အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

20 June, 2013

မောင်တောမြို့နယ်အတွင်း ဘင်္ဂါလီများ မီးရှို့ဖျက်ဆီးခဲ့သည့် မောရ၀တီကျောင်း အပါအ၀င် စာသင်ကျောင်း သုံးကျောင်းအား ပြန်လည်တည်ဆောက်မည်

မောရ၀တီ အ.မ.က ကျောင်းအား အင်ဒိုနီးရှားမှ လှူဒါန်းသည့်ငွေဖြင့် တည်ဆောက်တော့မည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။ "မောင်တောမှာက မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကျောင်းနှစ်ကျောင်းနဲ့ ဖျက်ဆီးခံခဲ့ရတဲ့ စာသင်ကျောင်း တစ်ကျောင်းရှိတယ်။ အခုနှစ်မှာ ကျောင်းသုံးကျောင်းလုံး တည်ဆောက်တော့မှာ ဖြစ်တယ်။ များမကြာမီမှာ အော်ဒါထွက်တော့မယ်။ ကျောင်းသုံးကျောင်းထဲက မောရ၀တီကျောင်းကို သိန်း
၂၀၀၀ ကျော် အကုန်အကျခံပြီး အင်ဒိုနီးရှား အလှူငွေနဲ့ တည်ဆောက်မယ်လို့ ပြည်နယ်အစိုးရ အဖွဲ့က စီစဉ်နေပါပြီ။ ကျန်နှစ်ကျောင်းကိုလည်း ပညာရေးဌာနက တည်ဆောက်တော့မယ်" ဟု ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှထွန်းစိန်က ပြောကြားသည်။

၂၀၁၂ ခုနှစ် ဇွန် ၈ ရက်တွင် မောင်တောမြို့နယ်အတွင်း ဘင်္ဂါလီများက အုပ်စုဖွဲ့ကာ တိုင်းရင်းသား ကျေးရွာများအား မီးရှို့ရာတွင် မောရ၀တီကျေးရွာ စာသင်ကျောင်း၊ ဗောဓိကုန်းကျေးရွာ စာသင်ကျောင်းတို့ မီးရှို့ခံခဲ့ရပြီး ကံသာယာကျောင်းမှာ ဖြိုချဖျက်ဆီး ခံခဲ့ရကြောင်း သိရသည်။ ၎င်းအပြင် ဆရာတစ်ဦး အသတ်ခံခဲ့ရပြီး တာဝန်ကျ ဆရာဆရာမများလည်း ထွက်ပြေးခဲ့ရကြောင်း သိရသည်။

အဆိုပါ ကျေးရွာများတွင် ကျောင်းသူကျောင်းသားများ စာသင်ကြားရေးများကို ယာယီကျောင်းဆောင်များဖြင့် စာသင်ကြားလျက် ရှိကြောင်းလည်း သိရသည်။ လက်ရှိ အနေအထားတွင် မောင်တောခရိုင်အတွင်း ဘင်္ဂါလီ ကျေးရွာများရှိ အခြေခံပညာ စာသင်ကျောင်းများသို့ တာဝန်ထမ်းဆောင်ရန် တိုင်းရင်းသား ဆရာ၊ ဆရာမများ သွားရောက် တာဝန်ထမ်းဆောင်ရန် ယုံကြည်မှု မရှိသေးသဖြင့် လုံခြုံရေးဖြင့် ကျောင်းဖွင့်နေရကြောင်းလည်း မောင်တောမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

EMG

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...