အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

01 June, 2013

ယနေ့ ကင်မရာများထက် အဆ ၁ထောင်သာသော Sensor တီထွင် အောင်မြင်

စင်္ကာပူ နန်ယန်း နည်းပညာ တက္ကသိုလ် (NTU) က ကျောင်းသားနဲ့ ဆရာတို့ ပါဝင်တဲ့ သုတေသန အဖွဲ့က တီထွင်အောင်မြင်တာပါ။တကယ်ပဲ ယနေ့လက်ရှိ အသုံးပြုနေတဲ့ ကင်မရာက Sensor များထက် အဆ တစ်ထောင် ကြည်လင်ပြတ်သားမှာ ဖြစ်ပါတယ်။ ဒါဆိုရင် မျက်လုံး အမြင်နဲ့တောင် မြင်ရသလောက် ဓာတ်ပုံ ဗီဒီယို resolution ပေးနိုင်မှာပါ။ အသုံးပြုတဲ့ သတ္တုကတော့ Graphene ဖြစ်ပါတယ်။ ကာဘွန်အက်တမ် ဖွဲ့စည်း ထားတဲ့ သတ္တုတစ်မျိုးပါ။ ဆံပင်ထက်တောင် အဆပေါင်း များစွာပါးပြီး အီလက်ထရွန်ဖြာထွက်မှုကြောင့် ကင်မရာမှာ Sensor အနေနဲ့ တပ်ရင် စွမ်းဆောင်ရည် အများကြီးပေးပါတယ်။

ယနေ့အသုံးပြုနေတဲ့ Sensor များထက်လည်း ဘက်ထရီး အသုံးပြုမှု ၁၀ ဆ လောက်သက်တယ်လို့ ဆိုပါတယ်။ ကုန်ကျစရိတ်လည်း သက်သာ မယ်ဆိုတော့ အောင်အောင်မြင်မြင်တွေ့ရှိထားတဲ့ နည်းပညာ တစ်ခုပါ။ ဒီဂျစ်တယ် ကင်မရာများအပြင် စမတ်ဖုန်းတွေမှာပါ အသုံပြုလို့ ရအောင် နှစ်အနည်းငယ်အတွင်း ကြိုးစား ဖန်တီးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: Cnet

Aung Kham (TSJ team)
TechSpace Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...