မြန်မာအမျိုးသမီးငါးဦး ဖွဲ့ စည်းထားတဲ့Me N Ma Girls အဖွဲ့က ‘မင်္ဂလာပါ’
ဆိုတဲ့ တေး အယ်လ်ဘမ်ကို မြန်မာပြည်တွင်း မှာ ဖြန့်ချိထားပြီး ၂ဝ၁၃ နှစ်
ဆန်းပိုင်းမှာတော့ အမေရိကန် အခြေစိုက် Power Music Record Label နဲ့
ချိတ်ဆက် မိခဲ့ပြီးတစ်နှစ်ခွဲ စာ ချုပ်ချုပ်ဆိုခဲ့ ကာအမေ ရိကမှာ
အသံသွင်းယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဧပြီလ ထဲမှာသွားခဲ့တဲ့ Me N Ma ရဲ့
အမေရိက
အသံသွင်းခရီးစဉ်မှာတော့Women in the world ဆိုတဲ့
အမျိုးသမီးများအခွင့်အရေး ဆိုင်ရာ ပွဲတစ်ခုလည်း ရှိနေတာကြောင့်
အဲဒီပွဲမှာဖျော်ဖြေရေးအနေနဲ့Me N Ma Girls အဖွဲ့ က သူတို့ရဲ့သီ ချင်းတွေနဲ့
ဝင်နွှဲခဲ့ပါသေးတယ်။ အမေရိကန်က Power Music နဲ့ ချိတ်ဆက် မိပုံနဲ့
ပတ်သက်ပြီး Me N Ma Girls အဖွဲ့က “ညီမ တို့ က’မင်္ဂလာ ပါ’ စီးရီး
ထုတ်ပြီးတဲ့အခါ You Tube မှာ လည်းတင်တယ်။
အွန်လိုင်းပေါ်မှာ လည်း ဖြန့်တယ်။ အဲဒီကနေမှ ညီမ တို့သီချင်းတွေကို
ကြည့်ဖြစ်တဲ့ နိုင်ငံ ခြားမီဒီယာတွေကတစ်ဆင့် ဒီမှာ အင်တာဗျူး တွေ
လုပ်ရင်းနဲ့ သူတို့ နိုင်ငံတွေမှာ ပြန်လွှင့်ရင်းနဲ့ ညီမတို့ အကြောင်းကို
အဲဒီက ပရိုဂျူဆာက သတိထားမိသွားတယ်။ အဲဒါနဲ့ ဆက်သွယ်လာရင်းနဲ့ တစ်နှစ်ခွဲ
စာချုပ် ချုပ်ဖြစ်သွားတာပါ” လို့ Me N Ma Girls အဖွဲ့က ပြောပါတယ်။
ချာချာ၊ ထိုက် ထိုက်၊ အမွန်း၊ ကီမီ၊ ဝေနှင်းတို့ငါးဦးနဲ့ ဖွဲ့
စည်းထားတဲ့..Me N Ma Girls အဖွဲ့ ယခင်နှစ် ပိုင်းမှာကတော့ Tiger Girls
ဆိုတဲ့ နာမည် နဲ့ ပွဲထွက်လာခဲ့တာပဲဖြစ်ပါ တယ်။ Tiger Girl အနေနဲ့
ဖွဲ့စည်း စဉ်မှာတော့ သူတို့အဖွဲ့ဟာ ကော်ပီ သီချင်းများကိုသာ အဓိကထားသီဆို
ခဲ့ပြီး သူတို့ရဲ့ ကိုယ်ပိုင်ဖန်တီးမှုတွေ ကို ပြချင်တဲ့အတွက်Me N Ma လို့
ထပ်မံဖွဲ့စည်းပြီး အားသစ်လောင်းခဲ့ တာဖြစ်ပါတယ်။
”Tiger Girls မှာတုန်းက ပရို ဂျူဆာစိတ်ကြိုက်သီချင်းတွေပဲ ဆိုခဲ့ ကြတယ်။
ညီမတို့က Level အထိ သွားချင်တဲ့အခါကျ တော့ ပရိသတ်တွေက လည်း ပြော တယ်။
နင်တို့က International အထိသွားချင်တယ်သာပြောတယ်။
ကော်ပီတွေပဲဆိုနေတာပဲတဲ့။ဒါပေမဲ့ အခွင့်သာတဲ့တစ်နေ့ကျရင် Own Creation
လုပ်မယ်ဆိုပြီး တွေးထား တယ်။ အဲဒါနဲ့ တစ်နှစ်ပြည့်တဲ့အခါ
ကိုယ့်ဘာသာလုပ်ဖြစ်တယ်။ အဲဒီ အချိန်မှာ ညီမတို့ငါးယောက်စလုံး ဘာမှမရှိဘူး။
အဲဒီတော့ ဆက်လုပ် ကြမလား၊ ခွဲကြမလားဆိုတော့ အားလုံးသွားချင်တဲ့ Original
