လတ်တလောမှာ မိုးဟေကိုက ဒါရိုက်တာ
နေသူရိန်ရိုက်ကူးတဲ့ "ထားခဲ့ရမှာစိုးတယ်" ဇာတ်ကားကို နေမင်းနဲ့အတူ
သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားလေးမှာ မိုးဟေကို က ကင်ဆာရောဂါသည် တစ်ယောက် အဖြစ်
သရုပ်ဆောင်ထားပါတယ်။ နောက်ပိုင်းမှာ ကိုယ်ရိုက်ချင်တဲ့ ဇာတ် ရုပ်တွေကိုပဲ
ရိုက်ဖြစ်နေကြောင်း မိုးဟေကိုက ပြောပါတယ်။
" ကိုယ်ရိုက်ချင်တယ်၊
ကိုယ်လုပ် ချင်တယ်ဆိုရင်တော့ လုပ်လိုက်တာပဲ။ ဘယ်ဇာတ်ရုပ်နဲ့လိုက်တယ်
ဆိုတာထက်ကိုယ့်ကိုပေးတဲ့ ဇာတ်ရုပ်တွေကို လုပ်ကြည့် ချင်တယ်ဆိုတဲ့ စိတ်နဲ့
လုပ်ခဲ့ တယ်" လို့ပြောတဲ့ မိုးဟေကိုက တအား ရိုက်ချင်တဲ့
ဇာတ်ရုပ်ပုံစံလည်းရှိကြောင်းပြော ပါတယ်။
" အဲဒီလိုဇာတ်ရုပ်
ပုံစံတော့ရှိတယ်။ ဒါပေမဲ့ ကိုယ့်အတွက်ကို အချိန်မပေးနိုင်သေးဘူး။
ကိုယ်ရိုက်ချင်တဲ့ ဇာတ်လမ်း တွေကို ကိုယ့်ဘာသာကိုယ်ရိုက် ဖို့တော့ရှိတယ်။
တခြားအလုပ်တွေနဲ့
ရှုပ်နေတဲ့ အတွက်ကြောင့် ကိုယ့်အတွက်ကို အချိန်
မပေးနိုင်သေးဘူး" လို့ပြောပါတယ်။ လတ်တလောမှာ ထွက်ရှိထားတဲ့ ဒါရိုက်တာ ဝင်း
ထွန်းထွန်း ပုံဖော်ရိုက်ကူးထားပြီး ပြေတီဦး၊ မိုးဟေကိုတို့
ပါဝင်သရုပ်ဆောင်ထားတဲ့ " နက်နက်ရှိုင်းရှိုင်းမှား" ဇာတ်ကားကလည်း ပရိသတ်တွေ
ကြိုက်ကြတာကို တွေ့ရပါတယ်။
အခုနောက်ပိုင်းမှာ အနုပညာအလုပ်လုပ်ရတာ
အရင်က ထက်ပိုပြီး လေးနက်လာကြောင်း မိုးဟေကိုက ပြောပါတယ်။
"
ရွေးချယ်မှုလေးတွေ ပိုပြီးလုပ် ခွင့်ရလာတယ်။ တဖြည်းဖြည်းနဲ့တော့
အခွင့်အရေးတွေ ပိုရလာတာပေါ့။ အခွင့်အရေး ရတိုင်းလည်း မယူဘူး။
ကိုယ်တကယ်လုပ်ချင်မှ လုပ်တယ်။ မလုပ်ချင်ရင်တော့ တစ်ခုမှမလုပ်ဘူး။ အဓိကကတော့
ဒီအလုပ်ပဲဖြစ်ဖြစ်၊ ဘယ်အလုပ်မဆို စိတ်ထဲမှာ ထားပြီးတော့လုပ်တယ်။
အခုရောက်ရှိနေတဲ့ နေရာလေးကိုတော့
ကျေနပ်အားရမှုကတော့ ၁ဝဝရာခိုင်နှုန်း
မဟုတ်ပေမယ့် အသင့်အတင့်လောက်ပဲ ရှိပါသေးတယ်" လို့ ပြောပါတယ်။
တွယ်တာ
Popular Journal
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
September
(42)
-
▼
Sep 26
(9)
- သီတင်းကျွတ်မှာ သီချင်းခွေ ထွက်တော့မယ့် နေတိုး
- အခွင့်အရေးရတိုင်း မယူဘူးဆိုတဲ့ မိုးဟေကို
- အောင်ရဲလင်းရဲ့ ဒီဇိုင်းတွေကို ပထမဆုံးပြောင်းလဲပေးတ...
- လူမင်းနှင့် ရိုက်ကူးမည့်ကားတွင် သရုပ်ဆောင်ရသည့်အခန...
- ကြက်တောင်ရိုက် အားကစားနည်းနဲ့ ခင်ဝင့်ဝါ
- စပျစ်သီးမှ ကုသပေးသော ရောဂါများ
- ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြော ပိတ်ဆို့မှုကို ...
- ထူးထူးခြားခြား နဖူးပေါ်မှာ နှာခေါင်းလာပေါက်သူ
- မြန်မာနိုင်ငံကူးလက်မှတ်အတုနဲ့ အလုပ်သမားတွေ ဖမ်းမိ
-
▼
Sep 26
(9)
-
▼
September
(42)