အာရှယူ-၁၄
ဘောလုံးပြိုင်ပွဲ အာဆီယံဇုန် ခြေစစ်ပွဲစဉ်များ၏ တတိယမြောက်နေ့
ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာတွင် အုပ်စု(E) ပွဲစဉ်များမှ
ဖိလစ်ပိုင်အသင်းနှင့် မလေးရှား အသင်းတို့ ပွဲစဉ်တွင် မလေးရှားအသင်းမှာ
ပွဲချိန်ပြည့် ဖိအားပေး ကစားခဲ့ပြီး ၂-၀ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မလေးရှားအသင်းအတွက်ဂိုးများ ကို ပွဲချိန် ၃၅မိနစ်တွင် မလေးရှား ကွင်းလယ်လူ Aliff ၏ပေးပို့မှုမှတဆင့် ကွင်းလယ်လူ Izreen မှ ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယမြောက်ဂိုးကို ၅၇မိနစ်တွင် မလေးရှားတိုက်စစ်မှူး Fayyadh မှတစ်ကိုယ်တော် အစွမ်းဖြင့်သွင်းယူ အနိုင်ရရှိသွားခဲ့သည်။
ညနေ ၃နာရီခွဲတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် ဘရူနိုင်းအသင်းမှာ အရှေ့တီမော အသင်းကို အရပ်အမောင်း၊ ပြေးအားနှင့် ခြေစွမ်းပိုင်း ယှဉ်နိုင်ခဲ့ခြင်းမရှိဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ အရှေ့တီမောအသင်းသည် ဘရူနိုင်းအသင်းကို တစ်ဖက်သက် ဖိကစားပြီး (၁၄-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့၏ ပွဲစဉ်ကို ၃၁.၅.၂၀၁၃ ရက်နေ့၊ ယနေ့ည (၆း၀၀)နာရီတွင် ၀ဏ္ဏသိဒ္ဓိကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ကြရာ ဗီယက်နမ်အသင်းက အနိုင်ရရှိ ခဲ့သည်။ ဗီယက်နမ်အသင်းသည် ပွဲစသည်နှင့် မြန်မာအသင်းဘက်ကို ဖိအား ပေးကစားခဲ့ပြီး ဦးဆောင်ဂိုးစတင် ရရှိသွား ခဲ့သည်။ ဗီယက်နမ်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၂ မိနစ်တွင် Nguyen Van Thanh က ဂိုးစည်းထိပ်မှ အပြင်းကန်သွင်း သွားခဲ့သည်။ မြန်မာအသင်းမှ နောက်ခံလူ သက်ပိုင်ထွေး ညာတောင်ပံမှ ပေးပို့မှုကို အပိုင် ကန်သွင်းခဲ့သော်လည်း ဂိုးဘေးမှ ကပ်ထွက် သွားခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာကစားသမားများ အရှုံးဂိုးကို ချေပနိုင်ရန် ကြိုးစားခဲ့သော်လည်း ဗီယက်နမ်အသင်း၏ ခံစစ်ကြောင်း ကို ကျော်ဖြတ်နိုင်ခြင်း မရှိသည့်အတွက် ဂိုးမရရှိခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်အသင်းအတွက် ဒုတိယမြောက်ဂိုးကို ပွဲချိန် ၅၀မိနစ်တွင် ပင်နယ်တီမှ တဆင့် Nguyen Hong Son ကသွင်းယူ သွားခဲ့သည်။ ပွဲကစားချိန် ၅၇ မိနစ်တွင် မြန်မာအသင်းမှ တောင်ပံကစားသမား အောင်ဇင်မြင့်က ညာတောင်ပံမှ ထောင့်ဖြတ် ကန်သွင်းနိုင်သဖြင့် ချေပဂိုးရရှိခဲ့သည်။ ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရာတွင် ပွဲချိန် ၆၀ မိနစ်တွင် တိုက်စစ်မှူး Nguyen Van Thanh က တတိယမြောက်ဂိုး သွင်းယူနိုင်ခဲ့သဖြင့် ပွဲအပြီးတွင် မြန်မာအသင်း ဒုတိယမြောက် ရှုံးပွဲကြုံတွေခဲ့ရသည်။
ယနေ့ပွဲစဉ် ရလဒ်များ (31.5.2013)
Group E
Myanmar 1-3 Vietnam - 6:00PM Wanatheikdi(Full Time)
Timor Leste 14-0 Brunei Darussalm- 3:30PM Wanatheikdi(Full Time)
Philippines 0-2 Malaysia - 9:00AM Wanatheikdi(Full Time)
Group F
Cambodia 0-0 Laos- 6:00 PM Zayar Thiri (Full Time)
Singapore 0-0 Indonesia- 3:30 PM Zayar Thiri (Full Time)
Thailand 4-0 Bangladesh-9:00 AM Zayar Thiri (Full Time)
MFF
ညနေ ၃နာရီခွဲတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် ဘရူနိုင်းအသင်းမှာ အရှေ့တီမော အသင်းကို အရပ်အမောင်း၊ ပြေးအားနှင့် ခြေစွမ်းပိုင်း ယှဉ်နိုင်ခဲ့ခြင်းမရှိဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရခြင်း