အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

26 September, 2013

ကြက်တောင်ရိုက် အားကစားနည်းနဲ့ ခင်ဝင့်ဝါ

ကြက်တောင်ရိုက် အားကစားနည်းနဲ့ ခင်ဝင့်ဝါ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှဆီးဂိမ်း အားကစားပြိုင်ပွဲ အတွက် ပေါ်ပြူလာ ဂျာနယ်က တင်ဆက်နေကျဖြစ်တဲ့ ဆီးဂိမ်းလှုံ့ဆော်ရေး အားကစား ကဏ္ဍအနေနဲ့ ဒီတစ်ပတ်မှာတော့ ကြက်တောင် ရိုက်အား ကစားနည်းကို ရွေးချယ်ဖြစ်ခဲ့ကြပြီး ဒီကြက်တောင် ရိုက်အားကစား နည်းအတွက် ကူညီ သရုပ်ဆောင် ပေးဖို့ မင်းသမီးကို စဉ်းစားတဲ့ အခါမှာတော့ ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကိုရရှိပိုင် ဆိုင်ထား တဲ့ မြန်မာ့ဂုဏ် ဆောင် ခင်ဝင့်ဝါ ကို အားလုံး က သဘောကျ ကြပါတယ်။ ခင်ဝင့်ဝါကလည်း ဆီးဂိမ်း အားကစားလှုံ့ဆော် ရေးအတွက်ဖြစ် တာကြောင့် လိုလိုလားလားပဲ ကူညီပေးခဲ့ ပါတယ်။

ဆီးဂိမ်းအား ကစားဝတ်စုံတွေ အတွက်W&W Co;Ltd Royal Golden Owls (RGO) (SEA Games Souvenirs)မှကူညီ ပေးခဲ့ပြီးခင်ဝင့်ဝါ အတွက် မိတ်ကပ်- ထက်(Pop Soul) ကကူညီပံ့ပိုးပေးခဲ့ကြပါ တယ်။ ကြက်တောင် ရိုက်ကွင်း နေရာကိုတော့ အလုံမြို့နယ်ရှိ Indonesian International School မှာ သွားရောက်ရိုက်ကူး ဖြစ်ခဲ့ပြီး ကျောင်းမှ တာဝန်ရှိသူများ ကလည်း ရိုက်ကွင်း အတွက် ဝိုင်းဝန်းအားပေး ပံ့ပိုးကူညီပေး ခဲ့ကြပါတယ်။

မြန်မာနိုင်ငံ အတွက် ဆီးဂိမ်းအား ကစားကဏ္ဍမှာ တစ်ဖက် တစ်လမ်းက ပါဝင်ခွင့်ရတဲ့ အတွက် တအား ဝမ်းသာဂုဏ်ယူမိပြီး ကိုယ်တိုင်လည်းငယ်စဉ်ကတည်းက အားကစား လုပ်ဖြစ်ကြောင်းကို ခင်ဝင့်ဝါက "ညီမ ငယ် ငယ်တုန်းကကြက်တောင် ရိုက်တယ်။ ဘောလုံး ကန်တယ်။ပြေးတယ်။ အားကစားတွေ အားလုံးကိုလည်း ကြိုက် ပါတယ်။ တစ်ခါတလေ ကြက်တောင် ရိုက်ဖြစ် တယ်။ တစ်ခါတလေကျရင် ပြေးတယ်။ အားကစား လုပ်တာက ကျန်းမာရေး အတွက်များစွာ အထောက် အကူပြုပါ တယ်။ ဥပမာ ဘောလုံးကန်တဲ့ အား ကစားတစ်ခုကို ကစားလိုက်တဲ့ အခါ ချွေးထွက် တယ်။ ချွေးထွက်တဲ့ အခါခန္ဓာ ကိုယ်မှာရှိတဲ့ အပူတွေအကုန် လုံးထွက်သွား တဲ့အတွက် ကျန်းမာရေးကို များစွာ အထောက်အကူပြုတယ်" လို့ ပြောပါ တယ်။

ဆီးဂိမ်း အားကစားပြိုင်ပွဲ ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ် တာကြောင့် ဂုဏ်ယူမိသလို မြန်မာ နိုင်ငံ က အားကစားသမား တွေလည်း အကောင်းဆုံး ယှဉ်ပြိုင်ကာ ဆုတွေအများ ကြီးရပြီး မြန်မာ့ ဂုဏ်ဆောင် နိုင်တဲ့ အားကစားသမားတွေ ဖြစ်ပါစေလို့လည်း ဆုတောင်း ပေးခဲ့ပါတယ်။

 ၂၇ကြိမ်မြောက် အရှေ့ တောင်အာရှ ဆီးဂိမ်းပြိုင် ပွဲမှာ အားကစားနည်း၃၃ မျိုးထည့်သွင်း ကျင်းပသွား မှာဖြစ်ပြီး ကြက်တောင် ရိုက်အားကစားနည်း အတွက် ရွှေ၅ခု၊ ငွေ၅ခု၊ ကြေး၅ခုတို့ကို ချီးမြှင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။ 

ခိုင်ဝေလွင်
By Popular News

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...