အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

26 July, 2014

ထိုင်းနိုင်ငံတွင်း ဗီဇာ သက်တမ်းကျော်နေသူများအတွက် ပြစ်ဒဏ် ထုတ်ပြန်

Photo: ထိုင်းနိုင်ငံတွင်း ဗီဇာ သက်တမ်းကျော်နေသူများအတွက် ပြစ်ဒဏ် ထုတ်ပြန်
Tuesday, July 22, 2014

ထိုင်းနိုင်ငံမှာ မေလ ၂၂ ရက်နေ့က စစ်တပ်
 က အာဏာအရပ်ရပ်ကို တာဝန်ယူပြီးနောက်ပိုင်း နိုင်ငံတွင်း တရားမ၀င် နေထိုင်သူ နိုင်ငံခြားသားများ အဆုံးသတ်ရေး နှိပ်နင်းမှုများ လုပ်ဆောင်လာနေရာ ဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့ မှာလည်း ထိုင်း လူဝင်မှု ကြီးကြပ်ရေး ဥပဒေချိုးဖောက်သူများနှင့်သက်ဆိုင် သည့် 
ကြေညာချက် တစောင် ထုတ်ပြန်ပါတယ်။
ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဥပဒေကို ချိုးဖောက်ကာ နိုင်ငံတွင်း နေထိုင်မှု သတ်မှတ် ကာလ ကျော်လွန်သွား ရင် ဘယ် လို ပြစ်ဒဏ်တွေ ရှိတယ် ဆိုတာ ဒီကနေ့ ထိုင်းဘုရင့် နိုင်ငံတော် လူဝင်မှု ကြီးကြပ် ရေး ဗဟို အဖွဲ့က ဒီကနေ့ နေ့စွဲနဲ့ သတိပေးချက် ထုတ်ပြန်ထားတာကို ဘန်ကောက် လ၀က အင်တာနက်စာမျက်နှာ မှာ ဖော်ပြထားပါတယ်။ 
ထိုင်းနိုင်ငံတွင်း သတ်မှတ်နေထိုင်ခွင့်ကာလ ထက် ရက် ၉၀ ကျော် ပိုနေရင် ထိုင်းနိုင်ငံကို ပြည်ဝင်ခွင့် ဗီဇာ ၁ နှစ်ပိတ် ပင်မှာ ဖြစ်ပြီး တနှစ်ကျော် ပိုမိုနေထိုင်သူအတွက် ပြည်ဝင်ခွင့် ၃ နှစ်ပိတ်ပင် ခံရမှာဖြစ်ပြိး ၃ နှစ်ကျော် နေထိုင်သူအ တွက် ပြည်ဝင်ခွင့် ၅ နှစ်၊ ၅ နှစ်ကျော် နေထိုင်သူအတွက် ပြည်ဝင်ခွင့် ၁၀ နှစ် အသီးသီး ပိတ်ပင်သွားမှာဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံတွင်း အမှုတခုခုဖြင့် ဖမ်းဆီးခြင်းခံရသူ နိုင်ငံခြားသားများ အနေဖြင့် တနှစ် အောက် သတ် မှတ် ဗီဇာ ကျော်လွန်နေထိုင်သူအတွက် ထိုင်းနိုင်ငံက ပြည်ဝင်ခွင့် ၅ နှစ်၊ ၁ နှစ်ကျော် ကြာ ကျော်လွန်နေထိုင်သူ များ အတွက် နိုင်ငံသို့ ပြန်လည် ပြည်ဝင်ခွင့် ၁၀ နှစ်ကြာ ပိတ်ပင် တားမြစ် သည့် ပြစ်ဒဏ် သတ်မှတ်
ကြောင်းလည်း ကြေညာချက်က ဆိုပါတယ်။

အိမ့်သံစဉ် ~(ဧရာဝတီ)
ထိုင်းနိုင်ငံမှာ မေလ ၂၂ ရက်နေ့က စစ်တပ်
က အာဏာအရပ်ရပ်ကို တာဝန်ယူပြီးနောက်ပိုင်း နိုင်ငံတွင်း တရားမ၀င် နေထိုင်သူ နိုင်ငံခြားသားများ အဆုံးသတ်ရေး နှိပ်နင်းမှုများ လုပ်ဆောင်လာနေရာ ဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့ မှာလည်း ထိုင်း လူဝင်မှု ကြီးကြပ်ရေး ဥပဒေချိုးဖောက်သူများနှင့်သက်ဆိုင် သည့် 
ကြေညာချက် တစောင် ထုတ်ပြန်ပါတယ်။ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဥပဒေကို ချိုးဖောက်ကာ နိုင်ငံတွင်း နေထိုင်မှု သတ်မှတ် ကာလ ကျော်လွန်သွား ရင် ဘယ် လို ပြစ်ဒဏ်တွေ ရှိတယ် ဆိုတာ ဒီကနေ့ ထိုင်းဘုရင့် နိုင်ငံတော် လူဝင်မှု ကြီးကြပ် ရေး ဗဟို အဖွဲ့က ဒီကနေ့ နေ့စွဲနဲ့ သတိပေးချက် ထုတ်ပြန်ထားတာကို ဘန်ကောက် လ၀က အင်တာနက်စာမျက်နှာ မှာ ဖော်ပြထားပါတယ်။ 
ထိုင်းနိုင်ငံတွင်း သတ်မှတ်နေထိုင်ခွင့်ကာလ ထက် ရက် ၉၀ ကျော် ပိုနေရင် ထိုင်းနိုင်ငံကို ပြည်ဝင်ခွင့် ဗီဇာ ၁ နှစ်ပိတ် ပင်မှာ ဖြစ်ပြီး တနှစ်ကျော် ပိုမိုနေထိုင်သူအတွက် ပြည်ဝင်ခွင့် ၃ နှစ်ပိတ်ပင် ခံရမှာဖြစ်ပြိး ၃ နှစ်ကျော် နေထိုင်သူအ တွက် ပြည်ဝင်ခွင့် ၅ နှစ်၊ ၅ နှစ်ကျော် နေထိုင်သူအတွက် ပြည်ဝင်ခွင့် ၁၀ နှစ် အသီးသီး ပိတ်ပင်သွားမှာဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံတွင်း အမှုတခုခုဖြင့် ဖမ်းဆီးခြင်းခံရသူ နိုင်ငံခြားသားများ အနေဖြင့် တနှစ် အောက် သတ် မှတ် ဗီဇာ ကျော်လွန်နေထိုင်သူအတွက် ထိုင်းနိုင်ငံက ပြည်ဝင်ခွင့် ၅ နှစ်၊ ၁ နှစ်ကျော် ကြာ ကျော်လွန်နေထိုင်သူ များ အတွက် နိုင်ငံသို့ ပြန်လည် ပြည်ဝင်ခွင့် ၁၀ နှစ်ကြာ ပိတ်ပင် တားမြစ် သည့် ပြစ်ဒဏ် သတ်မှတ်
ကြောင်းလည်း ကြေညာချက်က ဆိုပါတယ်။

အိမ့်သံစဉ် ~(ဧရာဝတီ)
 

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...