အောင်ရဲလင်းက “အနမ်း Equationဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေပါတယ်။
ဇာတ်ကားတွေမှာ လူငယ်ဆန်ဆန် ဒီဇိုင်းတွေနဲ့ ဖန်စီကားလေးတွေ မှာ တွေ့ရလေ့ရှိ
တဲ့ အောင်ရဲလင်းကို ဒီလို ဒီဇိုင်းတွေ ပြင်ပေးတဲ့သူကို မေးကြည့်ဖြစ်တော့ ”
ကျွန်တော် ကတော့ စိတ်ထဲရှိတာ အကုန်လျှောက်ပြီးလုပ် တာပဲ။ ဇာတ်ရုပ်ကို
ကြည့်ပြီးလုပ်လို့ ရရင်လုပ်တယ်။ အရင်တုန်းက ဒီလိုမျက်လုံးခြယ်တာတွေ၊
ဒီဇိုင်းတွေမလုပ်ခင်က ” အလှဖန်တီးရှင်” ဇာတ်ကားမှာ ဖွေးဖွေးက
အရင်မျက်လုံးဆွဲတာတွေလုပ်ပေးတာ။ အဲဒီထဲကစပြီး လုပ်ဖြစ်သွားတာ။
အဲဒီအချိန်မှာ
ဒီလိုမျက်လုံးခြယ်တာက တအား ခေတ်စား လာတယ်။ဒီလိုလေးလုပ်တော့ ပရိသတ်အတွက်
ကြည့်ရ တာလည်းဆန်းသွား တာပေါ့။ ဇာတ်အနေနဲ့ကအမြဲဆန်းသစ်အောင်လုပ်
လို့မရတော့ကိုယ့်ကိုယ်ကိုပဲဆန်းသစ်အောင်လုပ်ရတာပေါ့။ ဖွေးဖွေး
ကပထမဆုံးစပြီးခြယ်ပေးတာပေါ့။ ကျွန်တော့် စိတ်ထဲမှာတော့
ကျွန်တော့်စတိုင်တစ်ခေတ်ဖြစ်ရမယ်ဆိုတာကြီးတော့
မရှိပါဘူး။ အဓိက က
ဇာတ်ကားအပေါ်မှာကျွန်တော်ထားတဲ့စေတနာပါ။ ပရိသတ် ကျေနပ်ရင်တော်ပါပြီ။ ဒီလို
ပုံစံလေးတွေ ပြောင်း နေတော့ ကိုယ်တိုင်လည်းကား ရိုက်ရ တာ ပိုတက် ကြွတယ်။
ပိုယုံကြည်မှုရှိတယ်။ အရင်ကျွန်တော်စပြီး ရိုက်တဲ့အချိန်
တုန်းကဒီလိုမျိုးတွေ လည်းမရှိဘူးလေ။ခေတ်ရေစီးကြောင်း အရပေါ့။ အမြဲ တမ်းလေ့
လာနေရတယ်” လို့ ပြောပြပါတယ်။
ဇာတ်ကားတွေမှာ ဇာတ်ရုပ်လို အပ်ချက်အရ
သရုပ်ဆောင်ရတာတွေကို ဆင်ဆာနဲ့ ပတ်သက်ပြီးပေးစေ ချင် ကြောင်း ပြော လာပြန်တဲ့
အောင်ရဲလင်းက” အဓိကက ဆင် ဆာကိုပြန်ပေးစေချင်တယ်။ ဇာတ်ရုပ်တိုင်းမှာက
သူ့အိုက်တင် နဲ့သူရှိ တယ်လေ။ တကယ့် ဇာတ်ရုပ် အတွက် လိုအပ် တယ်ဆိုရင်ပေး
သင့်တယ်။ ဂျလေ ဘီဆို ရင်တော့ ဆေး လိပ်သောက် ရင်လည်း သောက် မယ်။ ဆံပင်ရှည်
ထားချင်ထားမယ်။ ဆံပင်နီဆိုးချင်ဆိုး မှာပဲလေ။ ခိုင်လုံ တယ်ဆို ပေးသင့် တယ်။
မခိုင်လုံဘူးဆို ရင်ေ တာ့ တစ်မျိုးပေါ့လေ” လို့ ပြော ပြခဲ့ပါတယ်။
မေမွန်မောင် - Popular Journal
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
September
(42)
-
▼
Sep 26
(9)
- သီတင်းကျွတ်မှာ သီချင်းခွေ ထွက်တော့မယ့် နေတိုး
- အခွင့်အရေးရတိုင်း မယူဘူးဆိုတဲ့ မိုးဟေကို
- အောင်ရဲလင်းရဲ့ ဒီဇိုင်းတွေကို ပထမဆုံးပြောင်းလဲပေးတ...
- လူမင်းနှင့် ရိုက်ကူးမည့်ကားတွင် သရုပ်ဆောင်ရသည့်အခန...
- ကြက်တောင်ရိုက် အားကစားနည်းနဲ့ ခင်ဝင့်ဝါ
- စပျစ်သီးမှ ကုသပေးသော ရောဂါများ
- ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြော ပိတ်ဆို့မှုကို ...
- ထူးထူးခြားခြား နဖူးပေါ်မှာ နှာခေါင်းလာပေါက်သူ
- မြန်မာနိုင်ငံကူးလက်မှတ်အတုနဲ့ အလုပ်သမားတွေ ဖမ်းမိ
-
▼
Sep 26
(9)
-
▼
September
(42)