ယနေ့ မြန်မာ စံတော်ချိန်(၀၆း၃၀)နာရီ အချိန်တိုင်း ထွာချက်များ အရ ဘင်္ဂလား
ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း
မဟာစင်(MAHASEN) သည် မြန်မာနိုင်ငံ၊(ကိုကိုးကျွန်း)၏ အနောက်တောင်
ဘက်မိုင်(၄၃၀)ခန့်၊ ပုသိမ်မြု့၏ အနောက်တောင်ဘက်မိုင်(၅၇၀)ခန့်၊
အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက်
မိုင်(၃၈၀)ခန့်အကွာပင်လယ်ပြင်ကှိုဗဟိုပြုနေပါသည်။
အဆိုပါ
ဆိုင်ကလုန်း မုန်တိုင်းသည် မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊
မုန်တိုင်းဗဟိုချက်အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင်(၆၀)ထိ
ရှိနိုင်ပါသည်။ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊
မုတ္တကွေ့၊ မွန်တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့်
ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး
လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ်ရေပြင်/မြေပြင်လေသည်
တစ်နာရီလျှင်မိုင်(၄၀)မှ (၄၅)မိုင် အထိတိုက်ခတ်နိုင်ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း၏
လက်ရှိအခြေအနေမှာ အ၀ါရောင်အဆင့်သာ ရှိသော်လည်း နောက်ဆုံးတိုင်းထွာရရှိသော
ခန်မှန်းချက်အရ မေလ(၁၆)ရက်ညနေ ပိုင်းခန့်တွင် မြန်မာနိုင်ငံ
(ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း)ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ကမ်းခြေဒေသများ ဆီသို့ ဖြတ်ကျော်ဝင်ရောက် နိုင်ကြောင်းခန့်မှန်းရပါသည်။
မြန်မာ့ကမ်းရီုးတန်း
တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး
ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် မုန်တိုင်း အန္တရာယ်ရှောင်ရှားရန်
လိုအပ်ကြောင်း အကြံပြုအပ်ပါသည်။
မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန