အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

13 May, 2013

မော်ဒယ် ဆရာမကြီး ပြောနေသော မြန်မာ မိန်းကလေးတွေရဲ့ဝတ်စား ဆင်ယင်မှု

တင်မိုးလွင် -- လမ်းပေါ်မှာ ယဉ်ကျေးမှုထိန်းသိမ်းတဲ့ ကြီးကြပ်တဲ့သူတွေ မရှိသရွေ့တော့ ကန့်သတ်လို့မရပါဘူးဆင်ဆာတွေလွတ်လပ်လာတဲ့အပေါ်မှာဝတ်စားဆင်ယင်လာတဲ့မြန်မာမိန်ကလေးတစ်
ယောက်အနေ နဲ့ အန္တရာယ်ကိုဖိတ်ခေါ်နေတယ်လို့ မမိုး မြင်မိတယ်။ မြန်မာပြည်မှာ အဲ ဒီလောက်ကြီး မဖြစ်သင့်ဘူးလို့ထင် တယ်။ အမေရိကားလိုနေရာမျိုး မှာတောင် လုပ်ငန်းခွင်နဲ့ပတ်သက် လာတာတို့၊ မသင့်တော်တဲ့နေရာမျိုး မှာဆို အတိုတွေဝတ်လာရင် ချက် ချင်း ပြန်လွှတ်တာမျိုးရှိတယ်။ အဲဒီ တော့ သူပိုင်ဆိုင်ရာ နယ်မြေအသီး သီးကိုဝင်မယ်။ ဌာနအသီးသီးကို သွားမယ်ဆို သူ့ကန့်သတ်ချက်နဲ့သူ ရှိပါတယ်။ ဘုရားကိုသွားရင်ဘာ ၀တ်ရမယ်၊ ဌာနကိုသွားရင်ဘာဝတ် ရမယ်၊ တက္ကသိုလ်ကျောင်းကိုသွား ရင် ဘာဝတ်ရမယ်ဆိုပြီးကန့်သတ် ချက်ရှိပါတယ်။
 အဲဒီကန့်သတ်တဲ့ နေရာမဟုတ်ဘဲ လမ်းမပေါ်သွားနေ တဲ့နေရာမျိုးကတော့ လမ်းပေါ်မှာ ရှိတဲ့ ယဉ်ကျေးမှု ထိန်းသိမ်းတဲ့ရဲ၊ ယဉ်ကျေးမှုထိန်းသိမ်းတဲ့ ကြီးကြပ် တဲ့သူတွေမရှိသရွေ့တော့ ကန့်သတ် လို့မရပါဘူး။ ၀တ်နေမှာပါပဲ။ ကိုယ့် အသိစိတ်နဲ့ ကိုယ်ဝတ်ဖို့ပါပဲ။ ကိုယ့် အသိစိတ်နဲ့ ကိုယ်ဝတ်ဖို့ကတော့ မီ ဒီယာတွေကလည်း အဓိကပါပဲ။ မီ ဒီယာ Channel တွေက ပြနေတဲ့ ပုံတွေ၊ မဂ္ဂဇင်း၊ သတင်းဂျာနယ်တွေ က အဓိကပါပဲ။ အဲဒီစာမျက်နှာတွေ ကို လှန်လိုက်လို့တွေ့ရတဲ့ ပုံစံတွေ မျိုး အပြင်ကလိုက်ဝတ်ကြတာလေ။ စာပေ၊ စာနယ်ဇင်းကလည်း တာဝန် တွေ အသိစိတ်တွေနဲ့ ကိုယ့်ရဲ့စာ ပေသတင်းအချက်အလက်နဲ့ ယဉ် ကျေးမှုကိုပြန်လည်ပြီး လမ်းမှန်ထိန်း သိမ်းပေးနိုင်ရင်ပိုကောင်းပါတယ်။ မ မိုးဆို အရင်ကဂျာနယ်တစ်စောင်ကို ပုံမှန်အားပေးတယ်။ ၀ယ်ဖတ်တယ်။ နောက်ပိုင်းတော့ မဖြစ်မနေဖတ်ရ တဲ့အဆင့်မျိုးမထားတော့ပါဘူး။ အဲ ဒီဂျာနယ်မှာဆို မတင်သင့်တဲ့ပုံတွေ ကို တင်တဲ့အတွက် လူတွေတော် တော်လေးရှုတ်ချတယ်။စောင့်ကြည့် အကဲဖြတ်တဲ့ ပညာရှင်အသိုင်း အ၀ိုင်းတွေပေါ့။ မမိုးက Education နဲ့ Entertainment ကိုတွဲပြီးလုပ်နေ တဲ့အတွက် Entertainment စစ်စစ် ကိုမသွားဘဲ ပညာပေးနဲ့သွားတဲ့ အတွက် မမိုးရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ပညာရှင်တွေ မိတ်ဆွေအပေါင်း အသင်းတွေက လူငယ်တွေကို သင် ကြားပေးတဲ့ သူတစ်ယောက် အနေ နဲ့ ဘာတွေကို ထည့်သင့်တယ်၊ ဘာ ကိုတားသင့် တယ်ဆိုတာကို အကြံ ညဏ်ပေးတဲ့ အတွက် အလျဉ်း သင့်လို့ပြောဖြစ်တာပါ။
ရင်းမြစ်.... 8 DAYS A WEEK ENTERTAINMENT

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...