အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

20 June, 2013

နှင်းဆီခရီးသည်များ ဇွန်လကုန် စင်ကာပူ၌ ဖျော်ဖြေပွဲ ပြုလုပ်မည်

နာမည်ကျော် အနုပညာရှင်များစွာ ပါဝင်သော နှင်းဆီ အငြိမ့်အဖွဲ့သည် ဇွန်လ ၃၀ ရက်နေ့တွင် စင်ကာပူနိုင်ငံKallang Theatre ၌ နှင်းဆီခရီးသည် များ အမည်ဖြင့် ဖျော်ဖြေပွဲ ပြုလုပ်မည်ဖြစ်ကြောင်း Myanma Altitude Art Media & Entertainment မှ တာဝန်ရှိသူ ဦးကင်းကောင်က ပြောကြားသည်။
အဆိုပါပွဲတွင် နှင်းဆီအဖွဲ့၏ ဖျော်ဖြေ တင်ဆက်မှုများအပြင် ဇာတ်မင်းသား
တင်မောင်ဆန်းမင်းဝင်း၊ ယူရေနီယံ အကအဖွဲ့၏ ကပြမှုများ၊ ဝါဆိုမိုးဦး၊ သန္တာဗိုလ်တို့၏ ဖျော်ဖြေမှုများ

ပါဝင်မည်ဖြစ်ကြောင်း၊ ထို့နောက် စင်ကာပူ ခရီးစဉ်ပြီးလျှင် နှင်းဆီခရီးသည် နာမည်ဖြင့် ကပြခဲ့သည့် ပွဲစဉ်များကို အပြည့်အစုံ ကြည့်ရှုနိုင်စေရန် ပြန်လည် ထုတ်လုပ် ဖြန့်ချိ သွားမည် ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရန် စီစဉ်သူ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ပြောကြားသည်။

"ဒီပွဲမှာ အစ်မတို့က အရင်ကပြတဲ့ သီချင်းတွေနဲ့ပဲ ကပြမှာပါ။ မြန်မာနိုင်ငံကို
လာရောက် လည်ပတ်တဲ့ ခရီးသည်တွေအတွက် ရေးစပ်ထားတဲ့ သီချင်းလေး နဲ့ ကပြမှာပါ။ အစ်မ အရင်ကတော့ ယိမ်းအဖွဲ့ပါတယ်။ အခု စင်ကာပူကို သွားတော့ ယိမ်းအဖွဲ့ မပါတော့ဘူးလေ။ အဲဒါကြောင့် အကပြန်ပြီးတော့ တိုက်နေရတယ်။ အစ်မတို့ ၂၈ ရက်နေ့ သွားပြီးတော့ ၁ ရက်နေ့ကို ပြန် လာကြမယ်" ဟု နှင်းဆီအဖွဲ့မှ သရုပ်ဆောင် မေကဗျာက The Voice သို့ ပြောကြားသည်။

အဆိုပါပွဲအတွက် လက်မှတ်များကို ရနံ့သစ် စားသောက်ဆိုင်၊ မန္တလေးစတိုင်
စားသောက်ဆိုင်၊ သပြေနု (စင်ကာပူ) စသည်တို့တွင် ဝယ်ယူနိုင်ပြီး လက်မှတ် ဈေးနှုန်းများမှာ ထိုင်ခုံနေရာအလိုက် စင်ကာပူဒေါ်လာ ၃၉၊ ၄၉၊ ၅၉၊ ၆၉၊ ၉၉ အသီးသီး သတ်မှတ်ထားကြောင်း၊ လာရောက် ကြည့်ရှုသူ များကိုလည်း လက်ဆောင်ပစ္စည်းများနှင့် ကံစမ်းမဲများ ဖောက်ပေးမည်ဖြစ်
ကြောင်း Myanma Altitude Art Media & Entertainment မှ တာဝန်ရှိသူ ဦးကင်းကောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ကပြခဲ့သော နှင်းဆီခရီးသည် အငြိမ့်တွင် အချိန် မိနစ် ၄၀ စာ ခိုးကူးခွေများ ထွက်ရှိခဲ့ပြီး ၎င်းတို့ ကပြခဲ့ချိန်မှာ လေးနာရီ ကြာမြင့်ကြောင်း၊ ထိုအခွေကို ကြည့်ရှုခဲ့သော ပရိသတ်များ အသစ်ပြန်လည် ကြည့်ရှုနိုင်ရန် ယင်းမိနစ် ၄၀ စာ ပြက်လုံးများကို အသစ်ပြန်လည် ပြုပြင် ထည့်သွားမည်ဖြစ်ကြောင်း၊ အငြိမ့် ကပြမှုများကို ယခင် ကပြခဲ့သည့်အတိုင်း သာ ပြန်လည် ကပြမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရန် စီစဉ်သူ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) က ပြောကြားသည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...