင်းချရန် နေ သွားကြည့် ၍ ပြန်လာသော ဈေးသည် တစ်ဦးက ပြောကြားသည်။

အဆိုပါ ၁၆၇လမ်းတွင် ပျံကျဈေးသည်ပေါင်း ၄၀၇ဦး ရောင်းချလျက်ရှိပြီး ယခုအခါ သုံးရာကျော် ဆက် လက်ရောင်း ချလျက် ရှိကြောင်း သိရသည်။မြန်မာ့ခေတ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...