သူ့ဘ၀ ခရီးကို ပြန်ကြည့်ရင် စိတ်ဒဏ်ရာ ဖြစ်စရာတွေ သိပ်များပါတယ်။
ရဲတိုက် ရဲ့ အဖိုးဘက်က အာရပ်သွေးပါတယ်။ ဒါကြောင့် သူ့ရုပ်သွင်က ကုလားဆန်နေတယ်။ အကြောင်းမသိသူတွေက ရဲတိုက်ကို အစ္စလာမ် ဘာသာ ကိုးကွယ်သူ လို့ ထင်တယ်။ ရဲတိုက် က မိရိုးဖလာ ဗုဒ္ဓ ဘာသာ ဖြစ်ပါတယ်။ သူ ပဉ္ဇင်း ခံတယ်။ ၀ိပဿ နာ တရား အားထုတ်တယ်။ ဒါပေမယ့် သူမျှော်လင့်ထားတဲ့ အေးချမ်းမှု တော့ ရဲတိုက်မရသေးဘူး။
ဧရာဝတီ မြစ်ဆုံမှာ တရုတ်တွေ ရေကာတာဆောက်မယ်ဆိုတော့ ဧရာဝတီ ရဲ့တန်ဖိုး ကို သတိပြုမိအောင် ရဲတိုက် က မိတ်ဆွေတွေ နဲ့အတူ ကင်မရာကိုင်ပြီး ဧရာဝတီ ကိုမှတ်တမ်းတင်တယ်။ မှတ်တမ်းစာအုပ်တစ်အုပ် ထုတ်ခဲ့တယ်။ ဧရာဝတီ မှတ်တမ်း ဓာတ်ပုံတွေကို ပြပွဲခင်းတော့ ဒေါ်အောင် ဆန်းစုကြည်တက်ရောက်တဲ့ ဖွင့်ပွဲမှာ ရဲတိုက် က အခမ်းအနားမှူး လုပ်ခဲ့တယ်။ အဲဒီတုန်းက သမ္မတ က မြစ်ဆုံ ရပ်ပါ့မယ် မပြောသေးဘူး။ နောက်တော့ ရပ်ထားပါ့မယ် ပြောလာရတယ်။
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်၊ လူတွေ စစ်ဘေး တိမ်းရှောင်ပြေးကြရတယ်။ ဒုက္ခမျိုးစုံ ကြုံကြရတယ်။ စာနာစိတ် နဲ့ ရဲတိုက် က စစ်မြေပြင်က ဒုက္ခသည် စခန်းတွေကို ကိုယ်တိုင်သွားပြီး အကူအညီတွေ အများကြီးပေးခဲ့တယ်။ ကချင် ဒုက္ခသည် စခန်းတွေ က ရဲတိုက် ဆိုရင် အားကိုး ချစ်ခင်တယ်။
အမျိုးသား ဒီမိုကရေးစီ အဖွဲ့ချုပ် ရွေးကောက်ပွဲဝင်မယ်ဆိုတော့ ရဲတိုက် က နိုင်ငံချစ်စိတ် ရှိတဲ့ အခြားအနုပညာရှင်တွေ နဲ့ လက်တွဲပြီး စည်းရုံးရေး ခရီးတွေ မှာ ပါဝင်ခဲ့တယ်။
၂၀၁၂ ခု ဇွန် လ ကချင်စစ်ပွဲ တစ်နှစ်ပြည့် အဖြစ် ငြိမ်းချမ်းရေးတောင်းဆိုတဲ့
ရဲတိုက်က သူ့မတည်ငွေတွေ ထည့် မိတ်ဆွေတွေကိုလည်း စည်းရုံ့းပြီး ရဲတိုက်ဖောင်ဒေးရှင်းကို တည်ထောင်တယ်။ သူ့ ရည်ရွယ်ချက် တစ်ခုကတော့ လေလွင့်လူငယ်လေးတွေ ကို အသက်မွေး ၀မ်းကျောင်း ပညာသင်ယူနိုင်အောင်ကူညီချင်
ရဲတိုက် ရဲ့ လုပ်ရပ်တွေကို အခြေခံ ပြီး သူ့ စိတ် သဘာဝ ကို ကျွန်တော် သုံးသပ်ကြည့်မိတယ်။ သူ ဘ၀ နာခဲ့တယ်။ သူများတွေကိုသူ့လို ဘ၀ မနာစေချင်ဘူး။ သူငယ်စဉ်ကတည်းက စိတ်ဒဏ်ရာ တွေ ရခဲ့တယ်။ ဒါတွေက သူသက်သာ ချင်တယ်။မငြိမ်းချမ်းမှူတွေ
ဘုရားရှင် တွေကတော့ မဟာ ကရုဏာ ရှင်တွေ မို့ ရဲတိုက် ကို တစ်နေ့နေ့ မှာ ငြိမ်းချမ်းမှု ပေးသနားပါလိမ့်မယ်။ ယခု အထိတော့ ရဲတိုက်ဟာ ကိုးကွယ်ရာ မဲ့နေသေးသူသာဖြစ်ပါတယ်။ သူတတ်စွမ်းနိုင် သလောက် ကောင်းကျိုးပြုထားတဲ့ လောကကြီးကလည်း သူ့ကို စောင့်ရှောက် ပါ လိမ့်မယ်။
ကျော်ရင်မြင့်
Cartoon Waiyan Taunggyi ဖေ့စ်ဘုတ်မှ-အလင်းရောင်ကြယ်များ