အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

13 May, 2013

ရဲအရာရှိ၏ ဆိုင်ကယ်ကို ရဲတပ်သားက ခိုးရောင်း

ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် ရပ်ထားသည့် ရဲအရာရှိတစ်ဦးပိုင် ဆိုင်ကယ်တစ်စီးကို သန်လျင်ရဲစခန်းမှ ရဲတပ်သားတစ်ဦးက ခိုးယူ၍ သာကေတမြို့နယ်၌ ပြန်လည် ရောင်းချခဲ့ရာ လက်ရ ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်း သိရှိရသည်။

ဒုရဲအုပ် တင်လှိုင်သည် ဧပြီလ ၂၉... ရက်နေ့က သန်လျင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တွင် ဆိုင်ကယ်ကို ရပ်ထားရာမှ ပျောက်ဆုံးခဲ့ပြီး စုံစမ်းရှာဖွေခဲ့ရာ မေလ ၆ ရက်နေ့တွင် သာကေတမြို့နယ် ရှုခင်းသာအနီး၌ ရဲဘောင်းဘီ ဝတ်ဆင်ထားသည့် လူတစ်ဦးက လိုက်လံရောင်းချနေသည်ဟု သတင်းပေးချက် အရ သွားရောက်စုံစမ်းခဲ့ရာ ပျောက်ဆုံးသွားသည့် ဆိုင်ကယ်နှင့်အတူ ဆိုင်ကယ် ခိုးယူသည်ဆိုသည့် ရဲတပ်သားကိုပါ ဖမ်းဆီး ရမိခဲ့ကြောင်း သန်လျင်ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

"ပျောက်တဲ့အချိန်က မနက် ၄ နာရီနဲ့ ၅ နာရီကြားလောက်ဖြစ်မယ်။ ၃ နာရီ ၃၀ မိနစ်အထိ ဆိုင်ကယ်ရှိသေးတယ်" ဟု သန်လျင်ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ဆိုင်ကယ်မပျောက်ဆုံးမီ ကာလက အဆိုပါ ရဲစခန်းတွင် မိုဘိုင်းလ်ဖုန်းများ မကြာခဏ ပျောက်ဆုံးကြောင်း၊ ဆိုင်ကယ် ရောင်းချသူဟု ယူဆရသူ ရဲတပ်သားကို ရဲစည်းကမ်းနှင့် အညီ အရေးယူရန် စီစဉ်လျက်ရှိပြီး ဖုန်းများပျောက်ခြင်းနှင့် ဆက်စပ်မှုရှိ မရှိကိုပါ ဆက်လက်စစ်ဆေး နေကြောင်း အဆိုပါအမှုကို စစ်ဆေးသည့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...