သီချင်းတွေ ချမပြရသေးဘူး။ အဲဒီ တော့ ငါတို့ အားလုံး ကိုယ်ပိုင်သီချင်း နဲ့
မားမားမတ်မတ်ချပြကြမယ်ဆို ပြီး ရှိတာလေးတွေကုပ်ကပ်ပြီး Me N Ma ကို
လုပ်လာကြတယ်။ စိတ်ဓာတ် မကျဘဲနဲ့ ကိုယ်ပိုင်သီချင်းတွေလုပ်ပြ ခဲ့လို့
အင်တာနေရှင်နယ်အထိ သွား ခွင့်ရခဲ့တယ်ထင်တယ်” လို့ Me N Ma
အဖွဲ့ကပြောပါတယ်။ Me N Ma အဖွဲ့က အခုဆိုရင် ပြည်ပမှာ သီချင်း ၃ ပုဒ်
အသံသွင်းယူခဲ့ပြီဖြစ် ပြီးWomen in the world ပွဲမှာ ဖျော်ဖြေခဲ့တဲ့ Girl
Strong ဆိုတဲ့ သီချင်းကတော့ အမျိုး သမီးတွေရဲ့ စွမ်းအားကိုပြသတဲ့
သီချင်းမျိုးလည်း ဖြစ်ပါတယ်။Me N Ma အဖွဲ့အနေ နဲ့ ဖြစ်ပေးလာတာက
အမျိုးသမီးတွေ ရဲ့ စွမ်းဆောင်ရ ည် ဘယ်လောက်ထိ ရှိတယ်ဆိုတာကို
ပြသဖို့နဲ့အဖွဲ့ဝင် အားလုံးကလည်း အမျိုးသမီးဝါဒီ ထက်သန်သူတွေဖြစ်ပါတယ်။
ပြည်ပမှာလည်းအမျိုးသမီး ဆိုင် ရာအခွင့်အလမ်းတွေအတွက်
သူတို့အဖွဲ့ဟာအသိအမှတ်ပြု မှုကိုရရှိနေပြီဖြစ်ပါတယ်။အမျိုး
သမီးစွမ်းအားအတွက် ရည်စူး စပ်ဆိုထားတဲ့ Girl Strong ဆိုတဲ့သီချင်းက
အင်တာနက်က i tune မှာ လည်းတင်ထားပြီး ပြီဖြစ်ပြီးဝယ်ယူကြည့်ရှု နား ဆင်ကြသူ
တွေမျာြး ပားကြောင်း လည်းသိရပါတယ်။ လတ်တ လောမှာတော့ Me N Ma အဖွဲ့က ပြည်ပ
မှာသွင်းယူခဲ့တဲ့ သီချင်းတွေကိုအမ်တီဗီရိုက်ဖို့ အတွက်ပြင် ဆင်နေပြီး
လအနည်း ငယ်အတွင်းမှာပြည်ပကို ပြန် သွားဖို့ရှိတယ်လို့လည်း သိရ ပါတယ်။ Me N
Maအနေ နဲ့ကပြည်ပမှာအသံသွင်း ယူမှု တွေပြု လုပ်နေပေမယ့် သူတို့ရဲ့
သီချင်းတွေကိုမြန်မာ ပရိသတ် တွေအနေနဲ့လည်း နားဆင် ဝေဖန်ပေးစေချင်ကြ တယ်လို့
လည်းပြောခဲ့ပြီး ဘယ်ကိုပဲ ရောက်ရောက်ကိုယ်က မြန်မာ လူမျိုး၊ မြန်မာအ
မျိုးသမီး တွေဖြစ်တယ်ဆိုတာကိုတော့ ဘယ်တော့မှ မမေ့တဲ့ အတွက် ကြောင့်လည်းအား
လုံး ကသတိ ထားမိသွားတယ်လို့ပြော ပါတယ်။
ရဲရဲ - Popular Journal
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
June
(712)
-
▼
Jun 20
(41)
- မြန်မာမိန်းကလေး ၃ ဦးကို ပြည့်တန်ဆာအဖြစ်ရောင်းချသူ ...
- ရိုးလ် ကုန်တိုက်ဟောင်း အဆောက်အအုံကို ဧရာဝတီဘဏ် ရုံ...
- "... အပါယ်ကျတတ်သော အလှူ ၁၀ ပါး ..."
- မြစ်ကြီးနား စစ်ဘေးရှောင်ကျောင်းများသို့ အမျိုးသားပ...
- မွေးနေ့ရှင် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)
- သံဈေးတတိယထပ်ရှိ ဘိလိယက်နှင့်စနူကာဆိုင် ၀ါယာရှေြာ့...
