အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

20 June, 2013

ဒေါ်စုမွေးနေ့ကို ပြည်တွင်း၊ ပြည်ပမှာ ကျင်းပခဲ့ကြ

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က ကျရောက်ခဲ့တဲ့ အတိုက်အခံ အမျိုးသားဒီမိုကရေစီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၆၈ နှစ်ပြည့်မွေးနေ့ကို မြန်မာနိုင်ငံမှာ NLD ပါတီက ခမ်းခမ်းနားနားကျင်းပခဲ့ကြသလိုပဲ ပြည်ပနိုင်ငံတချို့မှာလည်း ကျင်းပမှုတွေရှိခဲ့ပါတယ်။
သြစတြေးလျနိုင်ငံမှာလည်း မြန်မာနိုင်ငံဖွားတချို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်

ကျင်းပမှုတွေလည်း ရှိခဲ့ပါတယ်။

ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကို NLD ပါတီဝင်တွေ၊ နိုင်ငံရေးပါတီတွေကသူတွေ၊ နိုင်ငံခြားသံတမန်တွေ၊ အနုပညာအသိုင်းအဝိုင်းကသူတွေနဲ့ သတင်းသမားတွေ တက်ရောက်ခဲ့ကြပါတယ်။

အင်တာနက်ပေါ်က လူမှုကွန်ယက်ဝဘ်ဆိုက်တွေမှာ အထူးသဖြင့် Facebook ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဆုတောင်းပေးကြတာတွေ၊ ဓါတ်ပုံတွေ ဖြန့်ဝေကြတာတွေနဲ့ စာတိုစာရှည်တွေ၊ ကဗျာတွေရေးထားကြတာတွေကိုလည်း တွေ့နေရပါတယ်။

အဲ့ဒါအပြင် ဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ကို ရည်စူးပြီး သံဃာတော်တွေအပါအဝင် ရာနဲ့ချီတဲ့သူတွေက ရန်ကုန်မြို့မှာ သွေးလျှူဒါန်းခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဇွန်လ ၁၉ ရက်နေ့မှာ မွေးဖွားခဲ့တဲ့တခြား သမိုင်းမှာနာမည်ထင်ရှားရှိခဲ့သူတွေကတော့ စကော့လူမျိုး ဂျိမ်းဟမ်မီလ်တန်၊ အမေရိကန်ကဝဘ်သိပ္ပံတည်ထောင်သူ ဝီလီယံအိပ်ခ်ျဝဘ်၊ ဗြိတိန်လူမျိုး နိုဘယ်ဆုရှင် ဆိုင်ရယ်နော်မန်ဟင်ရှယ်ဝုဒ်၊ အမေရိကန်က နိုဘယ်ဆုရှင် ပေါလ်ဖလိုရီ၊ အိန္ဒိယလူမျိုး စာရေးဆရာ ဆယ်မန်ရပ်ရှ်ဒီ စတဲ့သူတွေ ဖြစ်ကြပါတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်တဲ့ ဦးဂမ္ဘီရဟာလည်း ဇွန်လ ၁၉ ဖွားဖြစ်တယ်လို့ အင်တာနက်စာမျက်နှာတချို့မှာ ဖေါ်ပြထားကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၆၇ နှစ်ပြည့်ခဲ့စဉ်တုန်းက ဥရောပခရီစဉ် လှည့်လည်နေစဉ်ဖြစ်တဲ့အတွက် မွေးနေ့အခမ်းအနားကို ကိုယ်တိုင် ခမ်းခမ်းနားနား ကျင်းပနိုင်ခြင်း မရှိခဲ့ကြောင်းလည်း သိရပါတယ်။

radioaustralia
ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ကိတ်များ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...