- ရန်ကုန် မြစ်ဖြတ် ချစ်ကြည်ရေးတံတား တောင်ကိုရီးယား လ...
- ကမ္ဘာ့ အရှည်ဆုံးနှင့်အကျယ်ပြန့်ဆုံး ပင်လယ်ဖြတ်ကူး သ...
- သခွားမွှေးသီး၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး
- ၂ဝ၁၄ ဖီဖာ ကမ္ဘာ့ဖလား ပွဲအတွက် နေရာ တစ်နေရာရရှိခဲ့ြ...
- ဥရောပယူ-၂၁ ချန်ပီယံဘွဲ့ စပိန် ထပ်မံ ဆွတ်ခူး
- ပျက်စီး ထားဝယ်ကားဝင်း မပြုပြင်နိုင်သေး
- နှင်းဆီခရီးသည်များ ဇွန်လကုန် စင်ကာပူ၌ ဖျော်ဖြေပွဲ ...
- မိုးအကုန်မှာ တစ်ကိုယ် တော် အခွေထွက်မယ့် သန္တာဗို
- နာဂရုပ်ရှင်ဇာတ်ကားအတွက် ပြင်ဆင်နေသူ နာဂတိုင်းရင်းသ...
- တရုတ်-မြန်မာချစ် ကြည်ရေးအတွက် တရုတ်ဇာတ်လမ်းတွဲ မှာ...
- တစ်ကိုယ်တော်အခွေကို အမြန်ဆုံးထွက်ချင်နေတဲ့ နန်းဆုရ...
- သီချင်းတစ်ပုဒ်က ခံစားချက်ပါမှ ရင်ထဲထိတယ်ဆိုတဲ့ ခင်...
- ပြည်ပဖျော်ဖြေပွဲတွေမှာ မြန်မာ အမျိုးသမီး စွမ်းရည်ေ...
- ဘာသာမတူပေမယ့် နှစ်ယောက်လုံး အဆင်ပြေအောင် နေသွားမှာ...
- ရာဇာနေဝင်း တစ်ကိုယ်တော် Live Show ခွေထွက်မည်
- မိုးပန်းပွင့်ရဲ့ သင်္ကေတရုပ်ရှင်အတွက် ကြိုတင်ရင်ခုန်...
- အသက်မပြည့် ပြည့်တန်ဆာနှင့် ဆက်ဆံမှုဖြင့် ဘန်ဇီးမားန...
- မန်မာ အလုပ်သမားများ ဌာနေပြန်ခွင့်အတွက် လာဘ်ယူမှုတွင...
- ရဲစခန်းများအား ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ရန် ...
- ခင်ဦးမြို့နယ်တွင် မိုးရွာသွန်းမှု နည်းပါးခြင်းကြော...
- ကျောက်ဖြူရှိ ရခိုင်ဒုက္ခသည်များ အသက်မွေးဝမ်းကျောင်း...
- မန္တလေး နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် တစ်ရက်...
- အိန္ဒိယ-မြန်မာ နယ်စပ်၌ ၀က်နားရွက်ပြာရောဂါ ဖြစ်ပွားေ...
- ဘရာဇီးက ဆန္ဒပြပွဲတွေအတွက် ကျွန်တော် ၀မ်းနည်းပါတယ်--...
- ကျပ်တစ်သိန်းတန်ခံဝန်ဖြင့် တော်ဝင်အလုပ်သမများ အာမခံ...
- စစ်တွေ တက္ကသိုလ် ပတ်ပတ်လည်တွင် တဲထိုးနေထိုင်သော ဒုက...
- FEC တွေ သတ်မှတ်ကာလအတွင်း အပ်နှံ/ လဲလှယ်ရန် ထပ်မံ သ...
- ဗွေဆော်ဦး ၅ပွဲကြောင့် လှိုင်းထန်သွားနိုင်တဲ့ မိုရက...
- ထိုင်းက ဖမ်းထားသူတွေ မြန်မာပြည်က ဟုတ်မဟုတ် စစ်ဆေးမယ်
- ဒေါ်စုမွေးနေ့ကို ပြည်တွင်း၊ ပြည်ပမှာ ကျင်းပခဲ့ကြ
- တာလီဘန်အဖွဲ့နဲ့ အမေရိကန်တို့ ဒီကနေ့ တွေ့ဆုံမယ်
- ကလေးငယ် ၁၁ ဦးကို အဓမ္မပြုကျင့်သူ သေဒဏ်အမိန့်ချ
- ကဲ…ကျန်းမာရေး အမြင်နဲ့ပဲ ကြည့်ရ အောင်နော်
- မောင်တောမြို့နယ်အတွင်း ဘင်္ဂါလီများ မီးရှို့ဖျက်ဆီးခ...
- ဘန်ကောက်ကားပြပွဲ
-
▼
Jun 20
(41)
-
▼
June
(712)